

 

 


 

 



ယူနီကုဒ်ဖြင့် ဖတ်ရန်

“ဒါရိုက်တာမောင်သီ ခေါ်တဲ့ Challenge လေးကို ဒီနေ့ကစပြီး လုပ်တော့မယ်ဆိုတဲ့ ခိုင်သင်းကြည်”

မြန်မာနိုင်ငံရဲ့ သရုပ်ဆောင်ကောင်းတဲ့ မင်းသမီးတွေထဲက တစ်ယောက်အပါအဝင်ဖြစ်တဲ့ မင်းသမီးခိုင်သင်းကြည်ကိုတော့ Cele Connections ပရိသတ်ကြီးလည်း ချစ်ခင် ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်နော်..။ ကျရာဇာတ်ရုပ်တိုင်းကို ဆေးစက်ကျရာ အရာထင်ဆိုသလို ပီပြင်အောင် သရုပ်ဆောင်တဲ့ ခိုင်သင်းကြည်ကတော့ အကယ်ဒမီ ရုပ်ရှင် ထူးချွန်ဆု(၂)ဆုကို ပိုင်ဆိုင်ထားသူပဲဖြစ်ပါတယ်..။ ခိုင်သင်းကြည်ကတော့ ပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးနဲ့ အေးအေးချမ်းချမ်းနေထိုင်တဲ့သူပါ..။

အိမ်မှာနေစဉ်အတွင်းမှာလည်း ဘုရားရှိခိုးဝတ်ပြုကာ အေးအေးချမ်းချမ်းနေထိုင်နေတဲ့ ခိုင်သင်းကြည်က ဒီနေ့ ဧပြီလ(၆)ရက်နေ့မှာတော့ “ပဌာန်းရွတ်ဖတ်ပူဇော်.. တနင်္လာနေ့ရန်ကုန်မှာရှိနေပြီး ရွှေတိဂုံစေတီတော်ကို မဖူးရတာ(၃)ပတ်ရှိပြီ.။ ဒီနေ့ကစပြီး ဦးသီရဲ့ Challenge ကို လက်ခံပြီး ငါးပါးသီလယူပါတယ်.။ တစ်နေ့ တရား (၅)ကြိမ်ထိုင်ပါမယ်ရှင်..။”ဆိုပြီး သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်..။

ခိုင်သင်းကြည်ကတော့ ဒါရိုက်တာ မောင်သီရဲ့ ငါးပါးသီယူပြီး တစ်နေ့ တရား(၅)ကြိမ်ထိုင်တဲ့ Challenge လေးကို လက်ခံကာ ဒီနေ့ကနေ စတင်ပြီး သူမလုပ်ဆောင်တော့မယ့် အကြောင်းလေးကို ရေးတင်လာခဲ့တာပဲဖြစ်ပါတယ်နော် ပရိသတ်ကြီး..။ အိမ်မှာနေနေတဲ့ Cele Connections ပရိသတ်ကြီးလည်း ခိုင်သင်းကြည်လို Challenge လုပ်ရင်း ကုသိုလ်ရမယ့် Challenge လုပ်နိုင်အောင် ပြန်လည်မျှဝေပေးလိုက်ပါတယ်..။
Source: Khine Thi Kyi’s Facebook

Sakura(Cele Connections)

error: Alert: Content is protected !!