

 

 

 


 


Source : Linn Linn
ယူနီကုတ်ဖြင့်ဖတ်ရန်

” Hotel 7 Mileမှာ Quarantine နေကြရတဲ့သူများကိုအကဖျော်ဖြေရေးသွားခဲ့တဲ့ လင်းလင်းဗီဒီယိုဖိုင် ”

CeleConnections ပရိသတ်ကြီးရေမိတ်ကပ်လင်းလင်းကတော့ အနုပညာလောကမှာသာမက ပရိသတ်တွေရဲ့ ပါးစပ်ဖျားမှာ နာမည်ကြီးတဲ့ မိတ်ကပ်ဖန်တီးရှင်တစ်ဦးပဲ ဖြစ်ပါတယ်။အမြဲ အနေအထိုင်သိမ်မွေ့လှတဲ့ လင်းလင်းကတော့ အမြဲ ပျော်ပျော်နေတတ်ကာ ပွင့်လင်းတဲ့ အပြောလေးတွေနဲ့ ပရိသတ်အချစ်ကို သိမ်းပိုက်ထားသူလေးလို့ဆိုရမှာပါ။

လင်းလင်းပါဝင်ထားတဲ့ ” ကျားကျားကြိုက်ကြိုက် ” ရုပ်ရှင်ဇာတ်ကားကြီးကိုလည်းပရိသတ်တွေအထူးအားပေးဝန်းရံခဲ့ကြပြီး လင်းလင်းရဲ့သရုပ်ဆောင်ချက်တွေကို အချစ်ပိုခဲ့ကြတာပဲ ဖြစ်ပါတယ်။လင်းလင်းအပြင် ပရိသတ်အချစ်တော် မိတ်ကပ်ဖန်တီးရှင်တွေပါဝင်ထားခဲ့ကြတဲ့ ရုပ်ဇာတ်ကားကြီးတစ်ကားဆိုလည်းမမှားပါဘူးနော်။

ဒီနေ့မှာတော့ လင်းလင်းတစ်ယောက်” မဖြစ်မနေ အပြင်ထွက်ဖြစ်တယ် မှတ်ကောမှတ်မိကျသေးရဲ့လား လင်းကို hotel 7 Mileမှာ ၁၄ ရက်Quarantine နေကြရတဲ့သူများကို အကဖျော်ဖြေရေးဖြင့်သွားခဲ့ပါတယ်” ဆိုတဲ့ စာလေးနဲ့အတူ သွားရောက်ဖျော်ဖြေခဲ့တဲ့ ဗီဒီယိုဖိုင်လေးကို ဝေမျှခဲ့တာပဲ ဖြစ်ပါတယ်။ CeleConnections ပရိသတ်ကြီးလည်း လင်းလင်းရဲ့ ဗီဒီယိုဖိုင်လေးကိုကြည့်ပြီး သဘောကျရင်မှတ်ချက်တစ်ခုခုပေးခဲ့ပါဦးနော်။

Source : Linn Linn
Candy -CeleConnections

error: Alert: Content is protected !!