လိႈင္သာယာျမိဳ့နယ္ရိွ နြမ္းပါးျပည္သူေတြကို အိမ္တိုင္ရာေရာက္ စားနပ္ရိကၡာမ်ား လိုက္လံေဝငွခဲ့တဲ့ လင္းလင္

အဆိုေတာ္ လင္းလင္းဟာ Rock သီခ်င္းေတြကို သီဆိုတဲ့ Rocker ၾကီးတစ္ေယာက္ျဖစ္ေပမယ့္ သူ့ရဲ့ ေနထိုင္မႈပံုစံကေတာ့ အရမ္းကို ရိုးရွင္းလြန္းပါတယ္။ လင္းလင္းက သမီးေတြရဲ့နာမည္နဲ့ ေခတ္သစ္ေဖာင္ေဒးရွင္းကို တည္ေထာင္ခဲ့ျပီး လူမႈအက်ိဳးျပဳလုပ္ငန္းေတြကို လုပ္ေဆာင္ေနလ်က္ရိွတဲ့ အဆိုေတာ္တစ္ေယာက္လည္း ျဖစ္ပါတယ္။

 

 

ဒီကေန့ ဧျပီလ (၅) ရက္ေန့မွာေတာ့ လင္းလင္းက လႈိင္သာယာၿမိဳ႕နယ္ရွိ ႏြမ္းပါးျပည္သူမ်ားအတြက္ စားနပ္ရိကၡာမ်ားအား ေခတ္သစ္ေဖာင္ေဒးရွင္းကိုယ္စား သူကိုယ္တိုင္ တစ္အိမ္တက္ဆင္း လွဴဒါန္းေပးခဲ့တာကို ဝမ္းေျမာက္စြာနဲ့ ေတြ့ရပါတယ္။

 

 

လင္းလင္းကေတာ့ ျပည္သူေတြထဲက ျပည္သူတစ္ေယာက္ပဲမို့ အေရးၾကံဳလာတဲ့အခါ အခ်င္းခ်င္း ေဖးမကူညီတတ္သူတစ္ေယာက္ ျဖစ္ပါတယ္။ ပရိသတ္္ၾကီးကလည္း လင္းလင္းနဲ့ အလွဴရွင္တို့ရဲ့ ကုသိုလ္ေလးကို သာဓုေခၚေပးၾကဖို့ မေမ့ပါနဲ့ေနာ္။

 

 

Source: ေခတ္သစ္ေဖာင္ေဒးရွင္း’s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

လှိုင်သာယာမြို့နယ်ရှိ နွမ်းပါးပြည်သူတွေကို အိမ်တိုင်ရာရောက် စားနပ်ရိက္ခာများ လိုက်လံဝေငှခဲ့တဲ့ လင်းလင်း

အဆိုတော် လင်းလင်းဟာ Rock သီချင်းတွေကို သီဆိုတဲ့ Rocker ကြီးတစ်ယောက်ဖြစ်ပေမယ့် သူ့ရဲ့ နေထိုင်မှုပုံစံကတော့ အရမ်းကို ရိုးရှင်းလွန်းပါတယ်။ လင်းလင်းက သမီးတွေရဲ့နာမည်နဲ့ ခေတ်သစ်ဖောင်ဒေးရှင်းကို တည်ထောင်ခဲ့ပြီး လူမှုအကျိုးပြုလုပ်ငန်းတွေကို လုပ်ဆောင်နေလျက်ရှိတဲ့ အဆိုတော်တစ်ယောက်လည်း ဖြစ်ပါတယ်။

ဒီကနေ့ ဧပြီလ (၅) ရက်နေ့မှာတော့ လင်းလင်းက လှိုင်သာယာမြို့နယ်ရှိ နွမ်းပါးပြည်သူများအတွက် စားနပ်ရိက္ခာများအား ခေတ်သစ်ဖောင်ဒေးရှင်းကိုယ်စား သူကိုယ်တိုင် တစ်အိမ်တက်ဆင်း လှူဒါန်းပေးခဲ့တာကို ဝမ်းမြောက်စွာနဲ့ တွေ့ရပါတယ်။

လင်းလင်းကတော့ ပြည်သူတွေထဲက ပြည်သူတစ်ယောက်ပဲမို့ အရေးကြုံလာတဲ့အခါ အချင်းချင်း ဖေးမကူညီတတ်သူတစ်ယောက် ဖြစ်ပါတယ်။ ပရိသတ်ကြီးကလည်း လင်းလင်းနဲ့ အလှူရှင်တို့ရဲ့ ကုသိုလ်လေးကို သာဓုခေါ်ပေးကြဖို့ မမေ့ပါနဲ့နော်။

Source: ခေတ်သစ်ဖောင်ဒေးရှင်း’s fb
Bilie – Cele Connections

error: Alert: Content is protected !!