

 

 


 


 

 

Source: Eint Chit’s fb
ယူနီကုဒ်ဖြင့်ဖတ်ရန်

ကေတုမတီဆောင်က သူနာပြုလေးတွေကို တေးသီချင်းတွေနဲ့ ဖျော်ဖြေပြီး အားပေးခဲ့တဲ့ အိမ့်ချစ်

အဆိုတော် ချစ်ကောင်းရဲ့ သမီးဖြစ်သူ အိမ့်ချစ်က ဖခင်ခြေရာကို အပြည့်အဝနင်းပြီး အောင်မြင်နေသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ အောင်မြင်တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်သလို လူမှုရေး၊ ကုသိုလ်ရေးမှာလည်း လက်မနှေးတဲ့ အိမ့်ချစ်က မနေ့က ဧပြီလ (၄) ရက်နေ့မှာတော့ ရန်ကုန်မြို့မှာ Quarantine ဝင်နေရတဲ့ သူနာပြုတွေ၊ ပြည်တော်ပြန်တွေကို တေးသီချင်းတွေနဲ့ သီဆိုအားပေးခဲ့တာ ဖြစ်ပါတယ်။

အိမ့်ချစ်က သူမဖျော်ဖြေပေးခဲ့တဲ့ အမှတ်တရလေးကို ” လှိုင်ကေတုမတီဆောင်နဲ့ hotel 7 Mileမှာ ၁၄ ရက်Quarantine နေကြရတဲ့သူများအားအနုပညာ ဖျော်ဖြေရေးဖြင့်သွားရောက်အားပေး။ ကေတုမတီဆောင်ကသူတွေက nurse တွေပါ။ နယ်စပ်ကဝင်လာသူတွေကိုစစ်ဆေးပေးပြီးခု Quarantine ဝင်နေကြရတာပါတဲ့။ ဘာပဲဖြစ်ဖြစ် အနုပညာသမားတွေကူညီနိုင်တာဂီတနဲ့ပဲမို့ တတ်နိုင်တာလေးနဲ့ကူညီပေးတာပါ။ နောက်ထပ်ကတော့ PPE ဝတ်စုံနဲ့ Mask တွေဆေးရုံတွေမှာ လှူဒါန်းသွားပါဦးမယ်ရှင့်” ဆိုပြီး ပြောထားပါတယ်။

အိမ့်ချစ်ကတော့ သူမတတ်နိုင်တဲ့အားလေးနဲ့ Quarantine ဝင်နေရသူတွေအဖို့ ငွေအား၊ လူအားနဲ့ ကူညီဒါနပြုခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း အိမ့်ချစ်ရဲ့ ကုသိုလ်လေးကို သာဓုခေါ်ပေးကြပါဦးနော်။

Source: Eint Chit’s fb
Bilie – Cele Connections

error: Alert: Content is protected !!