

 

 


 

 



ယူနီကုဒ်ဖြင့်ဖတ်ရန်

“ဆိုက္ကားသမားများ၊စည်ပင်ဝန်ထမ်းများနဲ့ ရွှေပုန်းညက်အိမ်ရာကဝန်ထမ်း တချို့ကို တတ်နိုင်သလောက် ချွေးနှဲစာလေးနဲ့လှူဒါန်းခဲ့တဲ့ ဘင်ဂျမင်ဆုမ်း”

 

 

Myanmar Idol Season(4)ရဲ့ Runner Upတစ်ဦးဖြစ်တဲ့ ဘင်ဂျမင်ဆုမ်းနဲ့ အထူးတလည်မိတ်ဆက်ပေးဖို့မလိုလောက်ဘူးထင်ပါတယ်။ ဘင်ဂျမင်ဆုမ်းကတော့ ပြိုင်ပွဲဝင်တွေထဲကမှ ထူးခြားတဲ့အသံရှိတာကြောင့် summerလေးတွေရဲ့အားပေးမှုကိုရရှိထားတဲ့ တက်သစ်စအဆိုတော်တစ်လက်ဆိုလည်းမမှားလောက်ပါဘူးနော်။ သူဟာဆိုရင် single songလေးထွက်နိုင်ဖို့ကို အတတ်နိုင်ဆုံးကြိုးစားနေသူတစ်ဦးပဲဖြစ်ပါတယ်။

 

 

သိပ်မကြာသေးခင်က ဘင်ဂျမင်ဆုမ်းကို summerလေးတွေက ကားလေးတစ်စီးကိုစပရိုက်လုပ်ကာပေးခဲ့တာပဲဖြစ်ပါတယ်နော်။သူရဲ့ဖျော်ဖြေမှုအမှတ်တရပုံရိပ်လေးတွေနဲ့ ဗီဒီယိုလေးတွေကိုတော့ လူမှုကွန်ယက်စာမျက်နှာပေါ်မှာတင်လေ့ရှိပါတယ်။ ဧပြီလ(၅)ရက်နေ့မှာ ဘင်ဂျမင်ဆုမ်းက”ကျွန်တော်တို့Summer နာမည်နဲ့ ဒီနေ့ ဆိုက္ကားသမားများ၊စည်ပင်ဝန်ထမ်းများနဲ့ ရွှေပုန်းညက်အိမ်ရာကဝန်ထမ်း တချို့ကို တတ်နိုင်သလောက်အနည်းငယ်လှူဒါန်းခဲ့ပါတယ်ခင်ဗျ။ အားလုံးကိုကျေးဇူးတင်ပါတယ်ဗျ”လို့ဆိုကာ သူရဲ့လူမှုကွန်ယက်စာမျက်နှာပေါ်မှာတင်လာခဲ့တာပဲဖြစ်ပါတယ်။

 

ဘင်ဂျမင်ဆုမ်းကတော့ summerလေးတွေနာမည်နဲ့ လိုအပ်နေတဲ့သူလေးတွေအတွက် တက်နိုင်သလောက်လှူဒါန်းခဲ့ကြောင်းကို ပြန်လည်ပြီးမျှဝေပေးလိုက်ပါတယ်။ CeleConnectionsပရိသတ်ကြီးကလည်း ဘင်ဂျမင်ဆုမ်းရဲ့လှူဒါန်းမှုလေးကြောင့် သာဓုခေါ်ပေးခဲ့ကြပါနော်။

 

Soure….Benjamin Sum’s Facebook
Angella(CeleConnections)

error: Alert: Content is protected !!