

 

 

 


 

 

 



ယူနီကုဒ်ဖြင့် ဖတ်ရန်

“မိခင်ဖြစ်သူနဲ့ ရှိခဲ့တဲ့ ငယ်ဘဝအမှတ်တရလေးတွေကို ချပြလာတဲ့ ယုန်လေး”

အနုပညာနဲ့ ပတ်သက်ရင် ဘက်စုံတော်တဲ့ အဆိုတော် သရုပ်ဆောင် ဒါရိုက်တာ ယုန်လေးကိုတော့ Cele Connections ပရိသတ်ကြီးလည်း ချစ်ခင် ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်နော်..။ အုပညာအပေါ် ရူးသွပ်တဲ့ စိတ်တွေနဲ့ သူ့ရဲ့ ဘဝမှာ အနုပညာအလုပ်တွေကို လုပ်ပြီး နေနေရတာကို သဘောအကျဆုံးဖြစ်ပြီး ပရိသတ်တွေရှေ့ အကောင်းဆုံးချပြနိုင်အောင် ကြိုးစားတဲ့သူတစ်ယောက်လို့ ပြောရင်မှားမယ် မထင်ပါဘူး..။

 

 

ယုန်လေးဟာ သူ့ရဲ့အနုပညာတွေအပေါ် ဝေဖန်မှုတွေကို လက်ခံကာ အကောင်းဆုံးကြိုးစားပြင်ဆင်ပြီး ပရိသတ်တွေကို အံ့သြအောင် လုပ်နိုင်တဲ့သူလို့ ပြောရမှာပါ..။ ယုန်လေးက သူ့ရဲ့ အနုပညာလှုပ်ရှားမှုပုံရိပ်လေးတွေကို ပရိသတ်တွေအတွက် လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လေ့ရှိပါတယ်..။ ဒီနေ့ ဧပြီလ (၅)ရက်နေ့ မှာတော့ မိခင်ဖြစ်သူနဲ့ သူ့ရဲ့ ရှားပါးပုံရိပ်လေးတွေနဲ့အတူ ငယ်ဘဝပုံရိပ်လေးတွေထဲက အမှတ်တရလေးတွေကို “ကလေးလေးတုန်းက ပိုချစ်ဖို့ကောင်းသလိုပဲ .။ ယုန်သွား အကြီးကြီး နဲ့ လုပ်ထားတဲ့ အသက် (၂၂) လောက်က ဓာတ်ပုံ အမှန် နော် .။ Challenge တွေ တုန်းက ပုံတွေ ရှာမတွေ့လို့” ဆိုပြီး သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်..။

 

 

ယုန်လေးက ပုံတစ်ပုံချင်းစီမှာ ရှိခဲ့တဲ့ ငယ်ဘဝအမှတ်တရအကြောင်းလေးတွေကို တစ်ခုချင်းစီရေးကာ တင်လာခဲ့တာပဲဖြစ်ပါတယ်..။ Cele Connections ပရိသတ်ကြီးအတွက်လည်း ယုန်လေးရဲ့ ငယ်ဘဝပုံရိပ်အမှတ်တရပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေး လိုက်ပါတယ်နော်..။
Source: Yone Lay’s Facebook

Sakura(Cele Connections)

error: Alert: Content is protected !!