” တစ္စံူတစ္ခုအတြက္နားလည္ေပးဖို႕ ပရိသတ္ေတြကို ေတာင္းဆိုလိုက္တဲ့ ပန္ကိတ္ “

Cele Connections ပရိသတ္ႀကီးေရ အႏုပညာရွင္တစ္ေယာက္မဟုတ္ေပမယ့္လည္း ခ်စ္ျခင္းေမတၱာတရားႀကီးမားတဲ့အတြက္ ပရိသတ္ေတြဝိုင္းခ်စ္ေနရတဲ့သူေလးကေတာ့ ပန္ကိတ္ေလးပါ။ ပရိသတ္ေတြရဲ႕အခ်စ္ေတာ္ ဆယ္လီတစ္ေယာက္ျဖစ္တဲ့ ပန္ကိတ္ေလးဟာ အခုဆိုရင္ Beauty Blog ေလးေတြ လုပ္ၿပီး သူမရဲ႕ Page ကေန ပရိသတ္ေတြနဲ႔ အထိအေတြ႕ မျပတ္ရွိေနတာပါ။ သူမရဲ႕ စကားသံဝဲဝဲေလးနဲ႕ ခ်စ္စရာအျပဳအမူေလးေတြေၾကာင့္ ပရိသတ္ေတြက အခ်စ္ေတြပုိပိုတိုးလာတာဆိုလည္း မမွားပါဘူးေနာ္။

ခ်စ္သူေဟာင္း ႏိုင္ငံေက်ာ္အဆိုေတာ္ ေ႐ႊထူးနဲ႔ လမ္းခြဲျပတ္ဆဲၿပီးတဲ့အခ်ိန္ကတည္းက ပန္ကိတ္ကေတာ့ တစ္ကိုယ္တည္း ေအးေဆးစြာ ေနထိုင္လာခဲ့တာပဲ ျဖစ္ပါတယ္။ လက္ရွိမွာေတာ့ အခ်စ္ေတာ္ ပန္ကိတ္ဒါဒါ ရဲ႕ အခ်စ္ေရးကို ပရိသတ္ေတြစိတ္ဝင္အစားဆုံးအခ်က္လို႔ ေျပာရမွာပါ။ဘယ္သူေတြဘယ္လိုပဲ စိတ္ဝင္စားစားပန္ကိတ္ကေတာ့ သူမရဲ႕ လုပ္စရာရွိတာအလုပ္ေတြကို လုပ္ရင္ သူမကိုခ်စ္တဲ့ Fan ေတြနဲ႕ ပဲ ေပ်ာ္ေနတာပါေနာ္။

ဒီေန႕မွာလည္း သူမအေနနဲ႕ ” ဒီအခ်ိန္အလုပ္ႏွစ္ဆလုပ္ေနရလို႕ တကယ္လို႕ လူမႈေရးပ်က္ကြက္တာရွိရင္ နားလည္ေပးပါေနာ္။အားလံုးလည္း Covid 19 တိုက္ပြဲမွာ စည္းကမ္းလိုက္နာ ျခင္းျဖင့္ကူညီပါလို႕ ” ဆိုတဲ့စာေလးနဲ႕ ေျပာျပခဲ့တာပဲ ျဖစ္ပါတယ္။ CeleConnections ပရိသတ္ႀကီးလည္း ပန္ကိတ္ေလးအလုပ္ေတြအဆင္ေျပဖို႕ဆုေတာင္းေပးခဲ့ပါဦးေနာ္။

Source :Yamin Oo
Candy -CeleConnections
ယူနီကုတ္ျဖင့္ဖတ္ရန္

” တစ်စူံတစ်ခုအတွက်နားလည်ပေးဖို့ ပရိသတ်တွေကို တောင်းဆိုလိုက်တဲ့ ပန်ကိတ် ”

Cele Connections ပရိသတ်ကြီးရေ အနုပညာရှင်တစ်ယောက်မဟုတ်ပေမယ့်လည်း ချစ်ခြင်းမေတ္တာတရားကြီးမားတဲ့အတွက် ပရိသတ်တွေဝိုင်းချစ်နေရတဲ့သူလေးကတော့ ပန်ကိတ်လေးပါ။ ပရိသတ်တွေရဲ့အချစ်တော် ဆယ်လီတစ်ယောက်ဖြစ်တဲ့ ပန်ကိတ်လေးဟာ အခုဆိုရင် Beauty Blog လေးတွေ လုပ်ပြီး သူမရဲ့ Page ကနေ ပရိသတ်တွေနဲ့ အထိအတွေ့ မပြတ်ရှိနေတာပါ။ သူမရဲ့ စကားသံဝဲဝဲလေးနဲ့ ချစ်စရာအပြုအမူလေးတွေကြောင့် ပရိသတ်တွေက အချစ်တွေပိုပိုတိုးလာတာဆိုလည်း မမှားပါဘူးနော်။

ချစ်သူဟောင်း နိုင်ငံကျော်အဆိုတော် ရွှေထူးနဲ့ လမ်းခွဲပြတ်ဆဲပြီးတဲ့အချိန်ကတည်းက ပန်ကိတ်ကတော့ တစ်ကိုယ်တည်း အေးဆေးစွာ နေထိုင်လာခဲ့တာပဲ ဖြစ်ပါတယ်။ လက်ရှိမှာတော့ အချစ်တော် ပန်ကိတ်ဒါဒါ ရဲ့ အချစ်ရေးကို ပရိသတ်တွေစိတ်ဝင်အစားဆုံးအချက်လို့ ပြောရမှာပါ။ဘယ်သူတွေဘယ်လိုပဲ စိတ်ဝင်စားစားပန်ကိတ်ကတော့ သူမရဲ့ လုပ်စရာရှိတာအလုပ်တွေကို လုပ်ရင် သူမကိုချစ်တဲ့ Fan တွေနဲ့ ပဲ ပျော်နေတာပါနော်။

ဒီနေ့မှာလည်း သူမအနေနဲ့ ” ဒီအချိန်အလုပ်နှစ်ဆလုပ်နေရလို့ တကယ်လို့ လူမှုရေးပျက်ကွက်တာရှိရင် နားလည်ပေးပါနော်။အားလုံးလည်း Covid 19 တိုက်ပွဲမှာ စည်းကမ်းလိုက်နာ ခြင်းဖြင့်ကူညီပါလို့ ” ဆိုတဲ့စာလေးနဲ့ ပြောပြခဲ့တာပဲ ဖြစ်ပါတယ်။ CeleConnections ပရိသတ်ကြီးလည်း ပန်ကိတ်လေးအလုပ်တွေအဆင်ပြေဖို့ဆုတောင်းပေးခဲ့ပါဦးနော်။

Source :Yamin Oo
Candy -CeleConnections

error: Alert: Content is protected !!