ယူနီကုဒ်ဖြင့် ဖတ်ရန်
“ဗိုင်းရပ်စ်ရန်အပြင် သူခိုးရန်၊ ဓားပြရန်ကိုပါ သတိထားကြဖို့ သတိပေးလိုက်တဲ့ တင်ဇာမော်”
နာမည်ကြီး အဆိုတော်တစ်ဦးဖြစ်တဲ့ တင်ဇာမော်ကိုတော့ Cele Connections ပရိသတ်ကြီးနဲ့ အထူးအထွေပြောစရာမလိုအောင် ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်နော်..။ အသံပါဝါအားကောင်းကောင်းနဲ့ ပရိသတ်တွေရဲ့ ရင်ကို လှုပ်ခတ်အောင် လုပ်ဆောင်နိုင်ပြီး အနာဂတ်ရဲ့ ဂီတ မျိုးဆက်သစ်တွေကိုလည်း လက်တွဲဖေးမကာ ခေါ်ဆောင်တဲ့ စီနီယာကောင်းတစ်ယောက် ဆိုရင်လည်း မှားမယ် မထင်ပါဘူး..။ တင်ဇာမော်ဟာ သားတစ်ယောက်၊ သမီးတစ်ယောက်နဲ့ ပျော်ရွှင်အေးချမ်းတဲ့ မိသားစုဘဝကို ပိုင်ဆိုင်ထားပြီး သူမချစ်တဲ့ ဂီတအနုပညာအလုပ်တွေကို လုပ်ကိုင်နေတဲ့သူပါ..။
တင်ဇာမော်ဟာ လက်ရှိ ဖြစ်ပျက်နေတဲ့ ဗိုင်းရပ်စ်ပိုးအန္တရာယ်ကနေ ရှောင်ရှားနိုင်ဖို့ နည်းလမ်းတွေကို သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ပရိသတ်တွေအတွက် မျှဝေတင်ပေးလေ့ရှိပါတယ်..။ ဒီနေ့ ဧပြီလ (၅)ရက်နေ့မှာတော့ တင်ဇာမော်က “လောလောဆယ် သတိထားရမှာက Covid19 ကပ်ရောဂါအပြင် သူခိုးရန် ဓားပြရန်။ အားလုံးသတိ နဲ့ နေကြပါ။” ဆိုပြီး သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်..။
ဗိုင်းရပ်စ်ပိုးကြောင့် စီးပွားရေးလုပ်ငန်းတစ်ချို့ ရပ်နားထားရသလို အလုပ်လက်မဲ့သွားရပြီး မကောင်းတဲ့စိတ်နဲ့ အချောင်ခို လုပ်တတ်တဲ့ လူတွေကြောင့် ဖြစ်လာမယ့် အရေးတွေအတွက် သတိနဲ့ နေကြဖို့ကို သူမရဲ့ ပရိသတ်တွေကို သတိပေးပြောလိုက်တာပဲဖြစ်ပါတယ်နော် ပရိသတ်ကြီးရေ..။ Cele Connections ပရိသတ်ကြီးအတွက်လည်း တင်ဇာမော် သတိပေးတဲ့ ဗိုင်းရပ်စ်ပိုးရန်ကရော သူခိုးရန်၊ ဓားပြရန် ကိုပါ သတိနဲ့ ရှောင်ရှားနိုင်ဖို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်..။
Source: Tin Zar Maw’s Facebook
Sakura(Cele Connections)
error: Alert: Content is protected !!