“တစ္ေန႕တစ္ျခား ၾကည့္ေကာင္းလာတဲ့ သားႀကီး ဘုန္းမင္းေနလေၾကာင့္ ခ်စ္မဝျဖစ္ေနတဲ့ ခင္ဇာျခည္ေက်ာ္”

က်ရာဇာတ္ရုပ္တိုင္းကို ပီျပင္ေအာင္ သရုပ္ေဆာင္တဲ့ မင္းသမီး ခင္ဇာျခည္ေက်ာ္ကိုေတာ့ Cele Connections ပရိသတ္ႀကီးလည္း ခ်စ္ခင္ ရင္းနွီးၿပီးသားျဖစ္မယ္ ထင္ပါတယ္ေနာ္…။ ခ်စ္စရာေကာင္းၿပီး ေခ်ာေမာလွပတဲ့ သားနဲ႕ သမီးနွစ္ေယာက္ကို ပိုင္ဆိုင္ထားၿပီး သားနဲ႕သမီးနွစ္ေယာက္လံုးနဲ႕အတူ ေပ်ာ္ရႊင္ေအးခ်မ္းစြာ ဘဝကို ျဖတ္သန္းေနသူပဲျဖစ္ပါတယ္..။ သားႀကီး ျဖစ္သူ ဘုန္းမင္းေနလဟာ (၂၀၁၈)ခုနွစ္ ေရႊႀကိဳမွာ ပါဝင္ခဲ့ၿပီး ပရိသတ္ေတြသတိထားမိကာ ႏႈတ္ခမ္းနီမေလးေတြရဲ႕ အသည္းေက်ာ္ အိုင္ေဒါတစ္ေယာက္ျဖစ္လာခဲ့သူပါ..။ သမီးငယ္ ထင္သစၥာေလးဟာလည္း သူမနဲ႕ အတူ အနုပညာအလုပ္ေတြကို  လုပ္ကိုင္ေနၿပီျဖစ္ပါတယ္ေနာ္..။

 

 

 

ခင္ဇာျခည္ေက်ာ္ကေတာ့ သားနဲ႕သမီးရဲ႕ အနုပညာအလုပ္ေတြကို လုပ္ကိုင္ကာ ပရိသတ္ေတြရဲ႕ အားေပးမႈေတြကို ရရွိေနတာေၾကာင့္ ေက်နပ္ပီတိျဖစ္ေနရသူပဲျဖစ္ပါတယ္..။ သားျဖစ္သူကို ခ်စ္ၾကတဲ့ ပရိသတ္ေတြေၾကာင့္လည္း သူမေပ်ာ္ရႊင္ရသလို ပိုပိုေခ်ာလာတဲ့ သားႀကီးေၾကာင့္လည္း ၾကည္ႏူးမိတယ္လို႕ မီဒီယာတစ္ခုရဲ႕ အင္တာဗ်ဴးေလးမွာ ေျပာျပခဲ့ဖူးပါတယ္..။ ဒီေန႕ ဧၿပီလ (၇)ရက္ေန႕မွာေတာ့ ခင္ဇာျခည္ေက်ာ္က သားႀကီး ဘုန္းမင္းေနလရဲ႕ ပံုေလးေတြကို “တည္ၾကည္ခန္႔ညား” ဆုိၿပီး သူမရဲ႕ လူမႈကြန္ရက္စာမ်က္နွာေပၚမွာ တင္လာခဲ့ပါတယ္..။

 

 

 

သားႀကီး ဘုန္းမင္းေနလေၾကာင့္ ခင္ဇာျခည္ေက်ာ္ကေတာ့ ေပ်ာ္ရႊင္ေနရတဲ့ ပံုပါပဲေနာ္ ပရိသတ္ႀကီးေရ..။ Cele Connections ပရိသတ္ႀကီးအတြက္လည္း ခန္႕ေခ်ာၾကည့္ေကာင္းေနတဲ့ ဘုန္းမင္းေနလရဲ႕ ပံုရိပ္ေလးေတြကို ျပန္လည္မွ်ေဝေပးလိုက္ပါတယ္..။ ပရိသတ္ႀကီးလည္း ဘုန္းမင္းေနလနဲ႕ ေမေမခင္ဇာျခည္ေက်ာ္တို႕ကို အားေပးရင္ မွတ္ခ်က္ေလးေတြ ေရးေပးခဲ့ၾကပါဦးေနာ္..။
Source: Khin Zar Chi Kyaw’s Facebook

Sakura(CeleConnections)

ယူနီကုဒ္ျဖင့္ ဖတ္ရန္

“တစ်နေ့တစ်ခြား ကြည့်ကောင်းလာတဲ့ သားကြီး ဘုန်းမင်းနေလကြောင့် ချစ်မဝဖြစ်နေတဲ့ ခင်ဇာခြည်ကျော်”

ကျရာဇာတ်ရုပ်တိုင်းကို ပီပြင်အောင် သရုပ်ဆောင်တဲ့ မင်းသမီး ခင်ဇာခြည်ကျော်ကိုတော့ Cele Connections ပရိသတ်ကြီးလည်း ချစ်ခင် ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်နော်…။ ချစ်စရာကောင်းပြီး ချောမောလှပတဲ့ သားနဲ့ သမီးနှစ်ယောက်ကို ပိုင်ဆိုင်ထားပြီး သားနဲ့သမီးနှစ်ယောက်လုံးနဲ့အတူ ပျော်ရွှင်အေးချမ်းစွာ ဘဝကို ဖြတ်သန်းနေသူပဲဖြစ်ပါတယ်..။ သားကြီး ဖြစ်သူ ဘုန်းမင်းနေလဟာ (၂၀၁၈)ခုနှစ် ရွှေကြိုမှာ ပါဝင်ခဲ့ပြီး ပရိသတ်တွေသတိထားမိကာ နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းကျော် အိုင်ဒေါတစ်ယောက်ဖြစ်လာခဲ့သူပါ..။ သမီးငယ် ထင်သစ္စာလေးဟာလည်း သူမနဲ့ အတူ အနုပညာအလုပ်တွေကို လုပ်ကိုင်နေပြီဖြစ်ပါတယ်နော်..။

ခင်ဇာခြည်ကျော်ကတော့ သားနဲ့သမီးရဲ့ အနုပညာအလုပ်တွေကို လုပ်ကိုင်ကာ ပရိသတ်တွေရဲ့ အားပေးမှုတွေကို ရရှိနေတာကြောင့် ကျေနပ်ပီတိဖြစ်နေရသူပဲဖြစ်ပါတယ်..။ သားဖြစ်သူကို ချစ်ကြတဲ့ ပရိသတ်တွေကြောင့်လည်း သူမပျော်ရွှင်ရသလို ပိုပိုချောလာတဲ့ သားကြီးကြောင့်လည်း ကြည်နူးမိတယ်လို့ မီဒီယာတစ်ခုရဲ့ အင်တာဗျူးလေးမှာ ပြောပြခဲ့ဖူးပါတယ်..။ ဒီနေ့ ဧပြီလ (၇)ရက်နေ့မှာတော့ ခင်ဇာခြည်ကျော်က သားကြီး ဘုန်းမင်းနေလရဲ့ ပုံလေးတွေကို “တည်ကြည်ခန့်ညား” ဆိုပြီး သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်..။

သားကြီး ဘုန်းမင်းနေလကြောင့် ခင်ဇာခြည်ကျော်ကတော့ ပျော်ရွှင်နေရတဲ့ ပုံပါပဲနော် ပရိသတ်ကြီးရေ..။ Cele Connections ပရိသတ်ကြီးအတွက်လည်း ခန့်ချောကြည့်ကောင်းနေတဲ့ ဘုန်းမင်းနေလရဲ့ ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်..။ ပရိသတ်ကြီးလည်း ဘုန်းမင်းနေလနဲ့ မေမေခင်ဇာခြည်ကျော်တို့ကို အားပေးရင် မှတ်ချက်လေးတွေ   ရေးပေးခဲ့ကြပါဦးနော်..။
Source: Khin Zar Chi Kyaw’s Facebook

Sakura(CeleConnections)

error: Alert: Content is protected !!