ဗီဒီယိုေခတ္သာေကာင္းေနရင္ ဒီလုိအခ်ိန္ အလွဴေတြအရမ္းလုပ္ျဖစ္မယ္ဆိုတဲ့အေၾကာင္း စိတ္မေကာင္းစြာရင္ဖြင့္လာတဲ့ ေဇရဲထက္

သရုပ္ေဆာင္ ေဇရဲထက္ကေတာ့ ဗီဒီယိုေတြ ေခတ္ေကာင္းစဥ္က ေတာ္ေတာ္ေလးရိုက္ကူးခဲ့ရျပီး အေအာင္ျမင္ဆံုးလို့ေတာင္ ဆိုနိုင္ပါတယ္။ ဗီဒီယိုေလာကေခတ္ပ်က္သြားခ်ိန္မွာေတာ့ ေဇရဲထက္္က အရင္ကေလာက္ အလုပ္ေတြမလုပ္ေတာ့ပဲ အနားယူေနလ်က္ရိွတာကို ေတြ့ရပါတယ္။ ဒီေန့မွာေတာ့ ေဇရဲထက္က အခုလို Covid – 19 ကပ္ေရာဂါေၾကာင့္ ဒုကၡေရာက္ေနက်ခ်ိန္ အရင္လို ဗီဒီယိုေခတ္သာေကာင္းေနရင္ အလွဴေတြလုပ္ျဖစ္မယ့္အေၾကာင္းကို ရင္ဖြင့္လာပါတယ္။

 

 

“ဒီအခ်ိန္မွာ videoေခတ္ေလးသာေကာင္းရင္ အရမ္းလႉမိမွာ အခုေတာ့ ကိုယ့္ရွိတာေလးနဲ႔ေအာင္းေနရတယ္။ (၁)အရင္တုန္းကဆို ေရေဘး လိုက္မေကာက္ရံပုံေငြရွာမေနဘူး တကားစာ ၄၅သိန္း ဖက္ခနဲ(ေရႊေစ်း ၆၅၀၀၀၀) ျပည္သူေတြဒုကၡမေပးခ်င္။ (၂)ရွင္မျပဳႏိုင္တဲ့လူေလးေတြကို ၂၄ပါးျပဳေပးႏိုင္ခဲ ေရႊေစ်း (၆၅၀၀၀၀)သိန္း ၇၀နီးပါး။ (၃)ႏိုင္ငံအခြန္ေပးေဆာင္တာပ်က္ကြက္မႈ့မရွိ ဒါေတာင္ အလကား႐ိုတ္ေပးခဲ့ရတဲ့ videoကားေတြကိုအခြန္မေဆာင္သြားလို႔ ေရာၿပီးေဆာင္ခဲ့ရတာပါရွိေသး။”

 

 

“(၄)ေခတ္ပ်တ္ေနတာေတာင္ ႐ွဳံးမွန္းသိသိရက္နဲ႔ ဇာတ္ပို႔ေတြ အလုပ္မရွိဘူးၾကားေတာ့ သူတို႔အႏုပညာလည္းျပ အလုပ္လည္းရသေဘာနဲ႔ လန္က႐ူဆာ တစ္စီးေရာင္းၿပီး ဇာတ္ကားသုံးကား႐ိုတ္ေပးခဲ့ အခုထိ ပလုံ ေက်နပ္ပါတယ္ ကိုယ့္ေၾကာင့္ခဏတာေပ်ာ္ခြင့္ရတယ္ေလ။ အခုဆိုနားေနတာ ၂ႏွစ္နီးပါး အျပင္အလုပ္ေလးနဲ႔ပဲြတတ္ေလးနဲ႔စားေနလို႔သာ အခုခ်ိန္အရမ္းတလကိုသိန္းေထာင္ခ်ီရၿပီး တလ တလ အရမ္းရေနေသာ လူႀကီးလူေကာင္းမ်ားကိုၾကည့္ေနတယ္။ ဘာေတြလုပ္ေနလည္းဟင္ (မနာလ္ိုျခင္းမဟုတ္ ေျပာလိုက္ရင္ ဘဝတစ္ခုမွာသူတို႔ပဲ ဘုရင္ေတြ လိုျဖစ္ေနလို႔ပါ )”

 

 

“ထပ္ေရးရင္အကုန္ပါကုန္မယ္။ ကိုယ္ေတြကေတာ့ရွင္းတယ္။ ဆန္ဆီေလွာင္ထားတယ္။ အေျခအေနတခုေရာက္ရင္ ခ်က္ျပဳတ္လႉဒါန္းဖို႔ အရင္လို အခုသူမ်ားေတြလို အရမ္းအရမ္းရေနရင္ေတာ့ လွည့္ၾကည့္မေနဘူး အကုန္လိုအပ္တာ လုပ္မွာ။ အခုေတာ့ တခ်ဳိ့ေတာ့လႉၾကပါတယ္ ဝမ္းသာပီတိျဖစ္မိပါတယ္။ လႉခ်င္လိုက္တာ ဆိုၿပီး ေျပာ႐ုံမွတပါး ငါ့ႏွယ္ ႏွာေခါင္းျပင္ၿပီးမွ ပိုဆိုးေနတယ္ေခတ္က။ ဒါေတာင္ ဟိုေၾကးဒီေၾကးအလႉခံၾကတာမပါေသးသလို ေရကန္ေတြဘာေတြေဆာက္တာမပါေသး (အဆဲခံခ်င္လို႔ေရးတာမဟုတ္ သိသင့္သိထိုက္တယ္ထင္လို႔ )ဆဲျပန္ဆဲမယ္ ငါကသာမန္လူလိုခံယူထားတဲ့တစ္ေယာက္)” ဆိုျပီး ရင္ဖြင့္လာပါတယ္။

 

 

ေဇရဲထက္ကေတာ့ အရင္လို အလွဴေတြ ၾကီးၾကီးက်ယ္က်ယ္ မလုပ္နိုင္ေပမယ့္ သူ့အိမ္မွာငွားေနတဲ့သူေတြကို အိမ္လခေလ်ာ့ယူျခင္း၊ ဆန္ဆီဆား ေဝငွျခင္းတို့ကို ျပဳလုပ္ခဲ့တာပဲ ျဖစ္ပါတယ္။ ပရိသတ္ၾကီးလည္း ေဇရဲထက္တစ္ေယာက္ အရင္လို ဇာတ္ကားေတြျပန္ရိုက္ဖို့ ေမွ်ာ္လင့္ေနၾကမယ္ ထင္ပါတယ္။

 

 

Source: Zay Ye Htet’s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

ဗီဒီယိုခေတ်သာကောင်းနေရင် ဒီလိုအချိန် အလှူတွေအရမ်းလုပ်ဖြစ်မယ်ဆိုတဲ့အကြောင်း စိတ်မကောင်းစွာရင်ဖွင့်လာတဲ့ ဇေရဲထက်

သရုပ်ဆောင် ဇေရဲထက်ကတော့ ဗီဒီယိုတွေ ခေတ်ကောင်းစဉ်က တော်တော်လေးရိုက်ကူးခဲ့ရပြီး အအောင်မြင်ဆုံးလို့တောင် ဆိုနိုင်ပါတယ်။ ဗီဒီယိုလောကခေတ်ပျက်သွားချိန်မှာတော့ ဇေရဲထက်က အရင်ကလောက် အလုပ်တွေမလုပ်တော့ပဲ အနားယူနေလျက်ရှိတာကို တွေ့ရပါတယ်။ ဒီနေ့မှာတော့ ဇေရဲထက်က အခုလို Covid – 19 ကပ်ရောဂါကြောင့် ဒုက္ခရောက်နေကျချိန် အရင်လို ဗီဒီယိုခေတ်သာကောင်းနေရင် အလှူတွေလုပ်ဖြစ်မယ့်အကြောင်းကို ရင်ဖွင့်လာပါတယ်။

“ဒီအချိန်မှာ videoခေတ်လေးသာကောင်းရင် အရမ်းလှူမိမှာ အခုတော့ ကိုယ့်ရှိတာလေးနဲ့အောင်းနေရတယ်။ (၁)အရင်တုန်းကဆို ရေဘေး လိုက်မကောက်ရံပုံငွေရှာမနေဘူး တကားစာ ၄၅သိန်း ဖက်ခနဲ(ရွှေဈေး ၆၅၀၀၀၀) ပြည်သူတွေဒုက္ခမပေးချင်။ (၂)ရှင်မပြုနိုင်တဲ့လူလေးတွေကို ၂၄ပါးပြုပေးနိုင်ခဲ ရွှေဈေး (၆၅၀၀၀၀)သိန်း ၇၀နီးပါး။ (၃)နိုင်ငံအခွန်ပေးဆောင်တာပျက်ကွက်မှု့မရှိ ဒါတောင် အလကားရိုတ်ပေးခဲ့ရတဲ့ videoကားတွေကိုအခွန်မဆောင်သွားလို့ ရောပြီးဆောင်ခဲ့ရတာပါရှိသေး။”

“(၄)ခေတ်ပျတ်နေတာတောင် ရှုံးမှန်းသိသိရက်နဲ့ ဇာတ်ပို့တွေ အလုပ်မရှိဘူးကြားတော့ သူတို့အနုပညာလည်းပြ အလုပ်လည်းရသဘောနဲ့ လန်ကရူဆာ တစ်စီးရောင်းပြီး ဇာတ်ကားသုံးကားရိုတ်ပေးခဲ့ အခုထိ ပလုံ ကျေနပ်ပါတယ် ကိုယ့်ကြောင့်ခဏတာပျော်ခွင့်ရတယ်လေ။ အခုဆိုနားနေတာ ၂နှစ်နီးပါး အပြင်အလုပ်လေးနဲ့ပွဲတတ်လေးနဲ့စားနေလို့သာ အခုချိန်အရမ်းတလကိုသိန်းထောင်ချီရပြီး တလ တလ အရမ်းရနေသော လူကြီးလူကောင်းများကိုကြည့်နေတယ်။ ဘာတွေလုပ်နေလည်းဟင် (မနာလိုခြင်းမဟုတ် ပြောလိုက်ရင် ဘဝတစ်ခုမှာသူတို့ပဲ ဘုရင်တွေ လိုဖြစ်နေလို့ပါ )”

“ထပ်ရေးရင်အကုန်ပါကုန်မယ်။ ကိုယ်တွေကတော့ရှင်းတယ်။ ဆန်ဆီလှောင်ထားတယ်။ အခြေအနေတခုရောက်ရင် ချက်ပြုတ်လှူဒါန်းဖို့ အရင်လို အခုသူများတွေလို အရမ်းအရမ်းရနေရင်တော့ လှည့်ကြည့်မနေဘူး အကုန်လိုအပ်တာ လုပ်မှာ။ အခုတော့ တချို့တော့လှူကြပါတယ် ဝမ်းသာပီတိဖြစ်မိပါတယ်။ လှူချင်လိုက်တာ ဆိုပြီး ပြောရုံမှတပါး ငါ့နှယ် နှာခေါင်းပြင်ပြီးမှ ပိုဆိုးနေတယ်ခေတ်က။ ဒါတောင် ဟိုကြေးဒီကြေးအလှူခံကြတာမပါသေးသလို ရေကန်တွေဘာတွေဆောက်တာမပါသေး (အဆဲခံချင်လို့ရေးတာမဟုတ် သိသင့်သိထိုက်တယ်ထင်လို့ )ဆဲပြန်ဆဲမယ် ငါကသာမန်လူလိုခံယူထားတဲ့တစ်ယောက်)” ဆိုပြီး ရင်ဖွင့်လာပါတယ်။

ဇေရဲထက်ကတော့ အရင်လို အလှူတွေ ကြီးကြီးကျယ်ကျယ် မလုပ်နိုင်ပေမယ့် သူ့အိမ်မှာငှားနေတဲ့သူတွေကို အိမ်လခလျော့ယူခြင်း၊ ဆန်ဆီဆား ဝေငှခြင်းတို့ကို ပြုလုပ်ခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ဇေရဲထက်တစ်ယောက် အရင်လို ဇာတ်ကားတွေပြန်ရိုက်ဖို့ မျှော်လင့်နေကြမယ် ထင်ပါတယ်။

Source: Zay Ye Htet’s fb
Bilie – Cele Connections

error: Alert: Content is protected !!