

 

 


 

 

 



ယူနီကုဒ်ဖြင့် ဖတ်ရန်

“မြောက်ဒဂုံမြို့နယ် (၃၁)ရပ်ကွက်အတွက် ဆန်အိတ်များလှူဒါန်းခဲ့တဲ့ မြင့်မြတ်တို့ မိသားစု”

သဘာဝကျတဲ့ သရုပ်ဆောင်ချက်တွေနဲ့ ပရိသတ်တွေရဲ့ ရင်ကို လှုပ်ခတ်စေခဲ့တဲ့ မင်းသားမြင့်မြတ်ကိုတော့ Cele Conncetions ပရိသတ်ကြီးလည်း ချစ်ခင် ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်နော်..။ ကျရာဇာတ်ရုပ်တိုင်းကို အကြမ်း၊ အနုမရွေးပီပြင်အောင်သရုပ်ဆောင်တတ်တဲ့ မင်းသားတစ်လက်လို့ ပြောရင်မှားမယ် မထင်ပါဘူး..။ အလှူအတန်းတွေကိုလည်း လုပ်တတ်ပြီး အမြဲတမ်း ပွင့်ပွင့်လင်းလင်းနေထိုင်တတ်တဲ့ မြင့်မြတ်ရဲ့ အပြုအမူလေးတွေက ပရိသတ်တွေကို အချစ်ပိုစေခဲ့တာလို့ ပြောရမယ် ထင်ပါတယ်နော်..။

ဒီနေ့ ဧပြီလ (၆)ရက်နေ့မှာတော့ မြင့်မြတ်ရဲ့ မန်နေဂျာရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တစ်ဆင့် သူတို့မိသားစု လှူဒါန်းခဲ့တဲ့ အကြောင်းလေးကို “Now.သရုပ်ဆောင် အကယ်ဒမီ ကိုမြင့်မြတ်+မခင်သူအောင်သား မောင်မြတ်သူ မိသားစုမြောက်ဒဂုံမြို့နယ် (၃၁) ရက်ကွက်ဆန်အိတ်များ လှူဒါန်းခဲ့ပါတယ်။ နတ်လူသာဓုခေါ်စေသော်…” ဆိုပြီး တင်လာခဲ့ပါတယ်..။

မြင့်မြတ်ကတော့ သူတို့မိသားစုရဲ့ အလှူလေးကို သူ့ရဲ့ ပရိသတ်တွေပါ ကြားသိစေကာ သာဓုခေါ်ဆိုနိုင်အောင် တင်လာခဲ့တာပဲဖြစ်ပါတယ်နော် ပရိသတ်ကြီး..။ Cele Connections ပရိသတ်ကြီးလည်း မြင့်မြတ်တို့ မိသားစုရဲ့ အလှူအတွက် သာဓုခေါ်ဆိုပေးသွားပါဦးနော်..။
Source: Myat Wai Tun’s Facebook

Sakura(Cele Connections)

error: Alert: Content is protected !!