

 

 


 

 


ယူနီကုဒ်ဖြင်ဖတ်ရန်

“Covid-19ရောဂါပိုးကို ကာကွယ်ရန် သက်ကြီးရွယ်အိုတွေကို အပြင်မထွက်ဖို့တောင်းဆိုလိုက်တဲ့ အေးမြတ်သူရဲ့ ဗီဒီယိုဖိုင်”

 

မြန်မာနိုင်ငံရဲ့ နာမည်ကျော်ရုပ်ရှင်မင်းသမီးတစ်ဦးဖြစ်တဲ့ အေးမြတ်သူကိုတော့ တရင်းတနှီးမိတ်ဆက်ပေးဖို့မလိုလောက်ဘူးထင်ပါတယ်နော်။ မမြတ်လေးကတော့ မြန်မာဆန်ဆန်လေးတွေဝတ်ကာ နန်းဆန်လွန်းတာကြောင့် ပုရိသပရိသတ်တွေရဲ့ အသည်းကျော်မင်းသမီးတစ်လက်ဆိုလည်းမမှားလောက်ပါဘူး။ သူမဟာဆိုရင် ဇာတ်ကားတိုင်းလိုလို သရုပ်ဆောင်ရာမှာ ကျရာဇာတ်ရုပ်ကို ပီပြင်စွာ သရုပ်ဆောင်နိုင်တဲ့ မင်းသမီးတစ်လက်ပဲဖြစ်ပါတယ်။

 

မမြတ်လေးကတော့ အခုcovid-19ဖြစ်ပွားနေချိန် သူရဲ့ အနုပညာရတဲ့ ချွေးနှဲစာလေးနဲ့ လိုအပ်နေတဲ့ပြည်သူတွေကို လှူဒါန်းထားတဲ့ ပုံရိပ်လေးတွေကို တင်ပေးလေ့ရှိပါတယ်။ ဧပြီလ(၆)ရက်နေ့မှာ သူမဟာဆိုရင်” တားရခက် ပြောရခက် တဲ့ ဖေဖေ မေမေ ဦးဦး ဒေါ်ဒေါ် လူကြီးများ တောင်းဆိုပါတယ် အိမ်ထဲမှာပဲနေကြပါ”ဆိုကာ ဗီဒီယိုလေးရိုက်ကာ သူမရဲ့တွေ့ကြုံနေတဲ့ ခံစားချက်လေးကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်လာခဲ့တာပဲဖြစ်ပါတယ်။ သူမကတော့ အိမ်အပြင်မထွက်ဖို့ကို တောင်းဆိုလိုက်တဲ့ဗီဒီယိုလေးကို တင်ပေးလိုက်တာပါပဲနော်။

 

CeleConnectionsပရိသတ်တွေအတွက် အေးမြတ်သူရဲ့ဗီဒီယိုဖိုင်လေးကို ပြန်လည်ပြီးမျှဝေပေးလိုက်ပါတယ်နော်။ ပရိသတ်ကြီးကလည်း အေးမြတ်သူလေးကို အားပေးချစ်ခင်တယ်ဆိုရင် အိမ်မှာနေဖို့ လိုက်နာကြမယ်လို့လည်း ထင်ပါတယ်။
Soure… Aye Myat Thu’s Facebook
Angella(CeleConnections)

error: Alert: Content is protected !!