

 

 


 

 

 



ယူနီကုဒ်ဖြင့် ဖတ်ရန်

“လိုအပ်နေတဲ့သူတွေအတွက် ဆန်၊ Maskနဲ့ ဆပ်ပြာတွေကို လိုက်ဝေခဲ့တဲ့ အိစိကွေး”

ကလေးဘဝတည်းကနေ အနုပညာလမ်းကြောင်းပေါ်မှာ ကလေးသရုပ်ဆောင်ကောင်းအနေနဲ့ နာမည်ကြီးပြီး ပရိသတ်အားပေးချစ်ခင်တဲ့ အိစိကွေးကိုတော့ Cele Connections ပရိသတ်ကြီးလည်း ချစ်ခင် ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်နော်..။ ပရိသတ်တွေရဲ့ အားပေးမှုတွေကို ရရှိခဲ့တဲ့ အိစိကွေးဟာ အခုဆိုရင် ချစ်စရာကောင်းတဲ့ ကလေးအသွင်ကနေ ချောမောတဲ့ ကောင်လေးတစ်ယောက်အဖြစ်နဲ့ အနုပညာအလုပ်တွေကို လုပ်ကိုင်နေတာပဲဖြစ်ပါတယ်..။

အချစ်ရေးမှာတော့ Single ဘဝနဲ့ ပျော်ရွှင်စွာ ဖြတ်သန်းနေပြီး အလှူအတန်းမှာတော့ ပရဟိတနဲ့ လုပ်အားပေးတွေကို ကိုယ်တိုင်လည်း လှူဒါန်းသလို သူများအလှူမှာလည်း လုပ်အားပေးလုပ်ဆောင်တတ်တဲ့သူပဲဖြစ်ပါတယ်..။ ဧပြီလ (၄)ရက်နေ့မှာတော့ အိစိကွေးက “ဒီနေ့ ကျွန်တော်တို့ တောင်ဒဂုံဘက်နဲ့ လှည်းတန်းဘက်မှာ ဆန်တွေ ဆပ်ပြာတွေ Mask တွေ ရေဘူးတွေ လိုက်ဝေဖြစ်ပါတယ်။ အားလုံးပျော်နေကြတာတွေ့တော့ ဝမ်းသာမိတယ်ဗျာ” ဆိုပြီး သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်..။

ကိုယ်တိုင် ဝေပေးကာ ပျော်ရွှင်နေကြတဲ့ လူတွေရဲ့ မျက်နှာတွေကြောင့် ဝမ်းသာမိတဲ့အကြောင်းလေးကို တင်လာခဲ့တာပဲဖြစ်ပါတယ်နော် ပရိသတ်ကြီးရေ..။ Cele Connections ပရိသတ်ကြီးလည်း အိစိကွေးရဲ့ မွန်မြတ်တဲ့ အလှူလေးအတွက် သာဓုခေါ်သွားကြပါဦးနော်..။
Source: Eisi Kway’s Facebook

Sakura(Cele Connections)

error: Alert: Content is protected !!