

 

 


 

 


Source: Warso Moe Oo
ယူနီကုတ်ဖြင့်ဖတ်ရန်

” အိမ်မှာပဲနေကာ ပျော်စရာတွေဖန်တီးနေတဲ့ ဖြိုးလေးနဲ့ ဝါဆိုမိုးဦး ”

CeleConnections eleConnectoionsပရိသတ်ကြီးရေ ဝါဆိုမိုးဦးကတော့ အရွယ်ရောက်လာတာနဲ့ အမျှ ပုရိသအပေါင်းကို ရင်ခုန်စေတဲ့ အလှတွေပေါ်လွင်လာကာ အမိုက်စားဘော်ဒီနဲ့ အထာကျကျမင်းသမီးတစ်လက်ဖြစ်လာတယ်ဆိုတာ အမှန်ပါပဲနော်။ငယ်စဉ်ကလေးဘဝကတည်းက သရုပ်ဆောင်အလုပ်ကိုလုပ်ကိုင်လာခဲ့တဲ့မင်းသမီးတစ်လက်ဖြစ်ပြီး သူမရဲ့ ပွဲတက်ဖက်ရှင်တွေကိုလည်း မိန်းကလေးတော်တော်များများက သဘောကျအားပေးလေ့ရှိကြပါတယ်။

အချစ်ရေးကတော့ နိုင်ငံကျော်အဆိုတော် ဖြိုးလေးနဲ့ချစ်သူသက်တမ်း(၄)နှစ်ကျော်လာခဲ့တာဖြစ်ပြီး ပရိသတ်တွေအားကျရတဲ့ Idol Coupleတွေထဲက တစ်တွဲအပါအဝင်လို့ဆိုရမှာပါ။နှစ်ဖက်မိဘဆွေမျိုးတွေနဲ့လည်း ခင်မင်ရင်းနှီးကာ ဖြိုးလေးနဲ့အတူ အပန်းဖြေနိုင်ငံခြားခရီးတွေလည်း ထွက်လေ့ရှိတာပဲ ဖြစ်ပါတယ်။

ယခုဖြစ်ပွားနေတဲ့ Covid -19 နဲ့ပတ်သက်ပြီးဆောင်ရန်ရှောင်ရန်တွေကို ပရိသတ်တွေသိရှိအောင်တိုက်တွန်းနှိုးဆော်နေတဲ့ အနုပညာရှင်တွေထဲမှာ ဖြိုးလေးနဲ့ ဝါဆိုမိုဦးတို့စုံတွဲလည်း ပါဝင်နေပါတယ်နော်။ လက်ရှိမှာတော့ အိမ်မှာနေကာ ဖြိုးလေးကို သရဲပုံစံခြောက်လှန့်ခဲ့တဲ့ရယ်စရာ TikTok ဗီဒီယိုဖိုင်လေးကို မျှဝေခဲ့တာပဲ ဖြစ်ပါတယ်။ ဝါဆိုမိုးဦးကတော့ အိမ်ထဲမှာပဲနေကာ အချိန်ကုန်ဆုံးနေကြောင်း ပရိသတ်တွေကို အမြဲဝေမျှနေသူတစ်ယောက်ပါ။
CeleConnections ပရိသတ်ကြီးထဲမှာရော ပျော်ပျော်နေတတ်တဲ့ ဖြိုးလေးနဲ့ ဝါဆိုမိုဦး တို့စုံတွဲကို ချစ်ရင်မှတ်ချက်တစ်ခုခုပေးခဲ့ပါဦးနော်။

Source: Warso Moe Oo
Candy – CeleConnections

error: Alert: Content is protected !!