Source: Yone Lay’s fb
ယူနီကုဒ်ဖြင့်ဖတ်ရန်
ထောင်ကျဖူးတဲ့သူတစ်ယောက်ဖြစ်တဲ့အတွက် Quarantine (၁၄)ရက်ဝင်တဲ့ ခံစားချက်ကို နားလည်ကြောင်းပြောလာတဲ့ ယုန်လေး
နိုင်ငံကျော် အဆိုတော် သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ ယုန်လေးက အသိမိတ်ဆွေတွေပေါများသလို လူမှုရေးရာနဲ့ ပက်သတ်လာရင်လည်း သူတတ်နိုင်တာ မှန်သမျှကို ကူညီ လုပ်ဆောင်ပေးနေသူတစ်ယောက် ဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာတော့ ယုန်လေးက သူကိုယ်တိုင် ထောင်ကျဖူးတဲ့သူတစ်ယောက်ဖြစ်တဲ့အတွက် Quarantine (၁၄)ရက်ဝင်တဲ့ ခံစားချက်ကို နားလည်ကြောင်းပြောပြလာပါတယ်။
“Quarantine ဖြစ်နေတဲ့ ဆေးရုံဝန်ထမ်းများ နှင့် ကျန်ရှိသူများအားလုံးကို ဖျော်ဖြေရန် နေရာ အသီးသီးမှ အကူညီတောင်းလာပါသည်။ တခြားအရာတွေလည်း ကျွန်ျတာ်အများကြီး လုပ်ဆောင်နေတဲ့အတွက် ဖျော်ဖြေဖို့က လုံးဝအပန်းမကြီးတဲ့ ကိစ္စတစ်ခုပါ။ သွားရောက်လည်း ဖျော်ဖြေချင်ပါတယ်။ ဆုံတွေ့ချင်ပါတယ်။ ကိုယ်တိုင်လည်း ထောင်ကျဖူးတော့ ဘယ်မှ မသွားရမလာရ ခံစားချက်ကို နားလည်ပါသည်။”
“ထောင်ထဲမှာတုန်းက မနက်နိုးရင် မနက်စာချက် စုစားရဖို့ ကိုအပျော်လေးပေါ့။ ပြီးရင်ဘောလုံးကန်၊ ခြင်းခတ်၊ ကော်ဖီသောက်၊ ညအိပ်ဆောင်ပိတ်ရင် ၇နာရီ မှာ ဘာမှမဟုတ်တဲ့ TV သေးသေးလေးရှေ့မှာ MWD ကလာတဲ့ အဲ့လောက်လည်းကောင်းတာမဟုတ်တဲ့ ဇာတ်လမ်းတွဲ ရုပ်ရှင်ကြည့်ဖို့ကို ဘဝကြီးဖြစ်ခဲ့တယ်။ အဲ့ကား အလာကိုစောင့် ဟာပြီးသွားပြီ။ အဓိက ကတော့ အချိန်ဖြုန်းတာနဲ့ ပျော်စရာတစ်ရက်တစ်ရက် ဘာမှမရှိလို့ ။ အခုက ထောင်ကျတာတော့မဟုတ်ဘူး မှန်ပါတယ်။ Online လည်းသုံးလို့ရနေတယ်။ ပြီးတော့ ၁၄ ရက်ထဲ မှန်ပါတယ်။”
“အဓိက ကတော့ ဆေးရုံနဲ့ ပက်သက် လုပ်ဆောင်နေရသူတွေကို အသနားဆုံး ကိုယ်ချင်းအစာဆုံး ။ Quarantine ပြီးရင် သူတို့က အိမ်ပြန်နေရတော့မှာလား ။ မဟုတ်ဘူးလေ။ ဆက်ပြီးတော့ တိုက်ပွဲ ဝင်ရဦးမှာ။ ထပ်ပြီးလည်း Quarantine ထိနိုင်သေးတယ်။ ဘယ်သူထပ်လုပ်ချင်ပါတော့မလဲ။ အဲ့အတွက် သူတို့ပျော်မယ် .သူတို့အတွက် Surrport ဘာမဆို လုပ်ပေးသင့်တယ်ထင်တယ်။” ဆိုပြီး သူ့ရဲ့ ထင်မြင်ချက်ကို ပွင့့်ပွင့်လင်းလင်း ပြောလာတာပဲ ဖြစ်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးတင်ပါတယ်နော်။
Source: Yone Lay’s fb
Bilie – Cele Connections
error: Alert: Content is protected !!