Source: Khin Hlaing’s fb
ယူနီကုဒ်ဖြင့်ဖတ်ရန်
ဆိုင်တစ်ဆိုင်စာလောက်ရှိတဲ့ ဆန်အိတ်တွေကို မွေးနေ့မှာလှူဖို့အတွက် ပြင်ဆင်နေတဲ့ ခင်လှိုင်
နာမည်ကြီး ဇာတ်ပို့သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ ခင်လှိုင်ဟာ အကယ်ဒမီဆုကြီးနဲ့ အကြိမ်ကြိမ် လွဲချော်နေရပေမယ့် တစ်နေ့ထက်တစ်နေ့ ပရိသတ်အားပေးမှုကို တိုးပြီး ရရှိလာတာပဲ ဖြစ်ပါတယ်။ ခင်လှိုင်က နာမည်ကြီးသရုပ်ဆောင်တစ်ယောက်ပီပီ သူရှာဖွေရသမျှ ငွေကြေးအတော်များများကို အလှူအတန်းတွေ ရက်ရက်ရောရော ပြုလုပ်လေ့ရှိသူတစ်ယောက် ဖြစ်ပါတယ်။
ဒီနေ့မှာလည်း ခင်လှိုင်က မကြာခင်ကျရောက်တော့မယ့် သူ့ရဲ့ မွေးနေ့မှာ လှူဖို့တန်းဖို့ ပြင်ဆင်နေကြောင်းကို “ဆန်ဆိုင်မဟုက်ဘူးနော် …မွေးနေ့မှာ လှူဖို့အတွက်ကြိုတင်ပြင်ဆင်နေတာပါ။ ဒီနှစ်ကစတုဒီသာကြွေးလိုမရလောက်ဘူးလေ။ လူစုလူဝေးမလုပ်ရဘူး။ ရသလိုလေးလှူမယ်ဗျာ” ဆိုပြီး ပရိသတ်တွေ ပီတိဖြစ်ရအောင် မျှဝေထားပါတယ်။
ခင်လှိုင်ကတော့ နှစ်စဉ်နှစ်တိုင်း သူ့ရဲ့မွေးနေ့မှာ တစ်နေကုန် စတုဒိသာကျွေးမွေးလေ့ရှိပြီး ဒီနှစ်မှာတော့ ကျန်းမာရေးအခြေအနေတွေကြောင့် ဆန်တွေကိုပဲ လှူဒါန်းသွားမှာ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ခင်လှိုင်ရဲ့ ဆန်အလှူကြီးကိုကြည့်ပြီး ပီတိတွေဖြစ်နေကြမယ် ထင်ပါတယ်နော်။
Source: Khin Hlaing’s fb
Bilie – Cele Connections
error: Alert: Content is protected !!