

 

 

 


 

 

 



ယူနီကုဒ်ဖြင့် ဖတ်ရန်

“သူငယ်ချင်းဖြစ်သူ ဘေဘီမောင်ကို အမိုက်စားChallenge လေးတစ်ခုနဲ့ စိန်ခေါ်လိုက်တဲ့ မေပန်းချီ”

ဘော်ဒီကောက်ကြောင်း အမိုက်စားနဲ့ လှပတဲ့ သရုပ်ဆောင် မေပန်းချီကိုတော့ Cele Connections ပရိသတ်ကြီးလည်း ချစ်ခင် ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်နော်..။ ကျရာဇာတ်ရုပ်တိုင်းအတွက် ပီပြင်အောင် ပြင်ဆင်ကာ သရုပ်ဆောင်တတ်တဲ့ မေပန်းချီဟာ ပွင့်ပွင့်လင်းလင်း ပြောတတ်တဲ့ အကျင့်လေးတွေက ပရိသတ်တွေ သူမကို အချစ်ပိုစေတာလို့ ဆိုရင်မှားမယ် မထင်ပါဘူး..။ အမြဲ စနောက်ကာ ပျော်ပျော်ရွှင်ရွှင်နေတတ်တဲ့ မေပန်းချီက အချစ်ရေးမှာ Single ဘဝနဲ့ သူမကို ချစ်တဲ့ ပရိသတ်တွေနဲ့ရော သူငယ်ချင်းဖြစ်သူတွေနဲ့အတူ ဘဝကို အေးအေးဆေးဆေး ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနေသူပဲဖြစ်ပါတယ်နော်..။

 

 

 

မေပန်းချီက သူမရဲ့ အနုပညာလှုပ်ရှားမှုပုံရိပ်တွေကို လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လေ့ရှိသူပါ..။ ဒီနေ့ ဧပြီလ (၅)ရက်နေ့မှာတော့ မေပန်းချီက Challenge လေးတစ်ခုကို “မိမိမှာ သင်္ကြန်ဒိုး ဖို့ online shopping မှ အဝတ်အစားတွေ မှာထားမိသောအခါ ငါအဆင်ပြေပါတယ်.။Baby Maung ..Challenge ပါနော်” ဆိုပြီး သူမရဲ့ ပုံရိပ်လေးတွေနဲ့အတူ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်..။ ပုံလေးတွေကတော့ သင်္ကြန်တွင်း အပြင်မထွက်ရလို့ ကဲဖို့ မှာထားတဲ့ အဝတ်အစားတွေကို အိမ်မှာနေရင်း ဝတ်ကာ အိမ်အလုပ်တွေလုပ်နေတဲ့ ပုံလေးတွေပဲဖြစ်ပါတယ်..။

မေပန်းချီကတော့ အဝတ်အစားတွေ မှာထားပြီး အပြင်မထွက်ရတာမို့ အိမ်အလုပ်လုပ်ရင်းနဲ့ပဲ အဝတ်တွေကို ဝတ်ကာ ရိုက်ထားတဲ့ ပုံ Challenge လေးကို သူငယ်ချင်းဖြစ်သူ ဘေဘီမောင်ကိုပါ Challenge ခေါ်လိုက်တာပဲဖြစ်ပါတယ်နော် ပရိသတ်ကြီး..။ Cele Connections ပရိသတ်ကြီးအတွက်လည်း မေပန်းချီရဲ့ Challlenge ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်..။ ပရိသတ်ကြီးလည်း ကိုယ့်သူငယ်ချင်းတွေထဲက မေပန်းချီလို အဖြစ်တူတဲ့ သူလေးတွေရှိရင်လည်း အပျော်သဘောနဲ့ မန်းရှင်းလေးတွေ ခေါ်ကာ Challenge  လုပ်ကြပါဦးနော်..။
Source: May Panche’s Facebook

Sakura(Cele Connections)

error: Alert: Content is protected !!