

 

 


 

 



ယူနီကုဒ်ဖြင့် ဖတ်ရန်

“သားဖြစ်သူကို ကောင်းမွန်ဖို့ ပုံပြင်လေးတွေပြောကာ ပဲ့ပြင်ဆုံးမနေတဲ့ မယ်လိုဒီရဲ့ ဗီဒီယိုဖိုင်လေး”

နတ်သမီးလေးတစ်ယောက်လို လှပတဲ့ မင်းသမီးချောလေး မယ်လိုဒီကိုတော့ Cele Connections ပရိသတ်ကြီးလည်း ချစ်ခင် ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်နော်..။ ပရိသတ်တွေရဲ့ အချစ်တွေနဲ့ အားပေးမှုတွေကို ရရှိနေတဲ့ မယ်လိုဒီကတော့ ချစ်စရာကောင်းတဲ့ သားလေး သိဒ္ဓီစစ်နဲ့အတူ ပျော်ရွှင်အေးချမ်းတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားတာပဲဖြစ်ပါတယ်..။

အမြဲတမ်း မယ်လိုဒီတို့ သားအမိနှစ်ယောက်ကတော့ ပျော်ရွှင်စွာ အချိန်ကုန်ဆုံးဖြစ်ကြသလို သူမကို မျက်စိအောက်က အပျောက်မခံနိုင်အောင် ချစ်တဲ့ သားလေးကြောင့် ပျော်နေမိတဲ့ သူမရဲ့ ခံစားချက်လေးတွေကို လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လေ့ရှိပါတယ်..။ ဒီနေ့ ဧပြီလ (၆)ရက်နေ့မှာတော့ “အိမ်မှာဘဲနေရလို့ ပျင်းနေကြတဲ့ သားသား မီးမီး တို့အတွက် ပုံပြောပြတဲ့အစီအစဉ်လေးပါ။ ပါဝင်ဖို့ဖိတ်ခေါ်တဲ့ မစံပါယ်Khine Sabai Minကိုကျေးဇူးအထူးတင်ပါတယ်ရှင်။ မျိုးကတော့ သားလေးကိုပုံပြင်လို့ ခေါင်းစဉ်တတ်ပြီး သားလေးကို ဖြစ်စေချင်တာတွေ နားသွင်း နှလုံးသားထဲဝင်အောင်ပြောတဲ့သဘောပါ။ မေမေတို့လည်း သဘောကျနှစ်သက်ဖို့မျှော်လင့်မိပါတယ်။

(၇)ရက်သားသမီးအားလုံး သက်ရှည် ကျန်းမာ စိတ်ချမ်းသာ လိုရာဆန္ဒ ပြည့်စုံကြပါစေရှင်။ Stay at home” ဆိုပြီး သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်..။ မယ်လိုဒီကတော့ အိမ်မှာပဲ အပြည့်အဝနားနေရတဲ့ အချိန်မှာ သားအတွက် အကျိုးရှိအောင် သေချာလေး လမ်းညွှန်ဆုံးမပဲ့ပြင် နေတာပဲဖြစ်ပါတယ်နော် ပရိသတ်ကြီး..။ Cele Connections ပရိသတ်ကြီးအတွက်လည်း မယ်လိုဒီတို့ သားအမိနှစ်ယောက်ရဲ့ ပုံပြင်ပြော ဗီဒီယိုဖိုင်လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်..။
Source: Melody Myo’s Facebook

Sakura(Cele Connections)

error: Alert: Content is protected !!