“မိသားစုထဲမွာေတာင္ တစ္ေယာက္တည္း လူပ်ိဳႀကီးျဖစ္ေနရတဲ့သူ႕ရဲ႕ ခံစားခ်က္ေတြကို ရင္ဖြင့္လာတဲ့ ေနမင္း”

သဘာဝက်တဲ့ သရုပ္ေဆာင္ခ်က္ေတြနဲ႕ ပရိသတ္ေတြရဲ႕ ရင္ကို လႈပ္ခတ္ေစခဲ့တဲ့ မင္းသားေနမင္းကိုေတာ့ Cele Connections ပရိသတ္ႀကီးလည္း ခ်စ္ခင္ ရင္းနွီးၿပီးသားျဖစ္မယ္ ထင္ပါတယ္ေနာ္..။ ေနမင္းက ပရိသတ္ေတြရဲ႕ အားေပးမႈေတြကို ရရွိၿပီး အနုပညာအလုပ္ေတြကို ဆက္လက္ လုပ္ကိုင္ကာ အခ်စ္ေရးမွာေတာ့ လူပ်ိဳႀကီးလို႕ ပရိသတ္ေတြက ခ်စ္စနိုးေခၚခံေနရတဲ့ Single တစ္ေယာက္ပဲျဖစ္ပါတယ္..။

 

 

 

ေနမင္းကေတာ့ အခ်စ္ေရးထက္ မိသားစုနဲ႕အတူ ေအးခ်မ္းတဲ့ ဘဝကို ျဖတ္သန္းေနၿပီး အနုပညာအလုပ္ေတြကို လုပ္ရင္း ပရဟိတနဲ႕ အလွဴအတန္းေတြကို လုပ္ေဆာင္ေနတဲ့သူပဲျဖစ္ပါတယ္..။ ေနမင္းက သူ႕ရဲ႕ အနုပညာပံုရိပ္ေတြနဲ႕ အလွဴအျပဳခဲ့တဲ့ အေၾကာင္းေလးေတြကို ပရိသတ္ေတြလည္း ကုသုိလ္ အတူ ေဝမွ်ယူနိုင္ေအာင္ သူ႕ရဲ႕ လူမႈကြန္ရက္စာမ်က္နွာမွာ တင္ေပးေလ့ရွိပါတယ္..။ ဒီေန႕ ဧၿပီလ (၅)ရက္ေန႕မွာေတာ့ ေနမင္းက “လူပ်ိဳႀကီးဆိုတာ အလွဴေလးလွဴတာေတာင္ တစ္ေယာက္တည္း အေဖာ္ မဲ့ အားငယ္ရတဲ့ဘဝပါ..။” ဆုိၿပီး သူ႕ရဲ႕ လူမႈကြန္ရက္စာမ်က္နွာေပၚမွာ တင္လာခဲ့ပါတယ္..။

 

 

မိသားစုလိုက္ အလွဴမွာ သူတစ္ေယာက္တည္း နာမည္မွာ ေနာက္တဲြ ပါရမီျဖည့္ဖက္ နာမည္မပါရတဲ့ လူပ်ိဳႀကီး ခံစားခ်က္ေလးကို ရင္ဖြင့္တင္လာခဲ့တာပဲျဖစ္ပါတယ္ေနာ္ ပရိသတ္ႀကီး..။ Cele Connections ပရိသတ္ႀကီးလည္း လူပ်ိဳႀကီး ေနမင္းကို အားေပးရင္ မွတ္ခ်က္ေလးေတြ ေရးေပးခဲ့ပါဦးေနာ္..။
Source: Nay Min’s Facebook

Sakura(Cele Connections)

ယူနီကုဒ္ျဖင့္ ဖတ္ရန္

“မိသားစုထဲမှာတောင် တစ်ယောက်တည်း လူပျိုကြီးဖြစ်နေရတဲ့သူ့ရဲ့ ခံစားချက်တွေကို ရင်ဖွင့်လာတဲ့ နေမင်း”

သဘာဝကျတဲ့ သရုပ်ဆောင်ချက်တွေနဲ့ ပရိသတ်တွေရဲ့ ရင်ကို လှုပ်ခတ်စေခဲ့တဲ့ မင်းသားနေမင်းကိုတော့ Cele Connections ပရိသတ်ကြီးလည်း ချစ်ခင် ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်နော်..။ နေမင်းက ပရိသတ်တွေရဲ့ အားပေးမှုတွေကို ရရှိပြီး အနုပညာအလုပ်တွေကို ဆက်လက် လုပ်ကိုင်ကာ အချစ်ရေးမှာတော့ လူပျိုကြီးလို့ ပရိသတ်တွေက ချစ်စနိုးခေါ်ခံနေရတဲ့ Single တစ်ယောက်ပဲဖြစ်ပါတယ်..။

နေမင်းကတော့ အချစ်ရေးထက် မိသားစုနဲ့အတူ အေးချမ်းတဲ့ ဘဝကို ဖြတ်သန်းနေပြီး အနုပညာအလုပ်တွေကို လုပ်ရင်း ပရဟိတနဲ့ အလှူအတန်းတွေကို လုပ်ဆောင်နေတဲ့သူပဲဖြစ်ပါတယ်..။ နေမင်းက သူ့ရဲ့ အနုပညာပုံရိပ်တွေနဲ့ အလှူအပြုခဲ့တဲ့ အကြောင်းလေးတွေကို ပရိသတ်တွေလည်း ကုသိုလ် အတူ ဝေမျှယူနိုင်အောင် သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ တင်ပေးလေ့ရှိပါတယ်..။ ဒီနေ့ ဧပြီလ (၅)ရက်နေ့မှာတော့ နေမင်းက “လူပျိုကြီးဆိုတာ အလှူလေးလှူတာတောင် တစ်ယောက်တည်း အဖော် မဲ့ အားငယ်ရတဲ့ဘဝပါ..။” ဆိုပြီး သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်..။

မိသားစုလိုက် အလှူမှာ သူတစ်ယောက်တည်း နာမည်မှာ နောက်တွဲ ပါရမီဖြည့်ဖက် နာမည်မပါရတဲ့ လူပျိုကြီး ခံစားချက်လေးကို ရင်ဖွင့်တင်လာခဲ့တာပဲဖြစ်ပါတယ်နော် ပရိသတ်ကြီး..။ Cele Connections ပရိသတ်ကြီးလည်း လူပျိုကြီး နေမင်းကို အားပေးရင် မှတ်ချက်လေးတွေ ရေးပေးခဲ့ပါဦးနော်..။
Source: Nay Min’s Facebook

Sakura(Cele Connections)

error: Alert: Content is protected !!