

 


 


ယူနီကုဒ်ဖြင့်ဖတ်ရန်

 

“အလွမ်းအဆွေးသီချင်းလေးနဲ့ ရင်ထဲကခံစားချက်လေးကို ချပြလိုက်တဲ့ သီဟအောင် ဗီဒီယိုဖိုင်သစ်လေး”

 

 

မြန်မာနိုင်ငံရဲ့နာမည်ကျော်သရုပ်ဆောင်ဖြစ်တဲ့ ကိုကိုဦးရဲ့သားဖြစ်သူ သီဟအောင်နဲ့အထူးတလည်မိတ်ဆက်ပေးဖို့မလိုလောက်ဘူးထင်ပါတယ်။ သီဟအောင်ကတော့ (၂၀၁၈)ခုနှစ်က ရွှေကြိုမောင်အဖြစ်ရွေးချယ်ခဲ့တဲ့သူပဲဖြစ်ပါတယ်။ သူရဲ့ရုပ်ရည်ကချောမောပြီးဆွဲဆောင်မှုရှိတဲ့အကြည့်လေးတွေကြောင့် မိန်းကလေးအများစုရဲ့အားပေးမှုကို ရရှိထားသူတစ်ဦးဆိုလည်းမမှားလောက်ပါဘူးနော်။

သီဟအောင်ကတော့ ခေတ်စားနေတဲ့ tik tokလေးတွေကို ဆော့လေ့ရှိသူတစ်ဦးပါ။ သူရဲ့ပရိသတ်တွေအတွက် အမှတ်တရပုံရိပ်လေးတွေနဲ့ ဗီဒီယိုလေးတွေကိုတော့ အမြဲမပြတ်တင်ပေးလေ့ရှိပါတယ်။ ဧပြီလ(၅)ရက်နေ့မှာ သီဟအောင်က”နောက်တစ်ခေါက်တွေ့ဆုံချင်သေးတယ်”သီချင်းလေးနဲ့ tik tokလေးဆော့ကာသရုပ်ဆောင်ထားတဲ့ ဗီဒီယိုဖိုင်လေးကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာတင်လာခဲ့တာပဲဖြစ်ပါတယ်။

CeleConnectionsပရိသတ်တွေအတွက် သီဟအောင်ရဲ့ tik tokဗီဒီယိုဖိုင်လေးကို ပြန်လည်ပြီးမျှဝေပေးလိုက်ပါတယ်။ ပရိသတ်ကြီးကလည်း သီဟအောင်ကို အားပေးချစ်ခင်တယ်ဆိုရင် မှတ်ချက်လေးတစ်ခုလောက်ရေးပေးခဲ့ကြပါနော်။

Soure…Thiha Aung’s facebook
Angella(CeleConnections)

error: Alert: Content is protected !!