႐ုံတင္မယ့္ကားေတြမ်ားတာေၾကာင့္ မ်က္စိမေနာက္ဖို႕ ေတာင္းပန္လိုက္တဲ့ ေနတိုး

ေနတိုးကေတာ့ ျမန္မာ့႐ုပ္ရွင္ေလာကရဲ႕ ႏိုင္ငံေက်ာ္ ထိပ္တန္းမင္းသားတစ္လက္အျဖစ္ ေအာင္ျမင္ေက်ာ္ၾကားသူတစ္ေယာက္ျဖစ္ပါတယ္။ သူဟာ အႏုပညာအလုပ္ကုိ ခ်စ္ျမတ္ႏုိး႐ူးသြပ္သူတစ္ေယာက္ျဖစ္တာေၾကာင့္ မင္းသားတစ္ေယာက္အျဖစ္သာမက ေတးသီခ်င္းေတြကုိလည္း ရံဖန္ရံခါသီဆိုေလ့ရွိသလို ပန္းခ်ီဆဲြလည္းသိပ္ေတာ္သူ တစ္ေယာက္ျဖစ္ပါတယ္။ ေနတိုးပါ၀င္သ႐ုပ္ေဆာင္ထားတဲ့ ႐ုပ္ရွင္ဇာတ္ကားေတြကလည္း တစ္ကားဆုိ တစ္ကားဆုိသေလာက္ ပရိသတ္ရင္ထဲထိေစတာမို႔  တစ္ႏုိင္ငံလုံးအတိုင္းအတာနဲ႔ ပရိသတ္ေတြက သူ႔ကုိ အၿမဲအားေပး၀န္းရံၾကတာပါ။ ေနတိုးက မၾကာခင္႐ုံတင္ျပသေတာ့မယ့္ ကေလးသူငယ္ေတြနဲ႔ ပတ္သက္တဲ့ ယေန႔ေခတ္အေျခအေနကုိ ထင္ဟပ္ျပသထားတဲ့ ဇာတ္ကားတစ္ကားျဖစ္တဲ့ “ေသတၱာအမွတ္(၈၈)”မွာလည္း  ပါ၀င္သ႐ုပ္ေဆာင္ထားပါေသးတယ္။

 

ပရိသတ္အားေပးမႈကုိ ႏွစ္ေပါင္းမ်ားစြာၾကာသည့္တုိင္ေအာင္ ထိန္းသိမ္းထားႏုိင္တဲ့ ေနတုိးဟာ လူမႈကြန္ရက္စာမ်က္ႏွာထက္မွာလည္း သူ႔႔ရဲ႕အႏုပညာလႈပ္ရွားမႈေတြကုိ ပရိသတ္ေတြဆီ ခ်ျပေလ့ရွိသူပါ။ ေနတိုးဟာ ဒိတ္ဒိတ္ႀကဲေအာင္ျမင္မႈေတြနဲ႔အတူ လတ္တေလာ႐ုံတင္မယ့္ ဇာတ္ကားႀကီးေတြမွာလည္း သူပါ၀င္သ႐ုပ္ေဆာင္ထားတဲ့ ဇာတ္ကားေတြက အမ်ားအျပားပါ၀င္ေနပါတယ္။  အဲဒါနဲ႔ပတ္သက္ၿပီးေတာ့လည္း “အခုတေလာ႐ုံတင္ျပသမယ့္ ကားေတြမ်ားေတာ့ အမွတ္တရဓာတ္ပုံေတြကလည္း မ်ားၿပီေပါ့။ ပုိ႕စ္ေတြ ဓာတ္ပုံေတြတင္တာမ်ားသြားလုိ႔ မ်က္စိေနာက္တယ္ဆုိလည္း အားမနာနဲ႔ comment မွာ ေျပာသာေျပာခဲ့ပါ။ ပရိသတ္အားလုံးကုိ ေက်းဇူးတင္ပါတယ္”….လို႔ သူ႔႔ရဲ႕လူမႈကြန္ရက္ စာမ်က္ႏွာထက္ကေန မ်ွေ၀ခဲ့ပါေသးတယ္။ ပရိသတ္ေတြအေပၚ အေလးထားဆက္ဆံတတ္တဲ့ ေနတုိးကုိ သူ႔ပရိသတ္ေတြကေတာ့ အခ်စ္ေတြပုိတုိးလုိ႔ေနၾကပါၿပီ။

 

ေနတိုးကုိ အၿမဲအားေပး၀န္းရံေနၾကတဲ့ တစ္ႏုိင္ငံလုံးက ပရိသတ္ထုႀကီးကေတာ့ သူ႔ရဲ႕အႏုပညာလႈပ္ရွားမႈ အမွတ္တရပုံရိပ္ေလးေတြကုိ ဒီထက္မက တင္ေပးေစခ်င္ေၾကာင္း မွတ္ခ်က္ေတြေပးခဲ့ၾကပါတယ္။ Cele Connections ပရိသတ္ႀကီးကေရာ မင္းသားေခ်ာ ေနတိုးရဲ႕ မၾကာခင္ထြက္ရွိလာေတာ့မယ့္ ႐ုပ္ရွင္ဇာတ္ကားႀကီးေတြကုိ အားေပးဖုိ႔အဆင္သင့္ျဖစ္ေနၾကၿပီလား ????

Source – Nay Toe

Lavender

ယူနီကုဒ္ျဖင့္ဖတ္ရန္

 

ရုံတင်မယ့်ကားတွေများတာကြောင့် မျက်စိမနောက်ဖို့ တောင်းပန်လိုက်တဲ့ နေတိုး

နေတိုးကတော့ မြန်မာ့ရုပ်ရှင်လောကရဲ့ နိုင်ငံကျော် ထိပ်တန်းမင်းသားတစ်လက်အဖြစ် အောင်မြင်ကျော်ကြားသူတစ်ယောက်ဖြစ်ပါတယ်။ သူဟာ အနုပညာအလုပ်ကို ချစ်မြတ်နိုးရူးသွပ်သူတစ်ယောက်ဖြစ်တာကြောင့် မင်းသားတစ်ယောက်အဖြစ်သာမက တေးသီချင်းတွေကိုလည်း ရံဖန်ရံခါသီဆိုလေ့ရှိသလို ပန်းချီဆွဲလည်းသိပ်တော်သူ တစ်ယောက်ဖြစ်ပါတယ်။ နေတိုးပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ဇာတ်ကားတွေကလည်း တစ်ကားဆို တစ်ကားဆိုသလောက် ပရိသတ်ရင်ထဲထိစေတာမို့  တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ပရိသတ်တွေက သူ့ကို အမြဲအားပေးဝန်းရံကြတာပါ။ နေတိုးက မကြာခင်ရုံတင်ပြသတော့မယ့် ကလေးသူငယ်တွေနဲ့ ပတ်သက်တဲ့ ယနေ့ခေတ်အခြေအနေကို ထင်ဟပ်ပြသထားတဲ့ ဇာတ်ကားတစ်ကားဖြစ်တဲ့ “သေတ္တာအမှတ်(၈၈)”မှာလည်း  ပါဝင်သရုပ်ဆောင်ထားပါသေးတယ်။

ပရိသတ်အားပေးမှုကို နှစ်ပေါင်းများစွာကြာသည့်တိုင်အောင် ထိန်းသိမ်းထားနိုင်တဲ့ နေတိုးဟာ လူမှုကွန်ရက်စာမျက်နှာထက်မှာလည်း သူ့ရဲ့အနုပညာလှုပ်ရှားမှုတွေကို ပရိသတ်တွေဆီ ချပြလေ့ရှိသူပါ။ နေတိုးဟာ ဒိတ်ဒိတ်ကြဲအောင်မြင်မှုတွေနဲ့အတူ လတ်တလောရုံတင်မယ့် ဇာတ်ကားကြီးတွေမှာလည်း သူပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားတွေက အများအပြားပါဝင်နေပါတယ်။  အဲဒါနဲ့ပတ်သက်ပြီးတော့လည်း “အခုတလောရုံတင်ပြသမယ့် ကားတွေများတော့ အမှတ်တရဓာတ်ပုံတွေကလည်း များပြီပေါ့။ ပို့စ်တွေ ဓာတ်ပုံတွေတင်တာများသွားလို့ မျက်စိနောက်တယ်ဆိုလည်း အားမနာနဲ့ comment မှာ ပြောသာပြောခဲ့ပါ။ ပရိသတ်အားလုံးကို ကျေးဇူးတင်ပါတယ်”….လို့ သူ့ရဲ့လူမှုကွန်ရက် စာမျက်နှာထက်ကနေ မျှဝေခဲ့ပါသေးတယ်။ ပရိသတ်တွေအပေါ် အလေးထားဆက်ဆံတတ်တဲ့ နေတိုးကို သူ့ပရိသတ်တွေကတော့ အချစ်တွေပိုတိုးလို့နေကြပါပြီ။

နေတိုးကို အမြဲအားပေးဝန်းရံနေကြတဲ့ တစ်နိုင်ငံလုံးက ပရိသတ်ထုကြီးကတော့ သူ့ရဲ့အနုပညာလှုပ်ရှားမှု အမှတ်တရပုံရိပ်လေးတွေကို ဒီထက်မက တင်ပေးစေချင်ကြောင်း မှတ်ချက်တွေပေးခဲ့ကြပါတယ်။ Cele Connections ပရိသတ်ကြီးကရော မင်းသားချော နေတိုးရဲ့ မကြာခင်ထွက်ရှိလာတော့မယ့် ရုပ်ရှင်ဇာတ်ကားကြီးတွေကို အားပေးဖို့အဆင်သင့်ဖြစ်နေကြပြီလား ????

Source – Nay Toe

Lavender

error: Alert: Content is protected !!