

 

 



 

 

ယူနီကုဒ်ဖြင့်ဖတ်ရန်

အမေထက်သာပြီး အကတော်တဲ့ သမီး ပေါ်ရှာနဲ့ ကလိုဝီတို့ရဲ့ အကစွမ်းရည်တွေကို ထုတ်ပြလာတဲ့ စမိုင်းလ်

စမိုင်းလ်က အနုပညာ၊ လူမှုရေး၊ စီးပွားရေး၊ ကုသိုလ်ရေးတို့ကို မနားမနေလုပ်ကိုင်နေရပေမယ့် သူမရဲ့ မိသားစုလေးကိုလည်း သာယာပျော်ရွှင်ဖွယ်ဖြစ်အောင် ဖန်တီးထားတာ ဖြစ်ပါတယ်။ ပရိသတ်တွေက စမိုင်းလ်အပြင် စမိုင်းလ်ရဲ့ သမီးနှစ်ယောက်ဖြစ်တဲ့ ပေါ်ရှာနဲ့ ကလိုဝီတို့ကိုလည်း ချစ်ခင်ကြတာ ဖြစ်ပါတယ်။ သမီးလေးနှစ်ယောက်ကလည်း အနေအေးပြီး ချစ်စရာကောင်းလွန်းတာကြောင့် ပရိသတ်တွေက သဘောကျကြတာ ဖြစ်ပါတယ်။

ဒီတစ်ခေါက်မှာတော့ စမိုင်းလ်က သူမထက်သာပြီး အကစွမ်းရည်ကောင်းတဲ့ သမီးနှစ်ယောက်ရဲ့ Tik Tok ဗီဒီယိုလေးတွေကို ထုတ်ပြလာပါတယ်။ ပေါ်ရှာနဲ့ ကလိုဝီတို့က မထင်ထားလောက်အောင် အကကောင်းတာမို့ ပရိသတ်ကြီးအတွက် မျှဝေပေးလိုက်ပါတယ်နော်။

ပေါ်ရှာနဲ့ ကလိုဝီတို့ကလည်း ဒီလောက်ကတတ်မယ်လို့ မထင်ထားဘူးနော်။ ပရိသတ်ကြီးလည်း ပေါ်ရှာနဲ့ ကလိုဝီရဲ့ Tik Tok ဗီဒီယိုလေး ကြည့်ပြီး သဘောကျကြမယ် ထင်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။

Source: စမိုင်းလ် Smile’s fb
Bilie – Cele Connections

error: Alert: Content is protected !!