

 

 


 

 

ယူနီကုဒ်ဖြင့်ဖတ်ရန်

“အရင်နဲ့မတူဘဲ တစ်နေ့တစ်ခြားချစ်ဖို့ကောင်းလာတဲ့ရွှေပိုးအိမ်”

 

 

မြန်မာနိုင်ငံရဲ့နာမည်ကျော်ရုပ်ရှင်မင်းသမီးတစ်ဦးဖြစ်တဲ့ရွှေပိုးအိမ်လေးနဲ့ အထူးတလည်မိတ်ဆက်ပေးဖို့မလိုလောက်ဘူးထင်ပါတယ်။ ရွှေပိုးအိမ်လေးကတော့ ပါရဟိတလုပ်ငန်းပိုင်းတွေမှာလည်း ကိုယ်တိုင်သွားရောက်လှူဒါန်းနေတာကြောင့် ပရိသတ်တွေရဲ့ အားပေးမှုကို ပိုမိုရရှိလာတာပဲဖြစ်ပါတယ်။ သူမဟာဆိုရင် ပါရဟိတလုပ်ငန်းတွေကို လုပ်ကိုင်နေရုံသာမက ဝါသနာပါရာ အနုပညာအလုပ်ကိုလည်း လုပ်ကိုင်အားပေးနေသူတစ်ဦးဆိုလည်း မမှားလောက်ပါဘူးနော်။

 

 

ရွှေပိုးအိမ်လေးက အိမ်မှာခေတ္တအနားယူနေစဉ် tik tokလေးတွေဆော့ကာ အမှတ်တရပုံရိပ်လေးတွေနဲ့ ဗီဒီယိုလေးတွေကို တင်ပေးလေ့ရှိပါတယ်။ဧပြီလ (၆)ရက်နေ့မှာ ရွှေပိုးအိမ်လေးက” ငါ ဘာဖြစ်နေတာလဲ ချစ်စရာအရမ်းကောင်းနေတာလား ဟဟဟ”လို့ဆိုကာ သူမရဲ့ချစ်စရာကောင်းတဲ့အမူအရာလေးတွေကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာတင်လာခဲ့တာပဲဖြစ်ပါတယ်။သူမကိုတွေ့ဖူးနေကြပုံရိပ်လေးနဲ့မတူဘဲတမူထူးခြားတဲ့ပုံရိပ်လေးကို တင်ပေးလိုက်တာပါပဲနော်။

CeleConnectionsပရိသတ်တွေအတွက် ရွှေပိုးအိမ်လေးရဲ့ချစ်စရာကောင်းတဲ့ပုံရိပ်လေးတွေကို ပြန်လည်ပြီးမျှဝေပေးလိုက်ပါတယ်။ပရိသတ်ကြီးကလည်း ရွှေပိုးအိမ်လေးကို ချစ်တယ်ဆိုရင်မှတ်ချက်လေးတစ်ခုလောက်ရေးပေးခဲ့ကြပါနော်။
Soure…Shwe Poe Eain’s Facebook
Angella(CeleConnections)
ယူနီကုဒ်ဖြင့်ဖတ်ရန်

error: Alert: Content is protected !!