“အိမ္မွာေနရင္း စုထိုင္မိတာနဲ႕ ေပါင္းစံုေအာင္ ေဆာ့နည္းေတြနဲ႕ ေဆာ့ေနၾကတဲ့ ဝါဆုိမိုးဦးတို႕ ညီအစ္မေတြ႕ရဲ႕ ဗီဒီယုိဖို္င္ေလး”

အရုပ္မေလးေတြလို ေခ်ာေမာလွပတဲ့ သရုပ္ေဆာင္ ဝါဆိုမိုးဦးကိုေတာ့ Cele Connections ပရိသတ္ႀကီးလည္း ခ်စ္ခင္ ရင္းႏွီးၿပီးသားျဖစ္မယ္ ထင္ပါတယ္ေနာ္..။ ဝါဆိုက ကေလးဘဝအရြယ္တည္းက အနုပညာအလုပ္ေတြကို လုပ္ေဆာင္ခဲ့ၿပီး အခုဆုိရင္ေတာ့ ဆြဲေဆာင္မႈရွိရွိ လွပလြန္းတဲ့ ေကာင္မေလးတစ္ေယာက္ျဖစ္လို႕ ေနပါၿပီ..။ ဝါဆိုေလးရဲ႕ ခ်စ္သူကိုေတာ့ Snare အဖြဲ႕ဝင္ ၿဖိဳးေလးဆိုတာ ေျပာစရာမလိုေအာင္ သိၿပီးသားျဖစ္မယ္  ထင္ပါတယ္..။

 

 

 

ဝါဆိုမွာ ေမြးခ်င္းညီအစ္မ သူမအပါအဝင္ (၄)ေယာက္ရွိၿပီး သူမက အႀကီးဆံုး အစ္မပဲျဖစ္ပါတယ္..။ တစ္ေယာက္တစ္မ်ိဳးစီလွတဲ့ အလွတရားေတြကို ပိုင္ဆိုင္ၿပီး အနုပညာအလုပ္ကိုေတာ့ ညီမျဖစ္သူ သင္ဇာတစ္ေယာက္ကသာ ဝါဆိုနဲ႕ အတူ လုပ္ကိုင္ေနတာပါ..။ လက္ရွိ ဗိုင္းရပ္စ္ပိုးအႏၱရာယ္ေၾကာင့္ အိမ္မွာေနရတဲ့ အခ်ိန္ မွာ ဝါဆိုက ညီအစ္မ (၄)ေယာက္သားတစ္ေယာက္တစ္မ်ိဳးစီ ပ်င္းေနတဲ့ ဗီဒီယုိဖိုင္ေလးကို “အိမ္ထဲမွာ ညီမေတြတစ္ေယာက္တစ္မ်ိဳးမပ်င္းရဘူး။ stayhome..boredinthehouse” ဆုိၿပီး သူမရဲ႕ လူမႈကြန္ရက္စာမ်က္နွာေပၚမွာ တင္လာခဲ့ပါတယ္..။

 

 

တစ္ေယာက္တစ္မ်ိဳးစီ အိမ္မွာေနတဲ့ အခ်ိန္ပ်င္းလြန္းလို႕ ကစားနည္းေတြ မ်ိဳးစံုကစားကာ ေဆာ့ေနၾကတဲ့ ဝါဆိုမိုးဦးတို႕ ညီအစ္မေတြကေတာ့ တကယ့္ကို ကေလးေလးေတြလိုပါပဲေနာ္ ပရိသတ္ႀကီးေရ..။ Cele Connections ပရိသတ္ႀကီးအတြက္လည္း ဝါဆိုမိုးဦးတို႕ ညီအစ္မ (၄)ေယာက္သား အပီအျပင္ေဆာ့ကစားေနၾကတဲ့ ဗီဒီယုိဖိုင္ေလးကို ျပန္လည္မွ်ေဝေပးလိုက္ပါတယ္ေနာ္..။
Source: Warso Moe Oo’s Facebook

Sakura(Cele Connections)

ယူနီကုဒ္ျဖင့္ ဖတ္ရန္

“အိမ်မှာနေရင်း စုထိုင်မိတာနဲ့ ပေါင်းစုံအောင် ဆော့နည်းတွေနဲ့ ဆော့နေကြတဲ့ ဝါဆိုမိုးဦးတို့ ညီအစ်မတွေ့ရဲ့ ဗီဒီယိုဖိုင်လေး”

အရုပ်မလေးတွေလို ချောမောလှပတဲ့ သရုပ်ဆောင် ဝါဆိုမိုးဦးကိုတော့ Cele Connections ပရိသတ်ကြီးလည်း ချစ်ခင် ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်နော်..။ ဝါဆိုက ကလေးဘဝအရွယ်တည်းက အနုပညာအလုပ်တွေကို လုပ်ဆောင်ခဲ့ပြီး အခုဆိုရင်တော့ ဆွဲဆောင်မှုရှိရှိ လှပလွန်းတဲ့ ကောင်မလေးတစ်ယောက်ဖြစ်လို့ နေပါပြီ..။ ဝါဆိုလေးရဲ့ ချစ်သူကိုတော့ Snare အဖွဲ့ဝင် ဖြိုးလေးဆိုတာ ပြောစရာမလိုအောင် သိပြီးသားဖြစ်မယ် ထင်ပါတယ်..။

ဝါဆိုမှာ မွေးချင်းညီအစ်မ သူမအပါအဝင် (၄)ယောက်ရှိပြီး သူမက အကြီးဆုံး အစ်မပဲဖြစ်ပါတယ်..။ တစ်ယောက်တစ်မျိုးစီလှတဲ့ အလှတရားတွေကို ပိုင်ဆိုင်ပြီး အနုပညာအလုပ်ကိုတော့ ညီမဖြစ်သူ သင်ဇာတစ်ယောက်ကသာ ဝါဆိုနဲ့ အတူ လုပ်ကိုင်နေတာပါ..။ လက်ရှိ ဗိုင်းရပ်စ်ပိုးအန္တရာယ်ကြောင့် အိမ်မှာနေရတဲ့ အချိန် မှာ ဝါဆိုက ညီအစ်မ (၄)ယောက်သားတစ်ယောက်တစ်မျိုးစီ ပျင်းနေတဲ့ ဗီဒီယိုဖိုင်လေးကို “အိမ်ထဲမှာ ညီမတွေတစ်ယောက်တစ်မျိုးမပျင်းရဘူး။ stayhome..boredinthehouse” ဆိုပြီး သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်..။

တစ်ယောက်တစ်မျိုးစီ အိမ်မှာနေတဲ့ အချိန်ပျင်းလွန်းလို့ ကစားနည်းတွေ မျိုးစုံကစားကာ ဆော့နေကြတဲ့ ဝါဆိုမိုးဦးတို့ ညီအစ်မတွေကတော့ တကယ့်ကို ကလေးလေးတွေလိုပါပဲနော် ပရိသတ်ကြီးရေ..။ Cele Connections ပရိသတ်ကြီးအတွက်လည်း ဝါဆိုမိုးဦးတို့ ညီအစ်မ (၄)ယောက်သား အပီအပြင်ဆော့ကစားနေကြတဲ့ ဗီဒီယိုဖိုင်လေးကို ပြန်လည်မျှဝေပေးလိုက် ပါတယ်နော်..။
Source: Warso Moe Oo’s Facebook

Sakura(Cele Connections)

error: Alert: Content is protected !!