

 

 


 

 


ယူနီကုဒ်ဖြင့်ဖတ်ရန်

“တစ်ယောက်သောသူအတွက် သူမရဲ့ စိတ်ပူစွာခံစားနေရတဲ့အကြောင်းကို သီချင်းလေးနဲ့ တင်စားလိုက်တဲ့ ရွှေပိုးအိမ်ရဲ့ ဗီဒီယိုဖိုင်အသစ်လေး”

ပရဟိတလုပ်ငန်းပိုင်းတွေမှာ ကိုယ်တိုင်ပါဝင်လှူဒါန်းနေတဲ့ မင်းသမီးချောလေးရွှေပိုးအိမ်လေးကို အထူးတလည်မိတ်ဆက်ပေးဖို့မလိုလောက်ဘူးထင်ပါတယ်။ ရွှေပိုးအိမ်ကတော့ ဇာတ်ကားတိုင်းမှာ ကျရာဇာတ်ရုပ်ကို ပီပြင်စွာသရုပ်ဆောင်နိုင်တဲ့ မင်းသမီးချောလေးတစ်လက်ဆိုလည်းမမှားလောက်ပါဘူးနော်။ သူမရဲ့အချစ်ရေးဟာဆိုရင် Singleဘဝနဲ့သာဖြတ်သန်းရင်း ချစ်ရတဲ့ပရိသတ်တွေနဲ့သာ ဖြတ်သန်းနေလျက်သူတစ်ဦးပဲဖြစ်ပါတယ်။

 

ရွှေပိုးအိမ်လေးကတော့ ကိုရိုနာဖြစ်ပွားနေတဲ့အချိန်အတော်အတွင်း လိုအပ်နေတဲ့ ပြည်သူတွေအတွက် လှူဒါန်းခဲ့တဲ့မှတ်တမ်းပုံရိပ်လေးတွေနဲ့ tik tokဗီဒီယိုလေးတွေကို သူမရဲ့လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်လာခဲ့တာပဲဖြစ်ပါတယ်။ ဧပြီလ(၇)ရက်နေ့မှာ ရွှေပိုးအိမ်လေးက “စိတ်ပူတယ်”ဆိုကာ သူမရဲ့ချစ်စရာကောင်းတဲ့ ပုံရိပ်လေးတွေကို ဗီဒီယိုရိုက်ကာ လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်လာခဲ့တာပဲဖြစ်ပါတယ်။ သူမရဲ့ တစ်စုံတစ်ယောက်ကို ရည်ရွယ်ပြီး စိတ်ပူတဲ့ အကြောင်းကို တင်ပေးလိုက်တာပါပဲနော်။

CeleConnectionsပရိသတ်တွေအတွက် ရွှေပိုးအိမ်လေးရဲ့ စိတ်ပူနေတဲ့ ဗီဒီယိုဖိုင်လေးကို ပြန်လည်ပြီးမျှဝေပေးလိုက်ပါတယ်။ ပရိသတ်ကြီးကလည်း ရွှေပိုးအိမ်လေးကို ချစ်တယ်ဆိုရင်မှတ်ချက်လေးတစ်ခုလောက်ရေးပေးခဲ့ကြပါနော်။
Soure..Shwe Poe Eain’s Facebook
Angella(CeleConnections)

error: Alert: Content is protected !!