Source: Chit Snow Oo’s fb
ယူနီကုဒ်ဖြင့်ရေးရန်
ဆွမ်းစားမကြွရတဲ့ ဘုန်းဘုန်းတွေ ဒုက္ခရောက်မှာစိုးတဲ့အတွက် ဟင်းအခြောက်အခြမ်းနဲ့ ဝတ္ထုငွေတွေ ဆပ်ကပ်ခဲ့တဲ့ ချစ်စနိုးဦးတို့ ဇနီးမောင်နှံ
သရုပ်ဆောင် ချစ်စနိုးဦးက ပြီးခဲ့တဲ့ (၂၀၁၉) နိုဝင်ဘာလအတွင်းက သူမနဲ့ (၆) နှစ်တာလက်တွဲခဲ့တဲ့ ချစ်သူ အဆိုတော်ဖိုးသားနဲ့ လက်ထပ်ခဲ့တာ ဖြစ်ပါတယ်။ အခုလို တစ်နိုင်ငံလုံး အခက်အခဲတွေဖြစ်နေချိန်မှာ ဒုက္ခအရောက်ဆုံးဖြစ်တဲ့ ဘုန်းဘုန်းတွေ၊ သီလရှင်တွေအတွက် ချစ်စနိုးဦးတို့ ဇနီးမောင်နှံက သေချာလေးစဉ်းစားပြီး ကောင်းမှုကုသိုလ်လေးတစ်ခု ပြုလုပ်ခဲ့ကြောင်းကို အခုလိုပဲ ပြောပြထားပါတယ်။
“အဓိက ဒီလိုအချိန်မှာဒုက္ခအရောက်ဆုံးက ဘုန်းဘုန်းတွေသီလရှင်တွေနဲ့လက်လုပ်လက်စားတွေပါဘဲ။ ဒီနေ့တော့ ကိုယ်တွေလုပ်နိုင်တာလေးနဲ့ အလိုတော်ပြည့်ကျောင်းကဘုန်းဘုန်းအပါး၂၀ကျော်အတွအတွက် အပြင်ဆွမ်းခံကလဲကြွမရဆိုတော့ ရွှေပုဇွန်ကdelivery လဲရှိတယ်ဆိုတာနဲ့သူငယ်ချင်းဒေါ် မေပွင့်မောင် ကိုအကူအညီတောင်းပြီး ရွှေပုဇွန်ကရတဲ့ငပိကြော်၊ ငါးခြောက်ကြော်၊ မရမ်းသီးကြော်၊ ငပိထောင်း၊ မုန့်ဟင်းခါးခြောက်ထုပ် နဲ့ ငါးသေတ္တာပါအစစ်ဝယ်ခိုင်းလိုက်သေးတယ်။”
“ပြီးတော့အလှူငွေနှစ်သိန်းလဲစိုက်ပြီးပေးပေးထားဆိုပြီးခိုင်းလိုက်သေးတယ်။ အခုလိုကူညီပေးတဲ့သူငယ်ချင်းကိုလဲကျေးဇူးတင်ပါတယ်။ လက်ဖက်တွေအလှူပါဝင်သေးတဲ့အတွက်လဲသာဓုခေါ်ပါတယ်နော်။ ဥူဇင်းဘီလူးကတော့ဖုန်းဆက်ပါတယ်။ လှူထားတဲ့ပစ္စည်းတွေရပြီတဲ့။ သင်္ကြန်အတွင်းရော lock down ရောအဆင်ပြေသွားတာပေါ့တဲ့။ ကြားရတာဝမ်းသာပီတိဖြစ်ရပါတယ်။ ဒီလိုကပ်ရောဂါဖြစ်နေရတဲ့ကြားကလုပ်ခဲ့တဲ့ကုသိုလ်ပီတိလေးပါ။ ကမ္ဘာသူကမ္ဘာသားအားလုံးဘဲ ဒီလိုစိတ်ညစ်စရာ ရောဂါဆိုးကြီးကအမြန်ဆုံးကင်းဝေးကြပါစေ” ဆိုပြီး ဆုတောင်းပေးထားပါသေးတယ်။
ချစ်စနိုးဦးတို့ ဇနီးမောင်နှံကတော့ လက်လုပ်လက်စားတွေသာမက ဆွမ်းခံမကြွရပဲ ဆွမ်းဘုန်းပေးဖို့ အခက်အခဲရှိနေတဲ့ ဦးဇင်းတွေအတွက်လည်း သေချာစဉ်းစားပြီး ကုသိုလ်ယူခဲ့တာ ဖြစ်ပါတယ်။ ချစ်စနိုးဦးတို့ ဇနီးမောင်နှံလေး ဒီထက်မက လှူနိုင်တန်းနိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။
Source: Chit Snow Oo’s fb
Bilie – Cele Connections
error: Alert: Content is protected !!