

 

 


 

 


ယူနီကုဒ်ဖြင့်ဖတ်ရန်

“ချစ်တတ်လွန်းတဲ့ သူမချစ်သူရဲ့ အချစ်တွေကို တန်ဖိုးထားတယ်ဆိုတဲ့ ခိုင်နှင်းဝေ”

 

 

မြန်မာနိုင်ငံရဲ့နာမည်ကျော်ရုပ်ရှင်မင်းသမီးတစ်ဦးဖြစ်တဲ့ ခိုင်နှင်းဝေကိုတော့ အထူးတလည်မိတ်ဆက်ပေးဖို့မလိုလောက်ဘူးထင်ပါတယ်။ ခိုင်နှင်းဝေကတော့ ရုပ်ရှင်ဇာတ်ကားတိုင်းတွေကို ရိုက်ကူးနေပေမယ့် သူမရဲ့ ဝါသနာပါရာ ပါရဟိတလုပ်ငန်းပိုင်းတွေမှာလည်း ကိုယ်တိုင်ပါဝင်ပြီးလုပ်ကိုင်နေတဲ့ မင်းသမီးဆိုလည်း မမှားလောက်ပါဘူးနော်။ ခိုင်နှင်းဝေဟာဆိုရင် မိဘမဲ့ဂေဟာလေးကို ဖွင့်ထားပြီး ကလေးများစွာကိုလည်း ရှာကျွေးနေပြီး သူမနဲ့တူတဲ့ သမီးချောလေးရွှန်းရွှန်းကိုလည်း အိမ်မှာ ခေါ်မွေးထားတာပဲဖြစ်ပါတယ်။

သူမနဲ့ တူလှတဲ့ သမီးလေးပုံလေးတွေနဲ့ ဗီဒီယိုလေးတွေကိုတော့ အမြဲတင်ပေးလေ့ရှိသူတစ်ဦးပါ။ သိပ်မကြာခင်ကမှ ခိုင်နှင်းဝေကို သူမရဲ့ ချစ်သူကို Official ချပြခဲ့ပါတယ်။ သူမကတော့ အချစ်ရေးမှာ ကံကောင်းတဲ့သူလို့ပဲပြောရမလားမသိဘူး ချစ်သူကအရမ်းကြင်နာဂရုစိုက်တဲ့အပြင် ပါရဟိတလုပ်ငန်းပိုင်းတွေမှာလည်း အတူတကွပါဝင်လေ့ရှိပါတယ်။ ခိုင်နှင်းဝေက “ချစ်တတ်တဲ့သူနဲ့ အချစ်ကို တန်ဖိုးထားတဲ့ မိန်းမ”ဆိုပြီး သူမတို့စုံတွဲပုံရိပ်ကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာတင်လာခဲ့တာပဲဖြစ်ပါတယ်။

CeleConnectionsပရိသတ်တွေအတွက် ခိုင်နှင်းဝေတို့ ချစ်သူစုံတွဲပုံရိပ်လေးတွေကို ပြန်လည်ပြီးမျှဝေပေးလိုက်ပါတယ်နော်။ပရိသတ်ကြီးကလည်း ခိုင်နှင်းဝေတို့ စုံတွဲပုံရိပ်လေးတွေကို ကြည့်ရင်း ကြည်နူးအားကျမိမယ်လို့ထင်ပါတယ်။

Soure… Khine Hnin Wai’s Myday
Angella(CeleConnections)

error: Alert: Content is protected !!