

 

 

 


 

 



ယူနီကုဒ်ဖြင့် ဖတ်ရန်

“ညီမဖြစ်သူ ဈာဈာန်ဟန်သာလေး ဒေါသထွက်အောင်ထိ လိုက်စနောက်နေတဲ့ ဟန်ထူးဈာန်တို့မောင်နှမနှစ်ယောက်ရဲ့ ဗီဒီယိုဖိုင်လေး”

သီချင်းဆိုပြိုင်ပွဲ အစီအစဉ်တစ်ခုဖြစ်တဲ့ “ အိမ်မက်ဆုံရာ” ကနေ ပရိသတ်တွေရဲ့ အသည်းကို လှုပ်ခတ်အောင် လုပ်နိုင်ခဲ့တဲ့ အဆိုတော် ဟန်ထူးဈာန်ကိုတော့ Cele Connections ပရိသတ်ကြီးလည်း ချစ်ခင် ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်နော်..။ ပရိသတ်တွေရဲ့ အားပေးမှုနဲ့ ချစ်ခင်မှုတွေကို ရရှိနေတဲ့ ဟန်ထူးဈာန်ကတော့ တစ်ကိုယ်တော်အခွေ နှစ်ခွေ ထွက်ရှိထားပြီး ပရိသတ်တွေရဲ့ အကြိုက်တွေကို ရရှိခဲ့တာပဲဖြစ်ပါတယ်..။

ဟန်ထူးဈာန်က အခုလက်ရှိမှာ ချစ်ရတဲ့ ညီမလေးဈာဈာန်ဟန်သာနဲ့အတူ အနုပညာအလုပ်တွေကို လုပ်ဆောင်နေပြီး အမြဲ ရန်ဖြစ်လိုက် ပြန်ချစ်လိုက်နဲ့ ချစ်ဖို့ကောင်းတဲ့ မောင်နှမနှစ်ယောက်လို့ ပြောရမှာပါ..။ ဒီနေ့ ဧပြီလ (၆)ရက်နေ့မှာတော့ ဟန်ထူးဈာန်က ညီမဖြစ်သူ ဈာဈာန်ဟန်သာနဲ့ အပျော်သဘောလေး ဆော့ထားတဲ့ Tik Tok ဗီဒီယိုဖိုင်လေးကို “အစ်ကိုကစတာကို ညီမစိတ်ပုတ် အစားပုတ် ဒီတစ်ခါလည်း ကိုယ်ခံလိုက်ရပြန်ပြီ.။ TikTok မှာ HanHtooZen လို့ရိုက်ရှာပြီး မိသားစုတွေအတူတူ အိမ်မှာ အားရှိအောင် အသီးလေးတွေစားရင်း အခုလို ပျော်စရာ Tiktok လေးတွေဖန်းတီးကြနော် ပြီးရင် စော့ထားတဲ့ အားဆေးတွေအားလုံးကို ❤ လေးတွေပြန်ပေးမယ်.။ အားလုံးစိတ်ညစ်နေကြတဲ့အချိန်မှာ ခဏတာ ဒီ Video လေးကြောင့်ပျော်ရွှင်ရတယ်ဆို ကျေနပ်ပါပြီလေ” ဆိုပြီး သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်..။

အမြဲစနောက်ကာ ပျော်ရွှင်နေကြတဲ့ ဟန်ထူးဈာန်တို့ မောင်နှမနှစ်ယောက်ကတော့ ချစ်ဖို့ကောင်းလွန်းပါတယ်နော် ပရိသတ်ကြီးရေ..။ Cele Connections ပရိသတ်ကြီးလည်း ပြုံးပျော်ရအောင် ဟန်ထူးဈာန်တို့ မောင်နှမနှစ်ယောက်ရဲ့ ချစ်စရာ Tik Tok ဗီဒီယိုဖိုင်လေးကို ပြန်လည်မျှဝေပေး လိုက်ပါတယ်နော်..။
Source: Han Htoo Zen’s Facebook

Sakura(Cele Connections)

error: Alert: Content is protected !!