ရန္ကုန္ျမိဳ့ကအိမ္ေျခရာမဲ့ေတြအတြက္ ဆန္၊ဆီ၊ ငါးေသတၱာ နဲ့ ဆပ္ျပာေတြ လွဴဒါန္းေပးမယ့္ Sinon Loresca

ဖိလစ္ပိုင္လူမ်ိဳး သရုပ္ေဆာင္၊ ေမာ္ဒယ္ Sinon Loresca က အခုလို ကမၻာေက်ာ္တဲ့ ထိ မေအာင္ျမင္ခင္က အိမ္ေျခရာမဲ့တစ္ေယာက္ျဖစ္ခဲ့ဖူးသူ ျဖစ္ပါတယ္။ Sinon က အိမ္ေျခရာမဲ့တစ္ေယာက္ရဲ့ ခက္ခဲ့တဲ့ဘဝကို ျဖတ္သန္းခဲ့ဖူးသူမို့ အေျခခံလူတန္းစားေတြရဲ့ ဘဝကို စာနာျပီး အလွဴေတြ ျပဳလုပ္ေလ့ရိွပါတယ္။

 

 

ဒီေန့မွာလည္း Sinon က ရန္ကုန္ျမိဳ့က အိမ္ေျခရာမဲ့လူေတြအတြက္ အလွဴေလးလုပ္မယ့္ အစီအစဥ္ကို အခုလိုပဲ ေျပာထားပါတယ္။

“ရန္ကုန္မွာရွိတဲ့ငါ့ရဲ႕ (အိမ္‌ေျခရာမဲ့လူေတြ)အတြက္ ဆန္ ဆီ လက္ဖက္ရည္ထုပ္ ငါးေသတၱာ လက္သန႔္ေဆးေရ ပိုးသတ္ေဆးဆပ္ျပာ ေတြကို ေပးဖို႔အတြက္ေဆာင္႐ြက္ေနတာပါ။

 

 

ငါ့ရဲ႕ဒီလိုအေသးစိတ္ဂ႐ုစိုက္ေပးမႈေလးေတြက ေပးခ်င္တဲ့ မက္ေဆစ့္ ကေတာ့မဒီလိုကူညီရာမဲ့ေနတဲ့သူေတြကို ဒီလို‌ကပ္ေရာဂါႀကီးက်ေနတဲ့အခ်ိန္မွာ အခ်င္းခ်င္းကူညီ႐ိုင္းပင္ၾကပါလို႔က်ေတာ္ ေမတၱာ ရပ္ခံခ်င္ပါတယ္‌ဗ်ာ။

သူ႔တို႔ေတြကိုက်ေတာ့္တို႔ရဲ႕အခ်စ္ေတြ နဲ႔ေႏြးေထြးေစလိုက္ၾကရေအာင္ဗ်ာ။ တစ္ခ်ိန္လုံးလုံၿခဳံမႈအျပည့္ရွိေစေအာင္ အခ်င္းခ်င္းေစာင့္ေရွာက္ၾကပါစို႔ အားလုံးဘဲ ဂ႐ုစိုက္ၾကပါ က်ေတာ္ ခ်စ္ေသာျမန္မာျပည္” ဆိုျပီး ေျပာထားပါတယ္။

 

 

Sinon Loresca ကေတာ့ သူရွာေဖြရသမွ် အနုပညာေၾကးေတြကို သူ့ရဲ့ ကိုယ္က်ိဳးအတြက္ အသံုးျပဳတာနည္းျပီး အလွဴအတန္းေတြကိုသာ ရက္ရက္ေရာေရာ ျပဳလုပ္ေလ့ရိွသူတစ္ေယာက္ ျဖစ္ပါတယ္။ ပရိသတ္ၾကီးလည္း Sinon ရဲ့ ေကာင္းမႈေလးကို သာဓုေခၚေပးၾကပါဦးေနာ္။

Source: Sinon Loresca’s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

ရန်ကုန်မြို့က အိမ်ခြေရာမဲ့တွေအတွက် ဆန်၊ဆီ၊ ငါးသေတ္တာ နဲ့ ဆပ်ပြာတွေ လှူဒါန်းပေးမယ့် Sinon Loresca

ဖိလစ်ပိုင်လူမျိုး သရုပ်ဆောင်၊ မော်ဒယ် Sinon Loresca က အခုလို ကမ္ဘာကျော်တဲ့ထိ မအောင်မြင်ခင်က အိမ်ခြေရာမဲ့တစ်ယောက်ဖြစ်ခဲ့ဖူးသူ ဖြစ်ပါတယ်။ Sinon က အိမ်ခြေရာမဲ့တစ်ယောက်ရဲ့ ခက်ခဲ့တဲ့ဘဝကို ဖြတ်သန်းခဲ့ဖူးသူမို့ အခြေခံလူတန်းစားတွေရဲ့ ဘဝကို စာနာပြီး အလှူတွေ ပြုလုပ်လေ့ရှိပါတယ်။

ဒီနေ့မှာလည်း Sinon က ရန်ကုန်မြို့က အိမ်ခြေရာမဲ့လူတွေအတွက် အလှူလေးလုပ်မယ့် အစီအစဉ်ကို အခုလိုပဲ ပြောထားပါတယ်။

“ရန်ကုန်မှာရှိတဲ့ငါ့ရဲ့ (အိမ်‌ခြေရာမဲ့လူတွေ)အတွက် ဆန် ဆီ လက်ဖက်ရည်ထုပ် ငါးသေတ္တာ လက်သန့်ဆေးရေ ပိုးသတ်ဆေးဆပ်ပြာ တွေကို ပေးဖို့အတွက်ဆောင်ရွက်နေတာပါ။

ငါ့ရဲ့ဒီလိုအသေးစိတ်ဂရုစိုက်ပေးမှုလေးတွေက ပေးချင်တဲ့ မက္ေဆ့စ့္ ကတော့မဒီလိုကူညီရာမဲ့နေတဲ့သူတွေကို ဒီလို‌ကပ်ရောဂါကြီးကျနေတဲ့အချိန်မှာ အချင်းချင်းကူညီရိုင်းပင်ကြပါလို့ကျတော် မေတ္တာ ရပ်ခံချင်ပါတယ်‌ဗျာ။

သူ့တို့တွေကိုကျတော့်တို့ရဲ့အချစ်တွေ နဲ့နွေးထွေးစေလိုက်ကြရအောင်ဗျာ။ တစ်ချိန်လုံးလုံခြုံမှုအပြည့်ရှိစေအောင် အချင်းချင်းစောင့်ရှောက်ကြပါစို့ အားလုံးဘဲ ဂရုစိုက်ကြပါ ကျတော် ချစ်သောမြန်မာပြည်” ဆိုပြီး ပြောထားပါတယ်။

Sinon Loresca ကတော့ သူရှာဖွေရသမျှ အနုပညာကြေးတွေကို သူ့ရဲ့ ကိုယ်ကျိုးအတွက် အသုံးပြုတာနည်းပြီး အလှူအတန်းတွေကိုသာ ရက်ရက်ရောရော ပြုလုပ်လေ့ရှိသူတစ်ယောက် ဖြစ်ပ ါတယ်။ ပရိသတ်ကြီးလည်း Sinon ရဲ့ ကောင်းမှုလေးကို သာဓုခေါ်ပေးကြပါဦးနော်။

Source: Sinon Loresca’s fb
Bilie – Cele Connections

error: Alert: Content is protected !!