

 

 


 


ယူနီကုဒ်ဖြင့်ဖတ်ရန်

“သူများနဲ့မတူထူးခြားစွာနဲ့အဖေ့မွေးနေ့လေးကိုဆုမွန်ကောင်းတောင်းလိုက်တဲ့ညိုမင်းလွင်”

 

 

မြန်မာနိုင်ငံရဲ့နာမည်ကြီးဒါရိုက်တာတွေထဲကမှ တစ်ဦးအပါအဝင်ဖြစ်တဲ့ ညိုမင်းလွင်နဲ့သိပြီးလောက်မယ်ထင်ပါတယ်။ ညိုမင်းလွင်ရဲ့ရိုက်ကူးမှုတွေကတော့ တကယ့်ကိုပီပြင်စွာရိုက်ကူးထားလေ့ရှိတာကြောင့် ပရိသတ်တွေရဲ့အားပေးမှုရရှိထားတဲ့ဒါရိုက်တာတစ်လက်ဆိုလည်းမမှားလောက်ပါဘူး။ သူရဲ့ရုပ်ရှင်တိုင်းဟာဆိုရင် စိတ္တဇဆန်ဆန်နဲ့ ဒရမ်မာဇာတ်လမ်းမျိုးတွေပဲဖြစ်ပါတယ်။

 

အခုလတ်တလောမှာ မြန်မာပြည်ကြီးကပ်ဆိုက်နေတာကြောင့် ရိုက်ကူးမှုတွေရပ်နားထားရင်း အိမ်မှာနေစဉ်မှာ ဗဟုသုတရစေမယ့်စာလေးတွေကိုတင်ပေးလေ့ရှိတယ်။ဧပြီလ(၆)ရက်နေ့မှာ ညိုမင်းလွင်က သူရဲ့အဖေမွေးနေ့အတွက်”သောကြာနေ့မွေးတဲ့ကျွန်တော့်ကိုကျန်တဲ့လူတွေနဲ့အတိုက်အခံလုပ်ပြီးညိုမင်းလွင် လို့နာမည်ပေးခဲ့တဲ့ဖေဖေ့မွေးနေ့Happy Birthday, Dadဆိုကာ သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာပေါ်မှာတင်လာခဲ့တာပဲဖြစ်ပါတယ်။အဖေမွေးနေ့လေးကို သူများတွေနဲ့မတူထူးခြားစွာဆုမွန်ကောင်းတောင်းလိုက်တာပါပဲနော်။

 

CeleConnectionsပရိသတ်တွေအတွက် ညိုမင်းလွင်ကသူ့အဖေမွေးနေ့လေးကို ဆုမွန်ကောင်းတောင်းလိုက်ကြောင်းကို ပြန်လည်ပြီမျှဝေပေးလိုက်ပါတယ်။ပရိသတ်ကြီးကလည်း ညိုမင်းလွင်ကို အားပေးချစ်ခင်တယ်ဆိုရင် သူ့အဖေအတွက်မွေးနေ့ဆုမွန်ကောင်းလေးတောင်းပေးခဲ့ကြပါနော်။

Soure…Nyo Min Lwin’s Facebook
Angella(CeleConnections)

error: Alert: Content is protected !!