Source: Po Po’s fb
ယူနီကုဒ်ဖြင့်ရေးရန်
သူများရည်းစားနဲ့ ဖောက်ပြန်တယ်ဆိုတဲ့ ကောလဟာလကို အချက်ကျကျပြန်လည်ဖြေရှင်းလာတဲ့ ပိုပို
အဆိုတော် ပိုပိုကတော့ အောင်မြင်တဲ့ အနုပညာလမ်းမပေါ်မှာ လျှောက်လှမ်းနေသူပီပီ ဝေဖန်တိုက်ခိုက်မှုတွေကို မကြာခဏခံရလေ့ရှိသူတစ်ယောက် ဖြစ်ပါတယ်။ ဒီနေ့မှာလည်း ပိုပိုဟာ သူများရည်းစားနဲ့ ဖောက်ပြန်ပြီး Video Call ပြောတယ်ဆိုတဲ့ ကောလဟာလက လူမှုကွန်ယက်စာမျက်နှာမှာ ပျံ့နှံ့လာပါတယ်။ ထိုကောလဟာလနဲ့ ပတ်သတ်ပြီး ပိုပိုက သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာတဆင့် အခုလိုပဲ ဖြေရှင်းလာပါတယ်။
“အခု ဖြစ်နေတဲ့ ပြသနာ ကို လွန်ခဲ့တဲ့ ၇ လလောက်ကတည်းက စိတ်တိုပြီး ရေးထားတာကြာပါပြီ။ တော်သေးတာက ဒီပို့စ်လေးကို ပြန်ရှာတွေ့လို့ပါ (ဘယ်သူက Ss ပို့လည်း သိပါတယ်။ ပို့တဲ့သူ ကျန်းမာကြပါစေ။ ပျော်ပါစေ။ ကျမလဲ ဒီ ဝဋ်ကြွေး ရှိရင်လဲ ကျေနပ်စွာခံယူပါတယ်။
ဝဋ် ဆိုတာ သိပ်လှပါတယ် ပြောလိုက်တာတော့ ပါးစပ်လေးပဲပြောပြီး ရေးလိုက်တာ ခံရရင် ခန္ဓာနဲ့ ဆပ်ရမှာပါ။)” ဆိုပြီး စိတ်မကောင်းစွာ ရေးသားထားပါတယ်။ပိုပိုရဲ့ အခုပျံ့နှံ့နေတဲ့ပုံက လွန်ခဲ့တဲ့ (၇)လလောက်ကတည်းက သူငယ်ချင်းတစ်ယောက်နဲ့ပြောထားတာဖြစ်ပြီး သူငယ်ချင်းဖက်က Screenshot ရိုက်ထားတာကြောင့် ပြဿနာတွေဖြစ်ခဲ့ရပြီး ပိုပိုက ရှင်းလင်းပြီးသား ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း အခုဆိုရင် ပိုပိုအပေါ် အထင်အမြင်တွေ ရှင် းလင်းသွားကြပြီ ထင်ပါတယ်နော်။
Source: Po Po’s fb
Bilie – Cele Connections
error: Alert: Content is protected !!