

 

 


 

 


 

 

Source: Nay Chi Oo’s fb
ယူနီကုဒ်ဖြင့်ဖတ်ရန်

အိမ်မှာနေရင်း EDM Festival ရောက်သွားသလိုမျိုး ခံစားရမယ့် နေခြည်ဦးရဲ့ Tik Tok ဗီဒီယိုလေး

နေခြည်ဦးလို့ဆိုလိုက်တာနဲ့ ချစ်စရာကောင်းပြီး သွက်လက်ချက်ချာတဲ့ မိန်းကလေးကို မြင်ယောက်ကျမိမယ် ထင်ပါတယ်။ နေခြည်ဦးက Beauty Blogger တစ်ယောက်အဖြစ် ထိုးဖောက်အောင်မြင်လာခဲ့ပြီး ရုပ်ရှင်ဇာတ်ကားတွေမှာ အဓိကသရုပ်ဆောင်အဖြစ် ပါဝင်နိုင်တဲ့အထိကို အောင်မြင်မှုတွေ ဆွတ်ခူးရရှိပိုင်ဆိုင်နေတာပဲ ဖြစ်ပါတယ်။

အိမ်ထဲက အိမ်ပြင်မထွက်ရပေမယ့် ကိုယ့်ကိုကိုယ် ကျေနပ်အောင် အမြဲဖန်တီးတတ်တဲ့နေခြည်ဦးက ဒီနေ့မှာတော့ ပရိသတ်တွေမပျင်းရအောင် Tik Tok ဗီဒီယိုလေးတစ်ခုကို မျှဝေပေးထားပါတယ်။ ပရိသတ်တွေအတွက် နေခြည်ဦးရဲ့ Tik Tok လေးကို မျှဝေပေးလိုက်ပါတယ်နော်။

နေခြည်ဦးကတော့ သူမပုံစံအတိုင်းပဲ ဘာတွေပဲဖြစ်နေဖြစ်နေ ပျော်ပျော်ရွှင်ရွှင်သာနေထိုင်တတ်သူတစ်ယောက် ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း နေခြည့်ရဲ့ ဗီဒီယိုလေးကြည့်ပြီး EDM Festival ရောက်သွားသလိုမျိုး ခံစားသွားရမယ် ထင်ပါတယ်နော်။

Source: Nay Chi Oo’s fb
Bilie – Cele Connections

error: Alert: Content is protected !!