“မိုးမိုးရဲ႕ Challenge ေခၚတာကို လက္ခံၿပီး စံခ်ိန္ခ်ိဳး အနိုင္ပိုင္းလိုက္တဲ့ တိုင္ရြန္ရဲ႕ Challenge ဗီဒီယုိဖိုင္ေလး”

အက္ရွင္ ဇာတ္ၾကမ္း၊ အနု၊ က်ရာဇာတ္ရုပ္အလုုိက္ ကာရိုက္တာကို ပီျပင္ေအာင္ သရုပ္ေဆာင္နုိင္တဲ့ မင္းသားေခ်ာ တိုင္ရြန္ကိုေတာ့ Cele Connections ပရိသတ္ႀကီးလည္း ခ်စ္ခင္ ရင္းႏွီးၿပီးသားျဖစ္မယ္ ထင္ပါတယ္..။ ဇာတ္လမ္းတြဲမ်ားနဲ႕ ပရိသတ္ေတြရဲ႕ အသည္းကို လႈပ္ခတ္ေစခဲ့သလုိ ရုပ္ရွင္ဇာတ္ကားႀကီးေတြမွာလည္း က်ရာ ေနရာကေန အေကာင္းဆံုး သရုပ္ေဆာင္နိုင္တဲ့ မင္းသားတစ္လက္ပဲျဖစ္ပါတယ္..။ အမိုက္စား ေဘာ္ဒီေကာက္ေၾကာင္းကို သေဘာက်ေပမယ့္လို႕ ကာရိုက္တာအရ ေဘာ္ဒီပံုစံကို ေျပာင္းလဲဖုိ႕အတြက္ Gym ကစားတဲ့သူပါ..။

 

 

 

တိုင္ရြန္ကေတာ့ က်န္းမာေရးနဲ႕ အညီေနထိုင္ၿပီး အျမဲတမ္း ေလ့က်င့္ခန္းေတြ လုပ္ေဆာင္ကာ ေနတတ္တဲ့သူပဲျဖစ္ပါတယ္…။ ဒီေန႕ ဧၿပီ လ(၅)ရက္ေန႕မွာေတာ့ မိုးမိုးရဲ႕ Plank Challenge (၂)မိနစ္ေနရမယ့္ Challenge ေလးကို စံခ်ိန္ခ်ိဳးလုပ္ေဆာင္လိုက္တဲ့ ဗီဒီယုိေလးကို “ကို Moe Sithu Kyaw ရဲ႕ plank challenge ေလးကို accepted လုပ္ပါတယ္ …….( 6) mins (2)sec ရပါတယ္ …… ေနာက္ေန႔ ဒီ စံခ်ိန္ကို ကိုယ္တိုင္ျပန္ေက်ာ္ဖို႔ႀကိဳးစားမွာပါ…. မည္သူမဆိုပါဝင္ႏိုင္ပါတယ္….” ဆုိၿပီး သူ႕ရဲ႕ လူမႈကြန္ရက္စာမ်က္နွာေပၚမွာ တင္လာခဲ့ပါတယ္..။

 

 

မိုးမိုးေခၚတဲ့ Challenge စံခ်ိန္ (၂)မိနစ္ကို ခ်ိဳးကာ (၆)မိနစ္ (၂)စကၠန္႕ထိ လုပ္ေဆာင္နို္င္ခဲ့တဲ့ တိုင္ရြန္ကေတာ့ ဒီေလာက္နဲ႕မရပ္ဘဲ ေနာက္ေန႕မွာလည္း သူ႕ရဲ႕ စံခ်ိန္ကို ထပ္ခ်ိဳးဖုိ႕ အပ်င္းေျပလုပ္ေဆာင္ဦးမွာပါတဲ့ေနာ္ ပရိသတ္ႀကီး..။ Cele Connecitons ပရိသတ္ႀကီးအတြက္လည္း တိုင္ရြန္ရဲ႕မိုးမိုး Challenge ေလးကို လက္ခံၿပီး စံခ်ိန္ခ်ိဳးလိုက္တဲ့ ဗီဒီယုိဖို္င္ေလးကို ျပန္လည္မွ်ေဝေပးလိုက္ပါတယ္ေနာ္..။
Source: Tyron Bejay’ s Facebook

Sakura(Cele Connections)

ယူနီကုဒ္ျဖင့္ ဖတ္ရန္

“မိုးမိုးရဲ့ Challenge ခေါ်တာကို လက်ခံပြီး စံချိန်ချိုး အနိုင်ပိုင်းလိုက်တဲ့ တိုင်ရွန်ရဲ့ Challenge ဗီဒီယိုဖိုင်လေး”

အက်ရှင် ဇာတ်ကြမ်း၊ အနု၊ ကျရာဇာတ်ရုပ်အလိုက် ကာရိုက်တာကို ပီပြင်အောင် သရုပ်ဆောင်နိုင်တဲ့ မင်းသားချော တိုင်ရွန်ကိုတော့ Cele Connections ပရိသတ်ကြီးလည်း ချစ်ခင် ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်..။ ဇာတ်လမ်းတွဲများနဲ့ ပရိသတ်တွေရဲ့ အသည်းကို လှုပ်ခတ်စေခဲ့သလို ရုပ်ရှင်ဇာတ်ကားကြီးတွေမှာလည်း ကျရာ နေရာကနေ အကောင်းဆုံး သရုပ်ဆောင်နိုင်တဲ့ မင်းသားတစ်လက်ပဲဖြစ်ပါတယ်..။ အမိုက်စား ဘော်ဒီကောက်ကြောင်းကို သဘောကျပေမယ့်လို့ ကာရိုက်တာအရ ဘော်ဒီပုံစံကို ပြောင်းလဲဖို့အတွက် Gym ကစားတဲ့သူပါ..။

တိုင်ရွန်ကတော့ ကျန်းမာရေးနဲ့ အညီနေထိုင်ပြီး အမြဲတမ်း လေ့ကျင့်ခန်းတွေ လုပ်ဆောင်ကာ နေတတ်တဲ့သူပဲဖြစ်ပါတယ်…။ ဒီနေ့ ဧပြီ လ(၅)ရက်နေ့မှာတော့ မိုးမိုးရဲ့ Plank Challenge (၂)မိနစ်နေရမယ့် Challenge လေးကို စံချိန်ချိုးလုပ်ဆောင်လိုက်တဲ့ ဗီဒီယိုလေးကို “ကို Moe Sithu Kyaw ရဲ့ plank challenge လေးကို accepted လုပ်ပါတယ် …….( 6) mins (2)sec ရပါတယ် …… နောက်နေ့ ဒီ စံချိန်ကို ကိုယ်တိုင်ပြန်ကျော်ဖို့ကြိုးစားမှာပါ…. မည်သူမဆိုပါဝင်နိုင်ပါတယ်….” ဆိုပြီး သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်..။

မိုးမိုးခေါ်တဲ့ Challenge စံချိန် (၂)မိနစ်ကို ချိုးကာ (၆)မိနစ် (၂)စက္ကန့်ထိ လုပ်ဆောင်နိုင်ခဲ့တဲ့ တိုင်ရွန်ကတော့ ဒီလောက်နဲ့မရပ်ဘဲ နောက်နေ့မှာလည်း သူ့ရဲ့ စံချိန်ကို ထပ်ချိုးဖို့ အပျင်းပြေလုပ်ဆောင်ဦးမှာပါတဲ့နော် ပရိသတ်ကြီး..။ Cele Connecitons ပရိသတ်ကြီးအတွက်လည်း တိုင်ရွန်ရဲ့မိုးမိုး Challenge လေးကို လက်ခံပြီး စံချိန်ချိုးလိုက်တဲ့ ဗီဒီယိုဖိုင်လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်..။
Source: Tyron Bejay’ s Facebook

Sakura(Cele Connections)

error: Alert: Content is protected !!