

 

 


 

 




ယူနီကုဒ်ဖြင့် ဖတ်ရန်

“လင်းလင်းနဲ့ ချစ်သုဝေတို့ မိသားစုဘဝလေးကို ကြည့်ပြီး အားကျကာ မိသားစုဘဝလေး ပိုင်ဆိုင်ချင်တယ်ဆိုတဲ့ G-Fatt”

နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းကျော် ရက်ပါအဆိုတော် G-Fatt ကိုတော့ Cele Connections ပရိသတ်ကြီးလည်း ချစ်ခင် ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်နော်..။ G-Fatt ရဲ့ ပြည်ပသို့ ပေးစာ သီချင်းလေးကတော့ ပရိသတ်တွေရဲ့ ရေပန်းစားလူကြိုက်များတဲ့ သီချင်းတစ်ပုဒ်လို့ ပြောရမှာပါ..။ အချစ်ရေးမှာတော့ ရည်းစားဟောင်း နန်းဆုရတီစိုးနဲ့ လမ်းခွဲပြီး Single ဘဝနဲ့ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနေတာပဲဖြစ်ပါတယ်..။

G- Fatt က အချစ်ရေးမှာ Single ဖြစ်နေပေမယ့် မိသားစုဘဝလေးတွေနဲ့ ပျော်ရွှင်နေတဲ့ လင်းလင်းနဲ့ ချစ်သုဝေတို့ မိသားစုပုံရိပ်လေးတွေကို မြင်တော့ သူခံစားရတဲ့ ခံစားချက်လေးကို ““ကျွန်တော်လည်း တစ်နေ့ပေါ့ဗျာ” ဆိုပြီး သူ့ရဲ့ မိုင်ဒေးမှာ တင်လာခဲ့ပါတယ်..။ ဆယ်လီမိသားစုတွေထဲက လင်းလင်းနဲ့ ချစ်သုဝေတို့ မိသားစုကတော့ ပရိသတ်တွေ အားကျရတဲ့ မိသားစုလေးဖြစ်ပြီး G-Fatt ကပါ လင်းလင်းနဲ့ ချစ်သုဝေတို့ မိသားစုလေးလို သူလည်း တစ်နေ့ ပျော်ရွှင်အေးချမ်းတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ချင်တဲ့အကြောင်းလေးကို တင်လာခဲ့တာပဲဖြစ်ပါတယ်နော်..။

G-Fatt ကတော့ လက်ရှိ အချစ်ရေးမှာ Single ဖြစ်နေပေမယ့် သူလိုချင်တဲ့ မိသားစုဘဝပုံစံလေးကိုတော့ ချပြလိုက်တာပဲဖြစ်ပါတယ်နော်..ပရိသတ်ကြီးရေ..။ Cele Connections ပရိသတ်ကြီးရော လင်းလင်းနဲ့ ချစ်သုဝေတို့ မိသားစုလေးကို ကြည့်ကာ အားကနေတဲ့ G-Fatt ကို Single ဘဝနဲ့ အနုပညာအလုပ်လေးတွေကိုပဲ ဆက်လုပ်စေချင်လား။ အချစ်စစ်လေးနဲ့ တွေ့ကာ မိသားစုဘဝလေးကို ပိုင်ဆိုင်စေချင်ပြီးလားးဆိုတာလေးကိုလည်း မှတ်ချက်လေးတွေ ရေးပေးခဲ့ကြပါဦးနော်..။
Source: G-Fatt’s Facebook

Sakura(Cele Connections)

error: Alert: Content is protected !!