တြဲလာတာၾကာေတာ့ ခ်စ္သအနားမွာ ေလလည္ရင္ေတာင္ မရွက္ေတာ့ဘူးဆိုတဲ့ ဥကၠာမင္းေမာင္

သ႐ုပ္ေဆာင္ ဥကၠာမင္းေမာင္က လက္ရွိမွာေတာ့ ႏိုင္ငံရပ္ျခားမွာ တစ္ေယာက္တည္း အေျခခ်ေနထိုင္ေနတာပဲ ျဖစ္ပါတယ္။ ဥကၠာမင္းေမာင္က သူ႔ကိုယ္သူ Gay တစ္ေယာက္အျဖစ္ ပြင့္ပြင့္လင္းလင္း ေျပာဆိုထားသူျဖစ္ၿပီး သူ႔ရဲ႕အခ်စ္ေရးနဲ႔ ပက္သတ္ရင္လည္း ပရိသတ္ေတြကို ဖုံးကြယ္ထားျခင္းမရွိတဲ့သူတစ္ေယာက္ ျဖစ္ပါတယ္။ ပရိသတ္ေတြကလည္း ဥကၠာမင္းေမာင္ရဲ႕ အခ်စ္ေရးေလးကို စိတ္ဝင္တစား ေစာင့္ၾကည့္အားေပးၾကတာ ေတြ႕ရပါတယ္။

 

 

Covid – 19 ေရာဂါေၾကာင့္ အိမ္ထဲမွာ Lockdown ခ်ခံေနရတဲ့ ဥကၠာမင္းေမာင္က ခ်စ္သူနဲ႔အတူတူ ရွိတဲ့အခ်ိန္ေလးေတြကို “ေဘးမွာ ကပ္ၿပီး အီးတဘြတ္ဘြတ္ေပါက္ေနေသာ ကြၽန္ေတာ့္ခ်စ္သူ .. ရည္းစားသက္တမ္းၾကာလာေတာ့လဲ မရွက္ၾကေတာ့ပါဘူး။ တေန႔တေန႔ အိမ္မွာ အိပ္လိုက္စားလိုက္ Lockdown ဘဝ၊ Quarantine ဘဝ အမွတ္တရ။ ၾကာရင္ ႏွစ္ေယာက္လုံးဝက္ျဖစ္ေတာ့မယ္။” ဆိုျပီး အမွတ္တရေျပာလာပါတယ္။

 

 

ဥကၠာမင္းေမာင္နဲ့ သူ့ရဲ့ ခ်စ္သူတို့က အခုဆိုရင္ လက္တြဲလာခဲ့တာ (၂) နွစ္ေက်ာ္အခ်ိန္ကိုရိွျပီမို့ တစ္ေယာက္နဲ့တစ္ေယာက္ ပြင့္ပြင့္လင္းလင္းရိွေနတာ ျဖစ္ပါတယ္။ ပရိသတ္ၾကီးလည္း ဥကၠာမင္းေမာင္လို ပြင့္လင္းတဲ့ အခ်စ္ေရးေလးကို ပိုင္ဆိုင္ထားျပီလား ေျပာခဲ့ၾကဦးေနာ္။

 

 

Source: Okkar Min Maung
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

တွဲလာတာကြာတော့ ချစ်သအနားမှာ လေလည်ရင်တောင် မရှက်တော့ဘူးဆိုတဲ့ ဥက္ကာမင်းမောင်

သရုပ်ဆောင် ဥက္ကာမင်းမောင်က လက်ရှိမှာတော့ နိုင်ငံရပ်ခြားမှာ တစ်ယောက်တည်း အခြေချနေထိုင်နေတာပဲ ဖြစ်ပါတယ်။ ဥက္ကာမင်းမောင်က သူ့ကိုယ်သူ Gay တစ်ယောက်အဖြစ် ပွင့်ပွင့်လင်းလင်း ပြောဆိုထားသူဖြစ်ပြီး သူ့ရဲ့အချစ်ရေးနဲ့ ပက်သတ်ရင်လည်း ပရိသတ်တွေကို ဖုံးကွယ်ထားခြင်းမရှိတဲ့သူတစ်ယောက် ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း ဥက္ကာမင်းမောင်ရဲ့ အချစ်ရေးလေးကို စိတ်ဝင်တစား စောင့်ကြည့်အားပေးကြတာ တွေ့ရပါတယ်။

Covid – 19 ရောဂါကြောင့် အိမ်ထဲမှာ Lockdown ချခံနေရတဲ့ ဥက္ကာမင်းမောင်က ချစ်သူနဲ့အတူတူ ရှိတဲ့အချိန်လေးတွေကို “ဘေးမှာ ကပ်ပြီး အီးတဘွတ်ဘွတ်ပေါက်နေသော ကျွန်တော့်ချစ်သူ .. ရည်းစားသက်တမ်းကြာလာတော့လဲ မရှက်ကြတော့ပါဘူး။ တနေ့တနေ့ အိမ်မှာ အိပ်လိုက်စားလိုက် Lockdown ဘဝ၊ Quarantine ဘဝ အမှတ်တရ။ ကြာရင် နှစ်ယောက်လုံးဝက်ဖြစ်တော့မယ်။” ဆိုပြီး အမှတ်တရပြောလာပါတယ်။

ဥက္ကာမင်းမောင်နဲ့ သူ့ရဲ့ ချစ်သူတို့က အခုဆိုရင် လက်တွဲလာခဲ့တာ (၂) နှစ်ကျော်အချိန်ကိုရှိပြီမို့ တစ်ယောက်နဲ့တစ်ယောက် ပွင့်ပွင့်လင်းလင်းရှိနေတာ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ဥက္ကာမင်းမောင်လို ပွင့်လင်းတဲ့ အချစ်ရေးလေးကို ပိုင်ဆိုင်ထားပြီလား ပြောခဲ့ကြဦးနော်။

Source: Okkar Min Maung
Bilie – Cele Connections

error: Alert: Content is protected !!