Source :Patricia
ယူနီကုတ်ဖြင့်ဖတ်ရန်
” စည်ပင်သန့်ရှင်းရေးဝန်းထမ်းနဲ့အခြေခံလူတန်းစားအယောက်(၁၀၀)ကို တစ်နိုင်တစ်ပိုင် လေးလှူဒါန်းခဲ့တဲ့ ပက်ထရစ်ရှာ ”
CeleConnections ပရိသတ်ကြီးရေ ပက်ထရစ်ရှာကတော့ အသက်ငယ်ငယ်လေးတည်းကအနုပညာလောကနဲ့မစိမ်းတဲ့သူတစ်ယောက်ဖြစ်ပြီး ဘော်ဒီသွင်ပြင်တွေကတော့ ပြောစရာမလိုအောင် လှပကျော့ရှင်းတဲ့မင်းသမီးတစ်လက်ဖြစ်ပါတယ်။ မော်ဒယ်လောကကနေ သရုပ်ဆောင်ဘက်ကိုပါ ကူးပြောင်းလာတဲ့သူဖြစ်ပြီး မျက်နှာသွင်ပြင်လေးက နိုင်ငံခြားသူတစ်ယောက်လို သွင်ပြင်မို့ ပရိသတ်တွေကို အလှတစ်မျိုးနဲ့ ဖမ်းစားထားသူလေးပဲ ဖြစ်ပါတယ။
ဒါ့အပြင်ပွင့်လင်းတဲ့ အပြောလေးတွေအပြင် သူမရဲ့အချစ်ရေးကိုလည်း ပရိသတ်တွေအတိအလင်းချပြထားတဲ့သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ မကြာသေးမီက Covid 19 ဖြစ်ပွားနေမှုနဲ့ပတ်သက်ပြီး ပက်ထရစ်ရှာတစ်ယောက်ကတော့ အပြင်ထွက်တဲ့အခါ Mask နဲ့လက်အိတ်တပ်ပြီး ထွက်သင့်ကြောင်းနဲ့ အိမ်မှာပဲနေဖို့ကိုလည်း ပရိသတ်တွေကို တိုက်တွန်းခဲ့ပါသေးတယ်။
ဒီနေ့မှာတော့ ” အခုလိုအခြေအနေမျိုးမှာဝမ်းရေးအတွက်အဖြစ်မနေအပြင်ထွက်လုပ်ကိုင်စားသောက်နေရပြီး mask တို့ hand sanitizer တို့ကိုဝယ်ဖို့အခက်အခဲဖြစ်နေတဲ့စည်ပင်သန့်ရှင်းရေးဝန်းတမ်းများ၊ ဆိုက်ကားဆရာကြီးများ နှင့် အခြားသောအလုပ်သမားများအတွက် နှာခေါင်းစီး mask ၊ ရေမလိုလက်သန့်ဆေးရည် hand sanitizer နှင့် ပိုးသတ်ရေချိုးဆပ်ပြာ anti-bacterial soap တို့ကိုအဓိကထားပြီးအခြားသောမုန့်များ ခေါက်ဆွဲ ကော်ဖီမစ်အထုတ်များကို တကယ်လိုအပ်နေတဲ့သူအယောက် ၁၀၀ စာ တစ်ပိုင်တစ်နိုင်လေးလှူဒါန်းခဲ့ပါတယ် ” ဆိုတဲ့ စာလေးနဲ့ဖော်ပြခဲ့တာပဲ ဖြစ်ပါတယ်။ CeleConnections ပရိသတ်ကြီးရေ မွန်မြတ်လှတဲ့ ပက်ထရစ်ရှာရဲ့ အလှူအတွက် သာဓုခေါ်ခဲ့ပါဦးနော်။
Source :Patricia
Candy –CeleConnections
error: Alert: Content is protected !!