ယူနီကုဒ်ဖြင့် ဖတ်ရန်
“ရှုတင်နားပြီးထဲက အပူရှပ်ပြီး နေမကောင်းဖြစ်နေတာ အခုထိ မကောင်းလာသေးဘူး ဆိုတဲ့ သက်မွန်မြင့်”
မြန်မာနိုင်ငံရဲ့ နာမည်ကြီး အောင်မြင်နေတဲ့ မင်းသမီးတွေထဲက တစ်ယောက်အပါအဝင်ဖြစ်တဲ့ သက်မွန်မြင့်ကိုတော့ Cele Connections ပရိသတ်ကြီးလည်း ချစ်ခင် ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်နော်..။ ပရိသတ်တွေရဲ့ အချစ်နဲ့ အားပေးမှုတွေကို ရရှိထားတဲ့ သက်မွန်မြင့်ကို ပရိသတ်တွေက ချစ်စနိုးလေးနဲ့ ချစ်သက်လို့ ခေါ်ကြပြီး ပွင့်ပွင့်လင်းလင်းနဲ့ အမြဲပျော်ရွှင်နေတဲ့ ချစ်သက်လေးရဲ့ အကျင့်လေးတွေကြောင့် ပရိသတ်တွေက အချစ်လေးတွေ ပိုနေရတာပါ..။
ချစ်သက်က လက်ရှိအခြေအနေတွေကြောင့် ရှုတင်တွေ နားထားရပြီး အိမ်မှာပဲ သားနဲ့သမီးနဲ့အတူ ပျော်ရွှင်စွာ အချိန်ကုန်ဆုံးနေတာပဲဖြစ်ပါတယ်..။ ဒီနေ့ ဧပြီလ (၅)ရက်နေ့မှာတော့ ချစ်သက်လေးက “Hello Sunday! Covid အကြောင်းတွေပဲ တင်နေလို့ စိတ်ညစ်နေမှာစိုးလို့ ကိုယ့်ကို မေ့သွားမှာလည်းစိုးလို့..။ (ရှုတင်နားပြီးထဲက အပူရှပ်ပြီး ခုထိ နေကောင်းကောင်း မကောင်းနိုင်သေးလို့ ပျောက်နေတာပါနော်..။ video လေးတွေ လည်း တင်ပေးပါဦးမယ်နော်) ကျန်းမာရေး ဂရုစိုက်ကြမယ်။ အိမ်မှာ နေကြမယ်နော်။ ချစ်တယ်။” ဆိုပြီး သူမရဲ့ ပုံရိပ်လေးတွေနဲ့အတူ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်..။
ရှုတင်နားတဲ့ အချိန်တည်း အပူရှင်ပြီး နေမကောင်းဖြစ်နေတာမို့ ပျောက်နေတဲ့ သူမကို စိုးရိမ်နေတဲ့ ပရိသတ်တွေအတွက် စိတ်မပူဖို့ ပြောလိုက်တာပဲဖြစ်ပါတယ် ။ ချစ်သက်လေးက အခုထိ နေကောင်းကောင်း မကောင်းနိုင်ဖြစ်နေသေးတဲ့ပုံပါပဲနော် ပရိသတ်ကြီ..။ Cele Connections ပရိသတ်ကြီးလည်း အပူရှပ်ပြီး နေမကောင်းဖြစ်နေတဲ့ သက်မွန်မြင့်လေးအတွက် အာပေးစကား ပြောပေးသွားပါဦးနော်..။
Source: Thet Mon Myint’s Facebook
Sakura(Cele Connections)
error: Alert: Content is protected !!