

 

 

 


 

 



ယူနီကုဒ်ဖြင့် ဖတ်ရန်

“လူရင်းတွေဆီကနေပါ ဝေဖန်မှုတွေကို ခံနေရလို့ ကိုယ့်ကိုယ်ကို သတ်သေတော့မယ်ဆိုတဲ့ မင်းရာဇာဇနီးဖြစ်သူရဲ့ အသံဖိုင်”

Cele Connections ပရိသတ်ကြီးရေ လတ်တလောမှာ အွန်လိုင်းပေါ်မှာ လူစိတ်ဝင်စားနေတဲ့ သတင်းတစ်ပုဒ်ဖြစ်နေတဲ့ မင်းသားမင်းရာဇာရဲ့ အိမ်ထောင်ရေးသတင်းကိုတော့ သိပြီးကြမယ် ထင်ပါတယ်နော်..။ (၂)နှစ်ကြာတဲ့အချိန်ထိ ဖောက်ပြန်ခဲ့တဲ့ ခင်ပွန်းဖြစ်သူ မင်းရာဇာရဲ့ အကြောင်းတွေကို ဇနီးဖြစ်သူကိုယ်တိုင်က ဖွင့်ချတင်လာခဲ့တာကြောင့် မင်းရာဇာပရိသတ်တွေလည်း တော်တော်ကို အံ့သြခဲ့ကြရတာပဲဖြစ်ပါတယ်..။

ဇနီးဖြစ်သူရဲ့ ပွင့်ပွင့်လင်းလင်းချပြမှုတွေကြောင့် လူတစ်ချို့ရဲ့ ဝေဖန်မှုတိုက်ခိုက်တဲ့ စကားသံတွေကို ရရှိပြီး နှစ်သိမ့်မှုကို လိုအပ်နေတဲ့ သူမအတွက် ကိုယ်ချင်းစာမပေးနိုင်အောင် ဝေဖန်နေကြတဲ့ သူတွေရဲ့ စကားသံတွေကို မခံစားနိုင်လို့ ခင်ပွန်းဖြစ်သူ မင်းရာဇာ ရဲ့ တရားဝင် အကောင့်ကနေ “အဲ့လောက် လူမဆန်တဲ့ လောကကြီးက လူတွေ၊ ကိုယ်ချင်းစာတရားမရှိကြတဲ့ လူတွေ ငါ့ကိုယ်ငါ သတ်သေပြမယ် သိလား။ ဒီလို အသံကြားမှ အကုန်လုံးရှင်းလင်းကြမှာမလား။ ဘာမှလည်း အကြောင်းစုံမသိဘဲနဲ့ ..ငါ့ကိုယ်ငါ သတ်သေတဲ့ သတင်းကို စောင့်နေကြ”ဆိုပြီး အသံဖိုင် Live လွှင့်ကာ တင်လာခဲ့တာပဲဖြစ်ပါတယ်..။

မခံစားနိုင်အောင် ခံစားချက်တွေဖြစ်နေတဲ့ သူမရဲ့ ခံစားချက်တွေကို ဖြေမဆည်နိုင်ဖြစ်နေတဲ့ အချိန်မှာ လူရင်းတွေကိုယ်တိုင်ရဲ့ ဝေဖန်မှုတွေကို ခံစားနေရလို့ သတ်သေမယ်ဆိုပြီး တင်လာခဲ့တာပဲဖြစ်ပါတယ်..။ Cele Connections ပရိသတ်ကြီးအတွက် အသံဖိုင်လေးကိုလည်း ပြန်လည်မျှဝေပေးလိုက်ပါတယ်..။ ပရိသတ်ကြီးလည်း မခံစားနိုင်အောင် ဝမ်းနည်းနေတဲ့ မင်းရာဇာရဲ့ ဇနီးဖြစ်သူအတွက် အားပေးစကားလေးတွေကို ရေးပေးသွားကြပါဦးနော်..။
Source: Min Yar Zar’s Facebook

Sakura(Cele Connecitons)

error: Alert: Content is protected !!