

 

 

 


 

 



ယူနီကုဒ်ဖြင့် ဖတ်ရန်

“ကလေးတွေနဲ့အပြိုင် ကလေးလေးတစ်ယောက်လို ပျော်ရွှင်စွာ ဆော့ကစားနေတဲ့ နန်းခင်ဇေယျာရဲ့ ဗီဒီယိုဖိုင်လေး”

မော်ဒယ်သရုပ်ဆောင် မင်းသမီးချောလေး နန်းခင်ဇေယျာကိုတော့ Cele Connections ပရိသတ်ကြီးလည်း ချစ်ခင် ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်နော်..။ ပရိသတ်တွေရဲ့ အာေးပမှုတွေနဲ့ အချစ်တွေကို သိမ်းပိုက်ထားတဲ့ နန်းခင်လေးကတော့ Miss Myanmar International (2012)၊ Miss Internet International (2012)၊ Miss International People Choice Award (2012) ( Missology.Org)၊ Ambassador of Beauty (2012)၊ Miss Humanity (2013) (Awarded by Mongolia) ဆုတို့ကို ရရှိခဲ့တဲ့ Miss တစ်ဦးလည်း ဖြစ်ပါသေးတယ်..။ Miss လောကကနေ အနုပညာလောကအထိပါ အလုပ်တွေကို လုပ်ကိုင်ခဲ့ပြီး ပရိသတ်တွေကို ရရှိခဲ့တဲ့သူပဲဖြစ်ပါတယ်..။

အနုပညာအလုပ်တွေကိုပဲ လုပ်ကိုင်ကာ ပရိသတ်ရဲ့ အချစ်တွေနဲ့သာ သူမရဲ့ ဘဝကို ပျော်ရွှင်စွာ ဖြတ်သန်းနေတဲ့သူပဲဖြစ်ပါတယ်..။ ဗိုင်းရပ်စ်ကြောင့် အိမ်မှာနေရတဲ့ အခိုက်အတန့်လေးမှာ နန်းခင်လေးက ပျော်ရွှင်အောင် ဖန်တီးနေထိုင်နေတဲ့ ဗီဒီယိုဖိုင်လေးကို ဒီနေ့ ဧပြီလ(၇)ရက်နေ့မှာ “အိမ်မှာ ကလေးတွေနဲ့ ကစားကြမယ်” ဆိုပြီး သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်..။ ဗီဒီယိုလေးကတော့ သူမအပါအဝင် အိမ်မှာရှိတဲ့ ကလေးလူကြီးအကုန်လုံးနဲ့ ဂိမ်းလေးတွေဆော့ကာ အပန်းဖြေ ပျော်ရွှင်နေတဲ့ ဗီဒီယိုဖိုင်လေးပဲဖြစ်ပါတယ်နော်..။

နန်းခင်ကတော့ ကလေးတွေနဲ့အပြိုင် ကလေးလေးတစ်ယောက်လို ဆော့နေရလို့ ပျော်နေတဲ့ ပုံပါပဲနော် ပရိသတ်ကြီးရေ..။ Cele Connections ပရိသတ်ကြီးအတွက်လည်း ကလေးလေးတစ်ယောက်လို ပျော်ရွှင်စွာ ဆော့ကစားနေတဲ့ နန်းခင်လေးရဲ့ ဗီဒိယိုဖိုင်လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်..။ ပရိသတ်ကြီးလည်း နန်းခင်လေးကို ချစ်ရင် မှတ်ချက်လေးတွေ  ရေးပေးခဲ့ကြပါဦးနော်..။
Source: Nang Khin Zay Yar’s Facebook

Sakura(Cele Connections)

error: Alert: Content is protected !!