

 

 


 

 


 

 

Source: Htwe Lynn Ko’s fb
ယူနီကုဒ်ဖြင့်ရေးရန်

ဒဂုံဆိပ်ကမ်းမြို့နယ်က အိမ်ထောင်စု (၃၀၀)ကျော်အတွက် အလှူရှင်တွေနဲ့စုပေါင်းပြီး လှူဒါန်းမှုတွေပြုလုပ်ခဲ့တဲ့ ခေတ်သစ်ဖောင်ဒေးရှင်း

လင်းလင်းနဲ့ ချစ်သုဝေတို့ တည်ထောင်ထားတဲ့ ခေတ်သစ်ဖောင်ဒေးရှင်းဟာ မွေးရာပါနှလုံးအပေါက်ပါတဲ့ (၅) နှစ်အောက် ကလေးငယ်တွေကို အခမဲ့ ခွဲစိတ်ကုသပေးနေတာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိဖြစ်ပွားနေတဲ့ Covid – 19 ကပ်ရောဂါကြောင့် ခေတ်သစ်ဖောင်ဒေးရှင်းဟာ အလှူရှင်တွေနဲ့ လက်တွဲပြီး နွမ်းပါးတဲ့ပြည်သူတွေကို ကူညီထောက်ပံ့မှုတွေကို အကြီးအကျယ် ပြုလုပ်နေတာပဲ ဖြစ်ပါတယ်။

ဒီကနေ့ ဧပြီလ (၇) ရက်နေ့မှာလည်း လင်းလင်းနဲ့ ချစ်သုဝေရဲ့ ခေတ်သစ်ဖောင်ဒေးရှင်းမှ ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ အိမ်ထောင်စု (၃၁၈) စုအတွက် ဆန်၊ဆီ၊ ဆား၊ ပဲ၊ ငါးသေတ္တာ၊ ကိုယ်တိုက်ဆပ်ပြာစတဲ့ ပစ္စည်းတွေကို လှူဒါန်းကုသိုလ်ယူခဲ့တယ်လို့ သိရပါတယ်။

ခေတ်သစ်ဖောင်ဒေးရှင်းကတော့ အမှန်တကယ်လိုအပ်နေတဲ့ ပြည်သူတွေအတွက် မြန်မြန်ဆန်ဆန်နဲ့ ထိထိရောက်ရောက် လှူဒါန်းပေးနေတဲ့ အဖွဲ့အစည်းပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ခေတ်သစ်ဖောင်ဒေးရှင်းနဲ့ အလှူရှင်တွေရဲ့ အလှူကိုကြည့်ပြီး ထပ်တူပီတိဖြစ်နေမယ်လို့ မျှော်လင့်ပါတယ်။

Source: Htwe Lynn Ko’s fb
Bilie – Cele Connections

error: Alert: Content is protected !!