“နိုင္ငံေတာ္ရဲ႕ အေျခခံလူတန္းစားေတြကို ေထာက္ပံ့ကူညီမယ့္ အစီအစဥ္မွာ သိန္း(၁၀၀)တိတိကို ပါဝင္ကူညီလွဴဒါန္းခဲ့တဲ့ ေနတိုး”

ျမန္မာနိုင္ငံရဲ႕ နာမည္ႀကီး မင္းသားေတြထဲက တစ္ဦးအပါအဝင္ျဖစ္တဲ့ မင္းသားေနတိုးကိုေတာ့ Cele Connections ပရိသတ္ႀကီးလည္း ခ်စ္ခင္ ရင္းႏွီးၿပီးသားျဖစ္မယ္ ထင္ပါတယ္ေနာ္..။ က်ရာဇာတ္ရုပ္တိုင္းကို ေဆးစက္က်ရာ အရုပ္ထင္ဆိုသလို ကာရိုက္တာတိုင္းအတြက္ ပီျပင္ေအာင္ သရုပ္ေဆာင္နိုင္တဲ့ မင္းသားတစ္လက္ျဖစ္ၿပီး အနုပညာနဲ႕ ပတ္သက္ရင္ ဘယ္က႑ကမဆို ကၽြမ္းက်င္တဲ့ အနုပညာရွင္တစ္ဦးလို႕ ေျပာရင္လည္း မွားမယ္ မထင္ပါဘူး..။ ပရဟိတနဲ႕ လူမႈေရးလုပ္ငန္းေတြမွာ တတ္အားသေရြ႕လည္း ပါဝင္လုပ္ေဆာင္တတ္သူ တစ္ဦးလည္း ျဖစ္ပါေသးတယ္..။

 

 

ဒီေန႕ ဧၿပီလ (၇)ရက္ေန႕မွာေတာ့ ေနတိုးက “ပရိသတ္မ်ားအားလုံးမဂ္လာပါခင္ဗ်ာ..COVID-19 ကာကြယ္ထိန္ခ်ဳပ္ေရးနဲ႔ ဆက္စပ္၍ အေရးႀကီးကာလအတြင္း ပုံမွန္ဝင္ေငြမရွိေသာ အေျခခံလူတန္းစားမ်ားအတြက္ အိမ္ေထာင္စု(၁)စုလွ်င္ ဆန္(၈)ျပည္၊ ဆီ(၅၀)က်ပ္သား ၊ ဆား(၅၀)က်ပ္သား ၊ ပဲ(၁) ပိႆာ၊ ၾကက္သြန္(၁) ပိႆာ စုစုေပါင္း ေထာက္ပံ့ကူညီမႈ(၅)မ်ိဳးစီကို (၂၀၂၀)ျပည့္ႏွစ္ ဧၿပီလ( ၁၀)ရက္ေန႔မွစတင္၍အခမဲ့ ျဖန္႔ျဖဴးေထာက္ပံ့ေပးမည္ ဆိုတာသိရလို႔ အရမ္းဝမ္းသာပီတိျဖစ္မိပါတယ္။ အခုလို ျပည္သူမ်ားအားေထာက္ပံ့ကူညီမႈမ်ား ျပဳလုပ္ႏိုင္ရန္အတြက္ အထက္ပါအစီအစဥ္တြင္အလႉေငြ သိန္း(၁၀၀)ကိုထပ္မံလႉဒါန္းျဖစ္ပါတယ္ခင္ဗ်ာ။

 

 

 

အားလုံးပဲ စိတ္ခ်မ္းသာ ကိုယ္က်န္းမာၿပီး ေရာဂါဘယ ကင္းေဝးၾကပါေစေၾကာင္း ဆုေတာင္းေမတၱာပို႔သရင္း.. ေနတိုး” ဆုိၿပီး သူ႕ရဲ႕ လူမႈကြန္ရက္စာမ်က္နွာေပၚမွာ တင္လာခဲ့ပါတယ္..။ ေနတိုးကေတာ့ နိုင္ငံေတာ္ရဲ႕ အေျခခံလူတန္းစားေတြအတြက္ ေထာက္ပံ့မႈလုပ္ေဆာင္မယ့္ အစီအစဥ္မွာ သိန္း(၁၀၀)ပါဝင္လွဴဒါန္းကာ တစ္ဖက္တစ္လမ္းကေန ပါဝင္ကူညီခဲ့တာပဲျဖစ္ပါတယ္ေနာ္ ပရိသတ္ႀကီး..။ Cele Connections ပရိသတ္ႀကီးလည္း ေနတိုးရဲ႕ ပါဝင္ကူညီတဲ့ အလွဴအတြက္ကိုလည္း သာဓု ေခၚသြားၾကပါဦးေနာ္..။
Source: Nay Toe’s Facebook

Sakura(Cele Connections)

ယူနီကုဒ္ျဖင့္ ဖတ္ရန္

“နိုင်ငံတော်ရဲ့ အခြေခံလူတန်းစားတွေကို ထောက်ပံ့ကူညီမယ့် အစီအစဉ်မှာ သိန်း(၁၀၀)တိတိကို ပါဝင်ကူညီလှူဒါန်းခဲ့တဲ့ နေတိုး”

မြန်မာနိုင်ငံရဲ့ နာမည်ကြီး မင်းသားတွေထဲက တစ်ဦးအပါအဝင်ဖြစ်တဲ့ မင်းသားနေတိုးကိုတော့ Cele Connections ပရိသတ်ကြီးလည်း ချစ်ခင် ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်နော်..။ ကျရာဇာတ်ရုပ်တိုင်းကို ဆေးစက်ကျရာ အရုပ်ထင်ဆိုသလို ကာရိုက်တာတိုင်းအတွက် ပီပြင်အောင် သရုပ်ဆောင်နိုင်တဲ့ မင်းသားတစ်လက်ဖြစ်ပြီး အနုပညာနဲ့ ပတ်သက်ရင် ဘယ်ကဏ္ဍကမဆို ကျွမ်းကျင်တဲ့ အနုပညာရှင်တစ်ဦးလို့ ပြောရင်လည်း မှားမယ် မထင်ပါဘူး..။ ပရဟိတနဲ့ လူမှုရေးလုပ်ငန်းတွေမှာ တတ်အားသရွေ့လည်း ပါဝင်လုပ်ဆောင်တတ်သူ တစ်ဦးလည်း ဖြစ်ပါသေးတယ်..။

ဒီနေ့ ဧပြီလ (၇)ရက်နေ့မှာတော့ နေတိုးက “ပရိသတ်များအားလုံးမဂ်လာပါခင်ဗျာ..COVID-19 ကာကွယ်ထိန်ချုပ်ရေးနဲ့ ဆက်စပ်၍ အရေးကြီးကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအတွက် အိမ်ထောင်စု(၁)စုလျှင် ဆန်(၈)ပြည်၊ ဆီ(၅၀)ကျပ်သား ၊ ဆား(၅၀)ကျပ်သား ၊ ပဲ(၁) ပိဿာ၊ ကြက်သွန်(၁) ပိဿာ စုစုပေါင်း ထောက်ပံ့ကူညီမှု(၅)မျိုးစီကို (၂၀၂၀)ပြည့်နှစ် ဧပြီလ( ၁၀)ရက်နေ့မှစတင်၍အခမဲ့ ဖြန့်ဖြူးထောက်ပံ့ပေးမည် ဆိုတာသိရလို့ အရမ်းဝမ်းသာပီတိဖြစ်မိပါတယ်။ အခုလို ပြည်သူများအားထောက်ပံ့ကူညီမှုများ ပြုလုပ်နိုင်ရန်အတွက် အထက်ပါအစီအစဉ်တွင်အလှူငွေ သိန်း(၁၀၀)ကိုထပ်မံလှူဒါန်းဖြစ်ပါတယ်ခင်ဗျာ။

အားလုံးပဲ စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး ရောဂါဘယ ကင်းဝေးကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သရင်း.. နေတိုး” ဆိုပြီး သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်..။ နေတိုးကတော့ နိုင်ငံတော်ရဲ့ အခြေခံလူတန်းစားတွေအတွက် ထောက်ပံ့မှုလုပ်ဆောင်မယ့် အစီအစဉ်မှာ သိန်း(၁၀၀)ပါဝင်လှူဒါန်းကာ တစ်ဖက်တစ်လမ်းကနေ ပါဝင်ကူညီခဲ့တာပဲဖြစ်ပါတယ်နော် ပရိသတ်ကြီး..။ Cele Connections ပရိသတ်ကြီးလည်း နေတိုးရဲ့ ပါဝင်ကူညီတဲ့ အလှူအတွက်ကိုလည်း သာဓု ခေါ်သွားကြပါဦးနော်..။
Source: Nay Toe’s Facebook

Sakura(Cele Connections)

error: Alert: Content is protected !!