“မိသားစုဝမ္းေရးအတြက္ ခက္ခဲေနတဲ့ သူေတြဆီ ကုိယ္တိုင္သြားေရာက္ကာ လိုအပ္တဲ့စားေသာက္ကုန္ေတြကို လွဴဒါန္းခဲ့တဲ့ နန္းဆုရတီစိုး”

အရုပ္မေလးတစ္ရုပ္လုိ လွပတဲ့ မင္းသမီးေခ်ာေလး နန္းဆုရတီစုိးကိုေတာ့ Cele Connections ပရိသတ္ႀကီးလည္း ခ်စ္ခင္ ရင္းႏွီးၿပီးသားျဖစ္မယ္ ထင္ပါတယ္ေနာ္..။ ပရိသတ္ေတြရဲ႕ အခ်စ္နဲ႕ အားေပးမႈေတြကုိ ရရွိထားတဲ့ နန္းဆုကေတာ့ သရုပ္ေဆာင္တဲ့ ေနရာမွာလည္း က်ရာဇာတ္ရုပ္တိုင္းကို ပီျပင္ေအာင္ သရုပ္ေဆာင္နိုင္ၿပီး သီခ်င္းဆုိတဲ့ ေနရာမွာလည္း ေတာ္တဲ့ အဆိုေတာ္ မင္းသမီးတစ္ေယာက္ ပဲျဖစ္ပါတယ္..။

 

 

 

ဒီေန႕ ဧၿပီလ (၅)ရက္ေန႕မွာေတာ့ နန္းဆုက ဗိုင္းရပ္စ္ေၾကာင့္ စီးပြားေရးေတြ ရပ္နားလို႕ ခက္ခဲသြားတဲ့ ႏြမ္းပါးျပည္သူေတြအတြက္ သူမကိုယ္တိုင္ သြားလွဴျဖစ္ခဲ့တဲ့ ပံုရိပ္ေလးေတြနဲ႕အတူ “Covid-19 ေရာဂါေဘးေၾကာင့္ Stay At Home ဆိုတဲ့ အေျခအေနမွာ မိသားစုဝမ္းေရးအတြက္ ပူပန္ေနရတဲ့ လက္ေတြ႕ဘဝထဲက အေျခခံဘဝေတြမ်ားစြာအတြက္ Clean Yangon နဲ႔တူတူ ဆန္,ဆီ,ဆား,ငါးေသတၱာ,ပဲႏွင့္ ဆပ္ျပာဆီမ်ား ကို ကိုယ္တတ္အားသေလာက္သြားေရာက္လွဴဒါန္းခဲ့ပါတယ္..။ ဒီလို ႏိုင္ငံနဲ႔ခ်ီၿပီး အခက္အခဲႀကဳံေတြ႕ရတဲ့ အေျခအေနမွာ ေမတၱာတရားကိုလက္ကိုင္ထားၿပီး တတ္ႏိုင္သမွ် ကိုယ္စြမ္းရွိသေလာက္ အခ်င္းခ်င္းလွဴဒါန္းကူညီေပးၾကဖို႔ ဒီကေန တိုက္တြန္းပါတယ္ေနာ္..။ Clean Yangon Page ကေနတစ္ဆင့္Stay At Home ေနရင္းနဲ႔လည္း လွဴဒါန္းလို႔ရတယ္. နန္းဆုကေတာ့ အားလုံးကို information ေပးခ်င္တဲ့စိတ္ရယ္၊

 

 

 

ဒီအေျခအေနမွာ ကိုယ္က်ိဳးအတြက္မဟုတ္ဘဲ သူမ်ားအက်ိဳးအတြက္ ႀကိဳးစားေနၾကတဲ့ ပရဟိတသမားေတြကို ေလးစားလို႔ ပူးေပါင္းပါဝင္ခ်င္တဲ့စိတ္ရယ၊ ္ နန္းဆုကိုယ္တိုင္လာေရာက္လွဴဒါန္းလို႔ စိုးရိမ္ပူပန္မႈ ဘဝအေမာေတြ ခဏတာေလးျဖစ္ျဖစ္ ေျပေပ်ာက္သြားေစခ်င္တဲ့စိတ္ရယ္ေၾကာင့္ ကိုယ္တိုင္ကိုယ္က် သြားေရာက္လွဴဒါန္းခဲ့ပါတယ္ရွင့္။ ႏြမ္းပါးျပည္သူေဖးမကူ..CleanYangon ..Covid19”ဆုိၿပီး သူမရဲ႕ လူမႈကြန္ရက္စာမ်က္နွာေပၚမွာ တင္လာခဲ့ပါတယ္..။ ကိုယ္တိုင္သြားလွဴကာ ပရိသတ္ေတြလည္း ကိုယ္တတ္နိုင္တဲ့ဘက္ကေန လွဴဒါန္းနိုင္ဖို႕အတြက္ကိုလည္း တိုက္တြန္းလိုက္တာပဲျဖစ္ပါတယ္ေနာ္ ပရိသတ္ႀကီး..။ Cele Connections ပရိသတ္ႀကီးလည္း နန္းဆုရတီေလးရဲ႕ မြန္ျမတ္တဲ့စိတ္နဲ႕ အလွဴေလးအတြက္ သာဓုေခၚေပးသြားၾကပါဦးေနာ္..။
Source: Nansu Yati Soe’s Facebook

Sakura(Cele Connections)

ယူနီကုဒ္ျဖင့္ ဖတ္ရန္

“မိသားစုဝမ်းရေးအတွက် ခက်ခဲနေတဲ့ သူတွေဆီ ကိုယ်တိုင်သွားရောက်ကာ လိုအပ်တဲ့စားသောက်ကုန်တွေကို လှူဒါန်းခဲ့တဲ့ နန်းဆုရတီစိုး”

အရုပ်မလေးတစ်ရုပ်လို လှပတဲ့ မင်းသမီးချောလေး နန်းဆုရတီစိုးကိုတော့ Cele Connections ပရိသတ်ကြီးလည်း ချစ်ခင် ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်နော်..။ ပရိသတ်တွေရဲ့ အချစ်နဲ့ အားပေးမှုတွေကို ရရှိထားတဲ့ နန်းဆုကတော့ သရုပ်ဆောင်တဲ့ နေရာမှာလည်း ကျရာဇာတ်ရုပ်တိုင်းကို ပီပြင်အောင် သရုပ်ဆောင်နိုင်ပြီး သီချင်းဆိုတဲ့ နေရာမှာလည်း တော်တဲ့ အဆိုတော် မင်းသမီးတစ်ယောက်ပဲဖြစ်ပါတယ်..။

 

 

ဒီနေ့ ဧပြီလ (၅)ရက်နေ့မှာတော့ နန်းဆုက ဗိုင်းရပ်စ်ကြောင့် စီးပွားရေးတွေ ရပ်နားလို့ ခက်ခဲသွားတဲ့ နွမ်းပါးပြည်သူတွေအတွက် သူမကိုယ်တိုင် သွားလှူဖြစ်ခဲ့တဲ့ ပုံရိပ်လေးတွေနဲ့အတူ “Covid-19 ရောဂါဘေးကြောင့် Stay At Home ဆိုတဲ့ အခြေအနေမှာ မိသားစုဝမ်းရေးအတွက် ပူပန်နေရတဲ့ လက်တွေ့ဘဝထဲက အခြေခံဘဝတွေများစွာအတွက် Clean Yangon နဲ့တူတူ ဆန်,ဆီ,ဆား,ငါးသေတ္တာ,ပဲနှင့် ဆပ်ပြာဆီများ ကို ကိုယ်တတ်အားသလောက်သွားရောက်လှူဒါန်းခဲ့ပါတယ်..။ ဒီလို နိုင်ငံနဲ့ချီပြီး အခက်အခဲကြုံတွေ့ရတဲ့ အခြေအနေမှာ မေတ္တာတရားကိုလက်ကိုင်ထားပြီး တတ်နိုင်သမျှ ကိုယ်စွမ်းရှိသလောက် အချင်းချင်းလှူဒါန်းကူညီပေးကြဖို့ ဒီကနေ တိုက်တွန်းပါတယ်နော်..။ Clean Yangon Page ကနေတစ်ဆင့်Stay At Home နေရင်းနဲ့လည်း လှူဒါန်းလို့ရတယ်. နန်းဆုကတော့ အားလုံးကို information ပေးချင်တဲ့စိတ်ရယ်၊

ဒီအခြေအနေမှာ ကိုယ်ကျိုးအတွက်မဟုတ်ဘဲ သူများအကျိုးအတွက် ကြိုးစားနေကြတဲ့ ပရဟိတသမားတွေကို လေးစားလို့ ပူးပေါင်းပါဝင်ချင်တဲ့စိတ်ရယ၊ ် နန်းဆုကိုယ်တိုင်လာရောက်လှူဒါန်းလို့ စိုးရိမ်ပူပန်မှု ဘဝအမောတွေ ခဏတာလေးဖြစ်ဖြစ် ပြေပျောက်သွားစေချင်တဲ့စိတ်ရယ်ကြောင့် ကိုယ်တိုင်ကိုယ်ကျ သွားရောက်လှူဒါန်းခဲ့ပါတယ်ရှင့်။ နွမ်းပါးပြည်သူဖေးမကူ..CleanYangon ..Covid19”ဆိုပြီး သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်..။ ကိုယ်တိုင်သွားလှူကာ ပရိသတ်တွေလည်း ကိုယ်တတ်နိုင်တဲ့ဘက်ကနေ လှူဒါန်းနိုင်ဖို့အတွက်ကိုလည်း တိုက်တွန်းလိုက်တာပဲဖြစ်ပါတယ်နော် ပရိသတ်ကြီး..။ Cele Connections ပရိသတ်ကြီးလည်း နန်းဆုရတီလေးရဲ့ မွန်မြတ်တဲ့စိတ်နဲ့ အလှူလေးအတွက် သာဓုခေါ်ပေးသွားကြ ပါဦးနော်..။
Source: Nansu Yati Soe’s Facebook

Sakura(Cele Connections)

error: Alert: Content is protected !!