

 

 


 

 


 

Source : Ya Min Oo
ယူနီကုတ်ဖြင့်ဖတ်ရန်

” သူမရဲ့ အထူးလူဆီက ရိုမန့်တစ်ဆန်တဲ့ မွေးနေ့လက်ဆောင်လေးရရှိခဲ့တဲ့ ပန်ကိတ်ဗီဒီယိုဖိုင် ”

Cele Connections ပရိသတ်ကြီးရေ အနုပညာရှင်တစ်ယောက်မဟုတ်ပေမယ့် ပရိသတ်တွေရဲ့အချစ်တော် ဆယ်လီတစ်ယောက်ဖြစ်တဲ့ ပန်ကိတ်လေးဟာ အခုဆိုရင် ပရိသတ်တွေကို ခွန်အားရှိတဲ့ စာလေးတွေနဲ့ အတူ Beauty Blog လေးတွေ လုပ်ပြီးပရိသတ်တွေ ရဲ့ အားပေးမှု ပိုမိုရရှိလာတယ်ဆိုရင်လည်း မမှားပါဘူး။ပညာရေးမှာလည်းထူးချွန်သလို လူမှုဆက်ဆံရေးလည်း ကောင်းမွန်သူလေးပါ။

မကြာသေးခင်နှစ်တွေက အကြီးအကျယ်အပြောင်းအလဲတစ်ခုဖြစ်တဲ့ သူမရဲ့အချစ်ရေးကြောင့် ပရိသတ်တွေက သူမကိုကရုဏာသက်ခဲ့ကြတာပါ။အမြဲစကားသံဝဲဝဲလေးနဲ့ပရိသတ်တွေအချစ်ပိုစေတဲ့ ပန်ကိတ်လေးကတော့ နိုင်ငံခြားမှာအခြချနေထိုင်သူဖြစ်ပေမယ့် မြန်မာနိုင်ငံကိုချစ်တဲ့သူလေးပါပဲနော်။

လက်ရှိ အခြေအနေမှာလည်း Single ဘဝနဲ့ ဖြတ်သန်းနေတာပဲ ဖြစ်ပါတယ်။မနေ့ကကျရောက်တဲ့ မနေ့ကကျရောက်တဲ့ ဧပြီလ ၅ ရက်နေ့ကတော့ ပန်ကိတ်ရဲ့မွေးနေ့ရက်မြတ်လေးဖြစ်ပြီး သူမရဲ့လူမှုကွန်ရက်စာမျက်နှာMy dayမှာ ” Bd Present from special one ” ဆိုတဲ့စာလေးနဲ့ ပန်းစည်းလေးရရှိကြောင်းတင်လာခဲ့တာပါ။ ပန်ကိတ်ရဲ့ပရိသတ်တွေက ဘယ်သူဖြစ်မလဲလို့စိတ်ဝင်စားနေကြပြီး CeleConnections ပရိသတ်ကြီးလည်း ခန့်မှန်းပေးခဲ့ပါဦးနော်။

Source : Ya Min Oo
Candy -CeleConnections

 

error: Alert: Content is protected !!