ဒဂံုဆိပ္ကမ္းျမိဳ့နယ္မွာရိွတဲ့ လက္လုပ္လက္စားအေျခခံလုပ္သား အိမ္ေထာင္စု(၂၀၀) အတြက္ လွဴဒါန္းမႈေတြ ျပဳလုပ္ခဲ့တဲ့ ခိုင္နွင္းေဝ

မင္းသမီးေခ်ာေလး ခိုင္နွင္းေဝက သူမရဲ့ အနုပညာမွာ သာမက ထက္သန္လြန္းျပီး ေစတနာပါလြန္းတဲ့   ပရဟိတစိတ္ထားေၾကာင့္ လူခ်င္လူခင္ေပါမ်ားသူတစ္ေယာက္ပဲ ျဖစ္ပါတယ္။ ပရဟိတမင္းသမီးေလးတစ္လက္ျဖစ္တဲ့ ခိုင္နွင္းေဝက ဒီေန့မွာလည္း လက္လုပ္လက္စား အေျခခံ လုပ္သားေတြ အမ်ားဆံုးေနထိုင္တဲ့ အေရွ႕ဒဂုံ ၊ ဒဂုံဆိပ္ကမ္း ၿမိဳ့နယ္ေတြမွာ အလွဴေတြ သြားေရာက္ျပဳလုပ္ခဲ့ပါတယ္။

 

 

ခိုင္နွင္းေဝက “အေရွ႕ဒဂုံ ၊ ဒဂုံဆိပ္ကမ္း ၿမိဳ့နယ္ေတြမွာရွိတဲ့ လက္လုပ္လက္စား အေျခခံလုပ္သားေတြအတြက္ အိမ္ေထာင္စု ၂၀၀ စာ Package ၀ယ္ယူၿပီး သြားေရာက္လွူဒါန္းခဲ့ပါတယ္ရွင္။

ထပ္မံၿပီးလည္း တကယ္လိုအပ္ေနတဲ့ ေနရာေတြမွာ သြာ‌းေရာက္လွူဒါန္းနိုင္ရန္အတြက္ ရည္မွန္းေတာင္းဆုျပဳရင္း က်မရဲ့ မိတ္ေဆြမ်ားလည္း ၾကည္ႏူးပီတိကို ခံစားရေစဖို့ အလွူပုံေလးေတြ မၽွေဝလိုက္ပါတယ္ရွင္” ဆိုျပီး သူမရဲ့ အလွဴပံုေလးေတြကို ေဖာ္ျပေပးထားပါတယ္။

 

 

ခိုင္နွင္းေဝကေတာ့ ဘယ္ေတာ့မဆို သူမကိုယ္တိုင္ သြားျပီး အလွဴအတန္းေတြ ျပဳလုပ္ေလ့ရိွတဲ့   မင္းသမီးတစ္လက္ ျဖစ္ပါတယ္။ ပရိသတ္ၾကီးလည္း ခိုင္နွင္းေဝရဲ့ အလွဴေလးကို သာဓုေခၚေပးၾကပါဦးေနာ္။

Source: Khine Hnin Wai’s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

ဒဂုံဆိပ်ကမ်းမြို့နယ်မှာရှိတဲ့ လက်လုပ်လက်စား  အခြေခံလုပ်သား အိမ်ထောင်စု (၂၀၀) အတွက် လှူဒါန်းမှုတွေ ပြုလုပ်ခဲ့တဲ့ ခိုင်နှင်းဝေ

မင်းသမီးချောလေး ခိုင်နှင်းဝေက   သူမရဲ့ အနုပညာမှာသာမက ထက်သန်လွန်းပြီး စေတနာပါလွန်းတဲ့ ပရဟိတစိတ်ထားကြောင့် လူချင်လူခင်ပေါများသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ပရဟိတမင်းသမီးလေးတစ်လက်ဖြစ်တဲ့ ခိုင်နှင်းဝေက ဒီနေ့မှာလည်း လက်လုပ်လက်စား အခြေခံ လုပ်သားတွေ အများဆုံးနေထိုင်တဲ့ အရှေ့ဒဂုံ ၊ ဒဂုံဆိပ်ကမ်း မြို့နယ်တွေမှာ အလှူတွေ သွားရောက်ပြုလုပ်ခဲ့ပါတယ်။

 

 

ခိုင်နှင်းဝေက “အရှေ့ဒဂုံ ၊ ဒဂုံဆိပ်ကမ်း မြို့နယ်တွေမှာရှိတဲ့ လက်လုပ်လက်စား အခြေခံလုပ်သားတွေအတွက် အိမ်ထောင်စု ၂၀၀ စာ Package ဝယ်ယူပြီး သွားရောက်လှူဒါန်းခဲ့ပါတယ်ရှင်။ ထပ်မံပြီးလည်း တကယ်လိုအပ်နေတဲ့ နေရာတွေမှာ သွာ‌းရောက်လှူဒါန်းနိုင်ရန်အတွက် ရည်မှန်းတောင်းဆုပြုရင်း ကျမရဲ့ မိတ်ဆွေများလည်း ကြည်နူးပီတိကို ခံစားရစေဖို့ အလှူပုံလေးတွေ မျှဝေလိုက်ပါတယ်ရှင်” ဆိုပြီး သူမရဲ့ အလှူပုံလေးတွေကို ဖော်ပြပေးထားပါတယ်။

ခိုင်နှင်းဝေကတော့ ဘယ်တော့မဆို  သူမကိုယ်တိုင် သွားပြီး အလှူအတန်းတွေ ပြုလုပ်လေ့ရှိတဲ့ မင်းသမီးတစ်လက် ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ခိုင်နှင်းဝေရဲ့ အလှူလေးကို သာဓုခေါ်ပေးကြပါဦးနော်။

Source: Khine Hnin Wai’s fb
Bilie – Cele Connections

error: Alert: Content is protected !!