

 

 


 

 



ယူနီကုဒ်ဖြင့် ဖတ်ရန်

“ကလေးလေးတစ်ယောက်လို ချစ်ဖို့ကောင်းအောင် အမူအရာမျိုးစုံနဲ့ ဆော့ထားတဲ့ ခင်ဝင့်ဝါလေးရဲ့ ဗီဒီယိုဖိုင်အသစ်လေး”

အရုပ်မလေးတစ်ရုပ်လို လှတဲ့ မော်ဒယ်သရုပ်ဆောင် မင်းသမီးချော လေး ခင်ဝင့်ဝါကိုတော့ Cele Connections ပရိသတ်ကြီးလည်း ချစ်ခင် ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်နော်..။ ချစ်စရာကောင်းပြီး ဇာတ်ရုပ်တိုင်းကို ပီပြင်အောင် သရုပ်ဆောင်ကောင်းတဲ့ ခင်ဝင့်ဝါကတော့ တစ်နေ့ထက်တစ်နေ့ လှလာသူလေးလို့ ပြောရမှာပါ..။ အချစ်ရေးမှာ Single ဘဝနဲ့ အနုပညာအလုပ်တွေကို လုပ်ကိုင်ကာ လွတ်လွတ်လပ်လပ် ပျော်ပျော်ရွှင်ရွှင် ဘဝကို ဖြတ်သန်းနေတဲ့သူပဲဖြစ်ပါတယ်..။

ခင်ဝင့်ဝါက သူမရဲ့ အနုပညာလှုပ်ရှားမှုပုံရိပ်လေးတွေနဲ့ သူမရဲ့ ခံစားချက်လေးတွေကို လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်ကာ မျှဝေလေ့ရှိသူပါ..။ အမြဲတမ်း ကလေးလေးတစ်ယောက်လို ချစ်ဖို့ကောင်းအောင် နေတတ်တဲ့ ခင်ဝင့်ဝါလေးကတော့ ဒီနေ့ ဧပြီလ(၆)ရက်နေ့မှာ အသည်းယားစရာကောင်းအောင် ချစ်ဖို့ကောင်းနေတဲ့ Tik Tok ဗီဒီယိုဖိုင်လေးကို “အားလုံး အတွက် ခေးရဲ့ TikTok အစီစဉ် အပိုင်း(၁) မျက်စိနောက်တော်မူကြပါရှန့်” ဆိုပြီး သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်..။

အသည်းယားစရာကောင်းအောင် မျက်နှာအမူအရာမျိုးစုံကို လုပ်နေတဲ့ ခင်ဝင့်ဝါလေးကတော့ ချစ်ဖို့ကောင်းလွန်းပါတယ်နော် ပရိသတ်ကြီး..။Cele Connections ပရိသတ်ကြီးအတွက်လည်း ချစ်စရာကောင်းလွန်းတဲ့ ခင်ဝင့်ဝါလေးရဲ့ ဗီဒီယိုဖိုင်လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်..။ ပရိသတ်ကြီးလည်း ခင်ဝင့်ဝါလေးကို ချစ်ရင် မှတ်ချက်လေးတွေ ရေးပေးခဲ့ပါဦးနော်..။
Source: Khin Wint Wah’s Facebook

Sakura(Cele Connections)

error: Alert: Content is protected !!