

 

 


 

 


ယူနီကုဒ်ဖြင့်ဖတ်ရန်

“နှစ်တိုင်းသင်္ကြန်ရဲ့ ရင်ခုန်စရာကောင်းခဲ့ပြီး ဒီနှစ်သင်္ကြန်မရှိတော့လို့ ဝမ်းနည်းတယ်ဆိုတဲ့ သဇင်ထူးမြင့်”

 

 

CeleConnectionsပရိသတ်တွေနဲ့ရင်းနှီးပြီးသားဖြစ်မယ်ထင်တဲ့ သရုပ်ဆောင်ခင်လှိုင်ရဲ့သမီးအငယ်ဆုံးလေး သဇင်ထူးမြင့်နဲ့ အထူးတလည်မိတ်ဆက်ပေးဖို့မလိုလောက်ဘူးထင်ပါဘူး။သဇင်ထူးမြင့်ကတော့ (၂၀၁၈)ရွှေကြိုမယ်အဖြစ်ရွေးချယ်ရင်း ပရိသတ်တွေရဲ့အားပေးမှုကိုရရှိထားသူပဲဖြစ်ပါတယ်။ ဖခင်ဖြစ်သူရဲ့အနုပညာပိုးပါတာကြောင့် MTVတွေမှာလည်း သရုပ်ဆောင်အဖြစ်လုပ်နေသူဆိုလည်းမမှားလောက်ပါဘူးနော်။

 

သဇင်ထူးမြင့်ကတော့ အခုလတ်တလောမှာအနုပညာအလုပ်တွေကို ခေတ္တအနားယူကာအိမ်မှာနေရင်း အမှတ်တရပုံရိပ်လေးတွေနဲ့ ဟာသဗီဒီယိုဖိုင်လေးကို တင်ပေးရှိသူတစ်ဦးပါ။ သူမက” နှစ်တိုင်း သင်္ကြန်ရောက်ရင်ရင်ခုန်တာ တစ်ခုပဲရှိတယ်။ဘယ်သူအရင်ဆုံး ရေလာလောင်းမှာလဲပေါ့ဦးဆုံးလောင်းစေချင်တဲ့သူကိုဟုတ်ဟုတ်မဟုတ်ဟုတ်တွေးထားပြီးသား ဒီနှစ်ကတော့ ဂွမ်းပြီ.(အိမ်မှာနေရင်းရူးကြောင်ကြောင် လျှောက်တွေးခြင်း)”ဆိုကာ သူမရဲ့လူမှုကွန်ယက်စာမျက်နှာပေါ်မှာတင်လာခဲ့တာပဲဖြစ်ပါတယ်။ သူမရဲ့ နှစ်တိုင်းသင်္ကြန်ရောက်တိုင်းရင်ခုန်ခဲ့ရပေမယ့် ဒီနှစ်သင်္ကြန်မရှိတော့လို့ရင်ခုန်စရာမရှိတော့တဲ့အကြောင်းကို တင်လာခဲ့တာပါပဲနော်။

 

CeleConnectionsပရိသတ်တွေအတွက် သဇင်ထူးမြင့်ရဲ့ နှစ်တိုင်းသင်္ကြန်ရဲ့ရင်ခုန်မှုအကြောင်းကို ပြန်လည်ပြီးမျှဝေပေးလိုက်ပါတယ်။ ပရိသတ်ကြီးကလည်း သဇင်ထူးမြင့်လေးကို ချစ်တယ်ဆိုရင် မှတ်ချက်လေးတစ်ခုလောက်ရေးပေးခဲ့ကြပါနော်။
Soure… Thazin Htoo Myint’s Facebook
Angella(CeleConnections)

error: Alert: Content is protected !!