” SaiSai Show in Bed Room နဲ႕ ပတ္သက္ၿပီး ေမးခြန္း ထုတ္ကာအႀကံေတာင္း လိုက္တဲ့ စိုင္းစိုင္း “

CeleConnections ပရိသတ္ႀကီးေရ   စိုင္းစိုင္းခမ္းလႈိင္ဟာဆိုရင္   အသက္အ႐ြယ္မ်ိဳးစုံ ႏႈတ္ခမ္းနီမေလးေတြ သည္းသည္းလႈပ္အားေပးရတဲ့ အမ်ိဳးသားအဆိုေတာ္ တစ္ဦးျဖစ္ပါတယ္။

 

 

ေအာင္ျမင္မႈကို ၾကာရွည္စြာထိန္းထားႏိုင္တဲ့ ထိပ္တန္းရွားရွားပါးပါးအႏုပညာရွင္တစ္ေယာက္ျဖစ္ၿပီး ပရိသတ္ေတြ အ႐ြယ္မ်ိဳးစုံ အားေပးတဲ့ စိုင္းစိုင္းကေတာ့ တစ္ပုဒ္ဆိုတစ္ပုဒ္ ပရိသတ္ ပါးစပ္ဖ်ားမွာ ေရပန္းစားေအာင္ လုပ္ႏိုင္ေသာ အႏုပညာရွင္တစ္ဦးပဲျဖစ္ပါတယ္ ။

ႏွစ္တိုင္း ဧၿပီ၁၀ ရက္ေန႔ဟာ စိုင္းစိုင္း ေမြးေန႔ ျဖစ္ၿပီး  ႏွစ္တိုင္း သူ႔ေမြးေန႔ မွာက်င္းပေလ့ ရွိတဲ့စိုင္းစိုင္း Birthday Show ဟာလည္း ေၾကာက္ခမန္းလိလိ ပရိသတ္မ်ား ကြင္းလုံးျပည့္အားေပးၾကမ္းတာ အမွန္ပါပဲေနာ္။စိုင္းစိုင္းကို အားေပးတဲ့ ပရိသတ္ ဘယ္ေလာက္ မ်ားလဲ ဆို ရင္ ႏွစ္စဥ္ႏွစ္တိုင္း သူ႔ရဲ႕ ေမြးေန႔ Show ကိုလာတဲ့ ပရိသတ္ အေရ အတြက္ကို ၾကည့္ရင္သိႏိုင္ပါတယ္ ။

 

 

ႏိုင္ငံေတာ္ေတာ္မ်ားမ်ားမွာ ျဖစ္ပြားေနတဲ့ ကို႐ိုနာ   ဗိုင္းရပ္ေၾကာင့္ ေပ်ာ္ပြဲ႐ႊင္ပြဲေတြေတာ္ေတာ္မ်ားမ်ား ရပ္ဆိုင္းထားၾကတာေၾကာင့္ စိုင္းစိုင္းကလည္း သူ႔ရဲ႕ ေမြးေန႔ Show ပြဲကို SaiSai Show in Bed Room ဆိုၿပီး က်င္းပမွာျဖစ္ၿပီး ” အိပ္ခန္းထဲမွာဆိုရမွာဆိုေတာ့အရမ္းပ်င္းစရာေကာင္းေနမွာလည္းစိုးတယ္။ သီခ်င္း ၁၅ ပုဒ္ ဆိုေတာ္ၿပီထင္တယ္၁၅ ပုဒ္ လား ၂၀ ပုဒ္လားအႀကံေပးၾကပါဦး။ ” ဆိုတဲ့ စာေလးနဲ႕ ပရိသတ္ေတြကို ေမးခြန္းထုတ္အႀကံေတာင္းလိုက္တာပဲ ျဖစ္ပါတယ္။

 

 

CeleConnections ပရိသတ္ႀကီးလည္း   စိုင္းစိုင္းရဲ႕ SaiSai Show in Bed Room မွာ ဘယ္ႏွစ္ပုဒ္ဆိုေစခ်င္လဲဆိုတာ မွတ္ခ်က္ေပးခဲ့ပါဦးေနာ္ ။

Source : Sai Sai Kham Leng
Candy – CeleConnections
ယူနီကုတ္ျဖင့္ဖတ္ရန္

” SaiSai Show in Bed Room နဲ့ ပတ်သက်ပြီး မေးခွန်းထုတ်ကာအကြံတောင်းလိုက်တဲ့ စိုင်းစိုင်း ”

CeleConnections ပရိသတ်ကြီးရေ   စိုင်းစိုင်းခမ်းလှိုင်ဟာဆိုရင် အသက်အရွယ်မျိုးစုံ နှုတ်ခမ်းနီမလေးတွေ သည်းသည်းလှုပ်အားပေးရတဲ့ အမျိုးသားအဆိုတော် တစ်ဦးဖြစ်ပါတယ်။

အောင်မြင်မှုကို ကြာရှည်စွာထိန်းထားနိုင်တဲ့ ထိပ်တန်းရှားရှားပါးပါးအနုပညာရှင်တစ်ယောက်ဖြစ်ပြီး ပရိသတ်တွေ အရွယ်မျိုးစုံ အားပေးတဲ့ စိုင်းစိုင်းကတော့ တစ်ပုဒ်ဆိုတစ်ပုဒ် ပရိသတ် ပါးစပ်ဖျားမှာ ရေပန်းစားအောင် လုပ်နိုင်သော အနုပညာရှင်တစ်ဦးပဲဖြစ်ပါတယ်။

နှစ်တိုင်း ဧပြီ၁၀ ရက်နေ့ဟာ စိုင်းစိုင်း မွေးနေ့ ဖြစ်ပြီး နှစ်တိုင်း သူ့မွေးနေ့ မှာကျင်းပလေ့ ရှိတဲ့စိုင်းစိုင်း Birthday Show ဟာလည်း ကြောက်ခမန်းလိလိ ပရိသတ်များ ကွင်းလုံးပြည့်အားပေးကြမ်းတာ အမှန်ပါပဲနော်။စိုင်းစိုင်းကို အားပေးတဲ့ ပရိသတ် ဘယ်လောက် များလဲ ဆို ရင် နှစ်စဉ်နှစ်တိုင်း သူ့ရဲ့ မွေးနေ့ Show ကိုလာတဲ့ ပရိသတ် အရေ အတွက်ကို ကြည့်ရင်သိနိုင်ပါတယ်။

နိုင်ငံတော်တော်များများမှာ ဖြစ်ပွားနေတဲ့ ကိုရိုနာ ဗိုင်းရပ်ကြောင့် ပျော်ပွဲရွှင်ပွဲတွေတော်တော်များများ ရပ်ဆိုင်းထားကြတာကြောင့် စိုင်းစိုင်းကလည်း သူ့ရဲ့ မွေးနေ့ Show ပွဲကို SaiSai Show in Bed Room ဆိုပြီး ကျင်းပမှာဖြစ်ပြီး ” အိပ်ခန်းထဲမှာဆိုရမှာဆိုတော့အရမ်းပျင်းစရာကောင်းနေမှာလည်းစိုးတယ်။ သီချင်း ၁၅ ပုဒ် ဆိုတော်ပြီထင်တယ်၁၅ ပုဒ် လား ၂၀ ပုဒ်လားအကြံပေးကြပါဦး။ ” ဆိုတဲ့ စာလေးနဲ့ ပရိသတ်တွေကို မေးခွန်းထုတ်အကြံတောင်းလိုက်တာပဲ ဖြစ်ပါတယ်။

CeleConnections ပရိသတ်ကြီးလည်း စိုင်းစိုင်းရဲ့ SaiSai Show in Bed Room မှာ ဘယ်နှစ်ပုဒ်ဆိုစေချင်လဲဆိုတာ မှတ်ချက်ပေးခဲ့ပါဦးနော်။

Source : Sai Sai Kham Leng
Candy – CeleConnections

error: Alert: Content is protected !!