Source: Po Po’s Facebook
ယူနီကုဒ်ဖြင့် ဖတ်ရန်
“ သန်လျင်မြို့ရှိ အမေများအိမ်ယာ၊ မီးသတ်ရပ်ဝန်းနဲ့ လမ်းလုပ်ငန်းဆောင်ရွက်နေသူတွေအတွက် ဆန်များသွားရောက်လှူဒါန်းခဲ့တဲ့ ပိုပို”
ကိုယ်တိုင်ရေး ကိုယ်တိုင်ဆိုကာ ပရိသတ်တွေရဲ့ ရင်ကို လှုပ်ခတ်စေခဲ့တဲ့ အဆိုတော် မလေးပိုပိုကိုတော့ Cele Connections ပရိသတ်ကြီးလည်း ချစ်ခင် ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်နော်..။ ဂီတအနုပညာနဲ့ ပတ်သက်ရင် ပါရမီပါပြီး မြတ်နိုးတဲ့ ပိုပိုဟာ သူမရဲ့ချစ်တဲ့ အနုပညာအလုပ်တွေကို လုပ်ကိုင်ရင်းသာ အချိန်ကုန်ဆုံးနေတာပဲဖြစ်ပါတယ်..။
ပိုပိုက သူမကိုယ်တိုင် ပြည့်စုံတဲ့သူမဟုတ်ပေမယ့် လိုအပ်နေတဲ့ နေရာတွေအတွက် သူမရဲ့ ချွေးနဲစာလေးထဲကနေ မဖြစ်ဖြစ်အောင် လှူဒါန်းတတ်တဲ့ သူပါ..။ ဒီနေ့ ဧပြီလ (၅)ရက်နေ့မှာတော့ ပိုပိုဟာ သူမ ဧပြီလ (၄)ရက်နေ့က လှူဒါန်းခဲ့တဲ့ အလှူလေးတစ်ခုအကြောင်းကို “ပို ဘာလုပ်ရင် ပျော်သလဲတဲ့ ကျွန်မ က သူများတွေ စိတ်ချမ်းသာရင် ပျော်နေတာပါပဲ။ လှူနေရတာ ပျော်တယ်။ ဝိုင်းလှူပေးကြတဲ့ အလှုရှင်တွေ အားလုံးလည်း သာဓု ခေါ်ကြပါဦးနော်..။” ဆိုပြီး သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်..။
ပိုပိုကတော့ သန်လျင်မြို့ရှိ ရုပ်ရှင်လောကမှ သက်ကြီး ဘိုးဘွားတွေ နေထိုင်တဲ့ အမေများအိမ်ယာ၊ မီးသတ်ရပ်ဝန်းနဲ့ လမ်းလုပ်ငန်းဆောင်ရွက်နေသူတွေကို ဆန်များသွားရောက် လှူဒါန်းနိုင်ခဲ့တဲ့အတွက် သူမကိုယ်တိုင် ဝမ်းသာကြည်နူးကာ ပျော်ရွှင်နေတဲ့ ပုံပါပဲနော် ပရိသတ်ကြီး..။ Cele Connnections ပရိသတ်ကြီးလည်း ပိုပိုရဲ့ စေတနာ သဒ္ဓါတရား ထက်သန်တဲ့ အလှူအတွက် သာဓုခေါ်သွားကြ ပါဦးနော်..။
Source: Po Po’s Facebook
Sakura(Cele Connections)
error: Alert: Content is protected !!