“မီးေလာင္ေနတဲ့ ေနရာဆီ ကိုယ္တိုင္မီးသတ္ဖုိ႕ သြားေနတဲ့ ထြန္းကိုကိုရဲ႕ ဗီဒီယုိဖုိင္”

Cele Connections ပရိသတ္ႀကီးေရ ပရဟိတအလုပ္ေတြကို လုပ္ေဆာင္တဲ့ အနုပညာရွင္ေတြထဲက တစ္ေယာက္အပါအဝင္ျဖစ္တဲ့ မင္းသားထြန္းကိုကို ကိုေတာ့ ရင္းႏွီးၾကမယ္ ထင္ပါတယ္ေနာ္..။ က်ရာဇာတ္ရုပ္တိုင္းကို ပီျပင္ေအာင္ သရုပ္ေဆာင္နုိင္ၿပီး ပရိသတ္ေတြရဲ႕ ခ်စ္ခင္ အားေပးမႈေတြကို ရရွိေနတဲ့ ထြန္းကိုကိုကေတာ့ ပရဟိတနဲ႕ လွဴဒါန္းမႈေတြကို လုပ္ေဆာင္ကာ ဘဝကို ျဖတ္သန္းေနသူပဲျဖစ္ပါတယ္..။ နာေရးကူညီမႈအသင္းမွာလည္း ပါဝင္ထားၿပီး မီးသတ္တပ္ဖြဲ႕ဝင္အျဖစ္လည္း လုပ္ေဆာင္ေနတဲ့သူပါ..။

 

 

 

စြန္႕စြန္႕စားစားနဲ႕ လူေတြကို ကယ္တင္ကာ အပူၿငိမ္းေပးတဲ့ မီးသတ္သမားေတြကို ေလးစားတဲ့စိတ္နဲ႕ မီးသတ္တပ္ဖြဲ႕ ဝင္ျဖစ္ခဲ့တယ္ဆုိၿပီးလည္း မီဒီယာတစ္ခုရဲ႕ အင္တာဗ်ဴးတစ္ခုမွာ ေျပာျပခဲ့ဖူးပါတယ္..။ ဒီေန႕ဧၿပီလ (၆)ရက္ေန႕မွာေတာ့ ထြန္းကိုကိုက အေရွ႕ဒဂံု ၊ တပင္ေရႊထီးလမ္းမွာ မီးေလာင္ေနတာကို ကိုယ္တိုင္ပါဝင္ လုပ္အားလုပ္ေဆာင္ေနတဲ့ ဗီဒီယုိဖုိင္ေလးကို သူ႕ရဲ႕ လူမႈကြန္ရက္စာမ်က္နွာေပၚမွာ တင္လာခဲ့ပါတယ္..။

 

 

ထြန္းကိုကိုက မၾကာေသးခင္ကမွ ထြန္းကိုကိုခ်စ္ၾကသူမ်ား အဖြဲ႕နဲ႕ လွဴဒါန္းမႈေတြကို လုပ္ေဆာင္ခဲ့ၿပီး အခုတစ္ခါမွာလည္း မီးသတ္ဖုိ႕အတြက္ ကိုယ္တိုင္ လုပ္ေဆာင္ေနျပန္ပါၿပီေနာ္ ပရိတ္ႀကီး..။ Cele Cnnections ပရိသတ္ႀကီးလည္း မီးသတ္ဖုိ႕သြားေနတဲ့ ထြန္းကိုကိုအတြက္ ေဘးကင္းဖုိ႕ ဆုေတာင္းစကားေလးေတြကိုလည္း ေရးေပးသြားၾကပါဦးေနာ္..။
Source: Tun Ko Ko’s Facebook

Sakura(Cele Conneections)

ယူနီကုဒ္ျဖင့္ ဖတ္ရန္

“မီးလောင်နေတဲ့ နေရာဆီ ကိုယ်တိုင်မီးသတ်ဖို့ သွားနေတဲ့ ထွန်းကိုကိုရဲ့ ဗီဒီယိုဖိုင်”

Cele Connections ပရိသတ်ကြီးရေ ပရဟိတအလုပ်တွေကို လုပ်ဆောင်တဲ့ အနုပညာရှင်တွေထဲက တစ်ယောက်အပါအဝင်ဖြစ်တဲ့ မင်းသားထွန်းကိုကို ကိုတော့ ရင်းနှီးကြမယ် ထင်ပါတယ်နော်..။ ကျရာဇာတ်ရုပ်တိုင်းကို ပီပြင်အောင် သရုပ်ဆောင်နိုင်ပြီး ပရိသတ်တွေရဲ့ ချစ်ခင် အားပေးမှုတွေကို ရရှိနေတဲ့ ထွန်းကိုကိုကတော့ ပရဟိတနဲ့ လှူဒါန်းမှုတွေကို လုပ်ဆောင်ကာ ဘဝကို ဖြတ်သန်းနေသူပဲဖြစ်ပါတယ်..။ နာရေးကူညီမှုအသင်းမှာလည်း ပါဝင်ထားပြီး မီးသတ်တပ်ဖွဲ့ဝင်အဖြစ်လည်း လုပ်ဆောင်နေတဲ့သူပါ..။

စွန့်စွန့်စားစားနဲ့ လူတွေကို ကယ်တင်ကာ အပူငြိမ်းပေးတဲ့ မီးသတ်သမားတွေကို လေးစားတဲ့စိတ်နဲ့ မီးသတ်တပ်ဖွဲ့ ဝင်ဖြစ်ခဲ့တယ်ဆိုပြီးလည်း မီဒီယာတစ်ခုရဲ့ အင်တာဗျူးတစ်ခုမှာ ပြောပြခဲ့ဖူးပါတယ်..။ ဒီနေ့ဧပြီလ (၆)ရက်နေ့မှာတော့ ထွန်းကိုကိုက အရှေ့ဒဂုံ ၊ တပင်ရွှေထီးလမ်းမှာ မီးလောင်နေတာကို ကိုယ်တိုင်ပါဝင် လုပ်အားလုပ်ဆောင်နေတဲ့ ဗီဒီယိုဖိုင်လေးကို သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်..။

ထွန်းကိုကိုက မကြာသေးခင်ကမှ ထွန်းကိုကိုချစ်ကြသူများ အဖွဲ့နဲ့ လှူဒါန်းမှုတွေကို လုပ်ဆောင်ခဲ့ပြီး အခုတစ်ခါမှာလည်း မီးသတ်ဖို့အတွက် ကိုယ်တိုင် လုပ်ဆောင်နေပြန်ပါပြီနော် ပရိတ်ကြီး..။ Cele Cnnections ပရိသတ်ကြီးလည်း မီးသတ်ဖို့သွားနေတဲ့ ထွန်းကိုကိုအတွက် ဘေးကင်းဖို့ ဆုတောင်းစကားလေးတွေကိုလည်း ရေးပေးသွားကြပါဦးနော်..။
Source: Tun Ko Ko’s Facebook

Sakura(Cele Conneections)

error: Alert: Content is protected !!