

 

 


 

 


 

 

ယူနီကုဒ်ဖြင့်ဖတ်ရန်

ရပ်ကွက်ထဲက အနှေးယာဉ်လုပ်သားများကို ဆန်နဲ့ဆီတွေ လှူဒါန်းခဲ့တဲ့ စမိုင်းလ်

အလှူရေစက်လက်နဲ့မကွာ လှူဒါန်းလေ့ရှိတဲ့ စမိုင်းလ်တို့ မိသားစုက အခုလို Covid – 19 ကပ်ရောဂါကြောင့် တစ်နိုင်ငံလုံး ဒုက္ခရောက်နေချိန်မှာတော့ အလှူတွေကို ဆက်တိုက်လုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။ စမိုင်းလ်က ငွေကြေးချို့တဲ့တဲ့ ပြည်သူတွေကို သူမတတ်နိုင်သလောက်လေး ပေးဝေငှရင်း တစ်နေ့ပြီးတစ်နေ့ ကုသိုလ်ယူနေတာပဲ ဖြစ်ပါတယ်။

ဒီနေ့မှာလည်း စမိုင်းလ်က သူမတို့ ရပ်ကွက်ထဲက အနှေးယာဉ်လုပ်သားတွေနဲ့ မီရထားဝန်းထဲမှာနေထိုင်တဲ့ မိသားစုတွေကို ဆန်နဲ့ဆီတွေ လှူဒါန်းပေးပြီး ကုသိုလ်ယူခဲ့တယ်လို့ သိရပါတယ်။ ပရိသတ်တွေအတွက် စမိုင်းလ်တို့ရဲ့ အလှူပုံလေးတွေကို မျှဝေပေးလိုက်ပါတယ်နော်။

စမိုင်းလ်ကတော့ တကယ့်ကို အလှူရေစက် လက်နဲ့မကွာ လှူဒါန်းလို့ အခုလို လိုလေသေးမရှိ ကြွယ်ဝချမ်းသာနေတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း စမိုင်းလ်ရဲ့ အလှူလေးကို ဝမ်းမြောက်သာဓုခေါ်ပေးကြပါဦးနော်။

Source: စမိုင်းလ် Smile’s fb
Bilie – Cele Connections

error: Alert: Content is protected !!